အပိုင်းတစ်။ ကျိုး​ကြောင်းဆင်​ခြင်​မှုနှင့်​မဆင်​ခြင်​မှု

Part one of a Burmese translation of Reason and Revolt, by Ted Grant and Alan Woods.

[Source]

၁။မိတ်​ဆက်

ကျွန်​​တော်​တို့ဟာ သမိုင်း​ကြောင်းအရ ​ပြောင်းလဲမှုကြီးကြီးမားမားဖြစ်​​ပေါ်​တော့မဲ့ ကာလတစ်​ခုမှာ​နေထိုင်​​နေကြ တာဖြစ်​တယ်​။ နှစ်​​လေးဆယ်​​လောက်​ကြာမြင့်​တဲ့ စီးပွား​ရေးတိုးတက်​ဖြစ်​ထွန်းမှု​တွေ အပြီးမှာ​တော့​ ဈေးကွက်​စီးပွား​ရေးဟာ သူ့ရဲ့ကန့်​သတ်​ချက်​ဆီ​ရောက်​လာပြန်​ပါပြီ။ ရက်​စက်​ကြမ်းကြုတ်​တဲ့ပြစ်​မှု​တွေ ကျုးလွန်​ခဲ့​ပေမဲ့ လည်းအရင်းရှင်​စနစ်​က ​ပေါ်ထွန်းကာစမှာ​တော့ ကုန်​ထုတ်​လုပ်​မှုစွမ်းအား​တွေကိုမြှင့်​တင်​​ ပြောင်းလဲ​ပေးခဲ့ပါ တယ်​။ ဒါက​နောင်​​ပေါ်ထွန်းမဲ့လူ့အဖွဲ့အစည်းစနစ်​တစ်​ခုရဲ့ အ​ခြေခံအုတ်​မြစ်​ဖြစ်​ပါတယ်​။ ပထမကမ္ဘာစစ်​နဲ့ရှရှား​တော်​လှန်​​ရေးက အရင်းရှင်​စနစ်​ရဲ့အခန်းကဏ္ဍဟာ​ ပြောင်းလဲသွားပြီဖြစ်​​ကြောင်း​ဖော်​ပြခဲ့ပါတယ်​။ အရင်းရှင်​စနစ်​ဟာ ကုန်​ထုတ်​လုပ်​မှုစွမ်းအား​တွေကို တိုးတက်​​ပြောင်းလဲ​စေခဲ့​ပေမဲ့ အခုချိန်​မှာ​တော့စီးပွား​ရေးနဲ့လူမှု​ရေး တိုးတက်​​ပြောင်းလဲမှုအတွက်​ ကြီးမားတဲ့အဟန့်​အတားတစ်​ခုဖြစ်​လာ​နေပါပြီ။ ၁၉၄၈-၇၃အထိဖြစ်​​ပေါ်ခဲ့တဲ့ အ​နောက်​နိုင်​ငံ​တွေက စီးပွား​ရေးတိုးတက်​မှု​တွေဟာ အရင်းရှင်​စနစ်​ရဲ့အရုဏ်​ဦးတစ်​ခုလိုဖြစ်​ခဲ့ပါ​သေးတယ်​။ ဒါ​တောင်​မှပဲ အကျိုးအမြတ်​​တွေက လက်​တစ်​ဆုပ်​အရင်းရှင်​နိုင်​ငံကြီး​တွေရဲ့ လက်​ထဲမှာပဲရှိ​နေခဲ့တာပါ။ တတိယ ကမ္ဘာမှာ​နေထိုင်​ကြတဲ့ လူဦး​ရေရဲ့သုံးပုံနှစ်​ပုံအတွက်​က​တော့ အလုပ်​လက်​မဲ့များပြားမှု၊ ဆင်းရဲမွဲ​တေမှု၊ စစ်​ပွဲ​တွေနဲ့ ဗိုလ်​ကျစိုးမိုးခံရမှု​တွေပဲပြည့်​​နေခဲ့ပါတယ်​။ ဒီကာလဟာလည်း 1973-4မှာ ဖြစ်​ခဲ့တဲ့​ လောင်​စာဆီအကျပ်​အတည်း​တွေနဲ့ အဆုံးသတ်​သွားခဲ့ပါတယ်​။အဲ့ဒီအချိန်​ကစပြီး​တော့စစ်​ပြီး​ခေတ်​မှာရှိခဲ့တဲ့ ဖွံဖြိုးမှုနဲ့ အလုပ်​အကိုင်​​ပေါများမှု​တွေဆီ ပြန်​မ​ရောက်​နိုင်​​တော့တာ ယ​နေ့အထိပါပဲ။

လူမှုစနစ်​တစ်​ခုရဲ့ယဉ်​​ကျေးမှုယိုယွင်းပျက်​စီးလာမှုဟာ ဒီစနစ်​ရဲ့ ပြန်​အဖတ်​ဆည်​မရ​တော့တဲ့ ကျဆင်းမှု အ​ခြေအ​နေကို​ဖော်​ပြ​နေပါတယ်​။ ဒါ​တွေဟာ နည်းမျိုးစုံနဲ့ လူ​တွေအ​ပေါ်ထင်​ဟပ်​လာပါတယ်​။ အနာဂတ်​နဲ့ ပက်​သတ်​ပြီး အဆိုးမြင်​​ဝေဖန်​မှု​တွေနဲ့ စိတ်​ပျက်​လက်​ပျက်​ဖြစ်​လာမှု​တွေက လူ​တွေကြားမှာ ပြန့်​နှံလာပါတယ်​။ အထူးသဖြင့်​​တော့ ပညာ​တက်​​တွေထဲမှာပါ။ ယခင်​က လူသားရဲ့တိုးတက်​ဖြစ်​ထွန်းမှုနဲ့ ဆင့်​ကဲ​ပြောင်းလဲမှုအ​ကြောင်း ယုံယုံကြည်​ကြည်​ ​ပြောဆိုကြသူ​တွေက ဒီက​နေ့မှာ​တော့ အ​မှောင်​အမိုက်​နဲ့ မ​ရေရာမှု​တွေပဲမြင်​လာကြပါ​တော့တယ်​။ နှစ်​ဆယ်​ရာစုဟာ ဆိုးဝါးတဲ့ကမ္ဘာစစ်​ကြီးနှစ်​ခု၊ စီးပွား​ရေးပြိုကျပျက်​စီးမှု​တွေနဲ့ စစ်​နှစ်​ခုအကြားက ဖက်​စစ်​ဝါဒရဲ့ အိမ်​မက်​ဆိုး​တွေကို ကြုံ​တွေ့ခဲ့ရပြီးပါပြီ။ ဒါက အရင်းရှင်​စနစ်​ရဲ့ တိုးတက်​ဖြစ်​ထွန်းမှု​တွေဟာ အတိတ်​မှာကျန်​ခဲ့ပြီဆိုတာ ပြသ​နေတာပါပဲ။

အရင်းရှင်​စနစ်​ယိုယွင်းလာမှုဟာ ဘဝ​တွေအကုန်​လုံးအ​ပေါ် သက်​​ရောက်​မှုရှိပါတယ်​။ စီးပွား​ရေးသက်​သက်​​တောင်​မဟုတ်​ပါဘူး။ ​ငွေ​ကြေးကစားမှု​တွေနဲ့ အကျင့်​ပျက်​ခြစားမှု၊ မူးယစ်​​ဆေးသုံးစွဲမှု​တွေနဲ့ အကြမ်းဖက်​မှု​တွေများပြားလာပါတယ်​။ အလွန်​အမင်းတစ်​ကိုယ်​​ကောင်းဆန်​မှု​တွေနဲ့ သူတစ်​ပါးရဲ့ခံစားရမှုအ​ပေါ် ထူးမခြားနား သ​ဘောထားတာ​တွေက ကိုယ်​ကျင့်​တရားဖြစ်​လို့လာပါတယ်​။ ဘူဇွာမိသားစုအသိုက်​အဝန်းဟာ ယိုယွင်းပျက်​စီးလာ​နေပြီး သူတို့ရဲ့ ကိုယ်​ကျင့်​တရား၊ ယဉ်​​ကျေးမှုနဲ့ အ​တွေးအ​ခေါ်​တွေဟာ ပြိုလဲ​နေပါပြီ။ ဒါ​တွေကလွဲလို့ ဘာများဖြစ်​နိုင်​ဦးမှာလဲ။ အုပ်​စိုးသူလူတန်းစားကိုယ်​တိုင်​က သူတို့ဟာ လူမှုဘဝတိုးတက်​​ရေးအတွက်​ အဟန့်​အတားဖြစ်​​နေပြီဆိုတာ ခံစားသိရှိလာခြင်းဟာ လူမှုစနစ်​တစ်​ခု အကျပ်​အတည်း ဖြစ်​လာခြင်းရဲ့ လက္ခဏာ ​တွေထဲက တစ်​ခုဖြစ်​ပါတယ်​။

လူ့အဖွဲ့အစည်းတစ်​ခုမှာလွမ်းမိုး​နေတဲ့ အ​တွေးအမြင်​​တွေက ​အုပ်​စိုးသူလူတန်းစားရဲ့ အမြင်​ပဲလို့ မာ့က်​စ်​ က​ထောက်​ပြခဲ့ပါတယ်​။ ဘူဇွာ​တွေ ​ရွှေထီး​ဆောင်းခဲ့တဲ့​နေ့ရက်​​တွေတုန်းက​တော့ သူတို့ဟာ လူ့ယဉ်​​ကျေးမှုတိုး တက်​​ရေးမှာတားဆီးကန့်​သတ်​​နေတဲ့အရာ​တွေကို တိုက်​ထုတ်​ရာမှာ အ​ရေးကြီးတဲ့ ကဏ္ဍက​နေပါဝင်​ခဲ့တာပါ။ သူတို့ကိုယ်​တိုင်​ကလည်းဒါကို သိရှိခဲ့ပါတယ်​။ အခုချိန်​မှာ​တော့ အရင်းရှင်​​တွေက အဆိုးမြင်​စိတ်​​တွေနဲ့ပဲ ဗျူ ဟာခင်းကြပါ​တော့တယ်​။ သူတို့ကသမိုင်း​ကြောင်းအရ ပြိုကျ​နေပြီဖြစ်​တဲ့ စနစ်​ကြီးတခုကို ကိုယ်​စားပြုထားသူ​တွေပါ။ ဒါ​ပေမဲ့ ဒါကိုလက်​မခံနိုင်​ပါဘူး။ ဒီလို မ​ကျေမလည်ဖြစ်​လာတဲ့ ပဋိပက္ခ ​တွေဟာ ယ​နေ့​ခေတ်​ဘူဇွာ​တွေရဲ့ ​တွေး​ခေါ်စဉ်းစားမှုအ​ပေါ် လွှမ်းမိုးလာပါတယ်​။ ​ချောက်​ကမ်းပါးအစွန်​မှာရှိ​နေတဲ့ လူတ​ယောက်​ဟာ ကျိုး​ကြောင်းမဆင်​ခြင်နိုင်​​တော့ဘူးလို့ လီနင်​က​ပြောဖူးပါတယ်​။

အသိစိတ်​​နောက်​ကျကျန်​ခဲ့ခြင်း

ယေဘုယျအားဖြင့်​ လူ့အသိစိတ်​ဟာ လူ့အဖွဲ့အစည်းရဲ့ တိုးတက်​ဖြစ်​ထွန်းမှု၊ နည်းပညာနဲ့ ကုန်​ထုတ်​လုပ်​မှု​တိုးတက်​မှု ​တွေရဲ့​နောက်​မှာ ပြတ်​ကျန်​​နေခဲ့တတ်​ပါတယ်​။ အ​လေ့အကျင့်​​တွေ၊ အစဉ်​အလာနဲ့ ဓ​လေ့​​တွေက မာ့က်​စ်​ရဲ့ စကားကိုယူသုံးရရင်​ ​တောင်​ကုန်းတခုလိုပဲ လူသား​တွေရဲ့ စိတ်​အစဉ်​အ​ပေါ်မှာဖိထားတတ်​ပါတယ်​။ သမိုင်းရဲ့ ပုံမှန်​ တည်​ငြိမ်​တဲ့ကာလ​တွေမှာ လူ​တွေက လမ်း​ဟောင်း နည်း​ဟောင်း​တွေအ​ပေါ်မှာပဲ ​ခေါင်းမာ မာနဲ့ဖက်​တွယ်​ထားတတ်​ပါတယ်​။ ဒါက​တော့ကျ​နော်​တို့မျိုးစိတ်​​တွေရဲ့ ဟိုးအရင်​အတိတ်​​တွေဆီကတည်းက အစပြု ဖြစ်​တည်​လာခဲ့တဲ့ ထိန်းသိမ်းထားလိုစိတ်​​ကြောင့်​ပါ။ လူမှု​ရေးရာ​တွေနဲ့ ကိုယ်​ကျင့်​တရား​တွေက မခံမရပ်​နိုင်​​လောက်​တဲ့ ဖိအား​တွေ​အောက်​မှာ ကွဲအက်​လာတဲ့အချိန်​​တွေမှာ​တော့ လူ​တွေက သူတို့​မွေးဖွားလာခဲ့တဲ့ ကမ္ဘာ ကို ပြန်​လည်​​မေးခွန်းထုတ်​လာကြပါတယ်​။ သူတို့ရဲ့ယုံကြည်​မှုနဲ့ ယူဆထားချက်​​တွေကို ပြန်​လည်​ဆန်းစစ်​လာကြပါတယ်​။

ဥ​ရောပဟာ ​မြေရှင်​စနစ်​​အောက်​မှာ ကာလကြာရှည်​စွာ ​​အေးခဲ​နေခဲ့ပါတယ်​။ အရင်းရှင်​စနစ်​စတင်​​ပေါက်​ဖွားလာချိန်​မှာ​တော့ ယဉ်​​ကျေးမှု​တွေနဲ့ စိတ်​ဓာ​တ်​​​တွေပြန်​လည်​နိုးကြားလာခဲ့ပါတယ်​။ သမိုင်း​ကြောင်းအရ တိုးတက်​မှုဆီဦးတည်​​နေခဲ့တုန်းက​တော့ ဘူဇွာလူတန်းစားဟာ ကုန်​ထုတ်​လုပ်​မှု စွမ်းအား​တွေကိုတိုးတက်​​စေခဲ့ပြီး သဘာဝအ​ပေါ် လူသား​တွေရဲ့ လွှမ်းမိုးမှုစွမ်းအားကို တိုးပွား​စေခဲ့ပါတယ်​။ ဒါ့အပြင်​ သိပ္ပံပညာ ၊ ဗဟု သုတ နဲ့ ယဉ်​​ကျေးမှု အဝိုင်းအဝန်းကို ချဲ့ထွင်​​ပေးခဲ့ပါတယ်​။ လူသာ၊ မိုက်​ကယ်​အန်​ဂျလို၊ လီယိုနာဒို၊ ဒူဟာ၊ ​ဘေကွန်​၊ ကတ်​ပလာ၊ ဂယ်​လီလီယို နဲ့ အခြားပညာရှင်​​တွေဟာ ​ပြောင်းလဲနိုးကြားလာတဲ့​ခေတ်​ကြီးက​နေ ဖွင့် လှစ်​​ပေးလိုက်​တဲ့ လူသားယဉ်​​ကျေးမှု နဲ့ သိပ္ပံပညာ ဖွံဖြိုးခြင်း လမ်းမကျယ်​ကြီးကို အလင်း​ရောင်​​ပေးခဲ့တဲ့ ကြယ်​တာရာ​တွေပါပဲ။ ဒါ​ပေမဲ့လည်း ဒီလို ​တော်​လှန်​​ရေးကာလ​​တွေဟာ အလိုအ​လျောက်​ လွယ်​ကူစွာ ဖြစ်​လာခဲ့တာမဟုတ်​ပါဘူး။ တိုးတက်​မှုရဲ့ ​ဈေးနှုန်းက​ ပဋိပက္ခ​တွေပါ။ အသစ်​ကအ​ဟောင်း၊ ရှင်​သန်​ခြင်းက ​သေဆုံးခြင်း၊ အနာဂတ်​​ကအတိတ်​ကို တွန်းလှန်​ခဲ့တဲ့ တိုက်​ပွဲ​တွေ ဖြစ်​ခဲ့ပါတယ်​။

အီတလီ၊ ​ဟော်​လန်​ နဲ့ အင်္ဂလန်​ ​နောက်​​တော့ပြင်​သစ်​တို့မှာ ဖြစ်​ထွန်းလာတဲ့ ဘူဇွာ​တွေဟာ ယဉ်​​ကျေးမှု၊ အနုပညာနဲ့ သိပ္ပံပညာ​တွေအ​ပေါ် အံ့အားသင့်​စရာ​ကောင်းတဲ့ တိုးတက်​မှု​တွေ ဖြစ်​​စေခဲ့ပါတယ်​။ အထူးသဖြင့်​ ၁၇ နဲ့ ၁၈ ရာစု​တွေမှာ ဘူဇွာ​တော်​လှန်​​ရေး ဖြစ်​ပွားခဲ့တဲ့ နိုင်​ငံ​တွေကို ကြည့်​မယ်​ဆိုရင်​ နည်းပညာနဲ့ ကုန်​ထုတ်​လုပ်​မှု စွမ်းအား​တွေ တိုးတက်​လာမှုနဲ့အတူ သိပ္ပံ ပညာနဲ့ အ​တွေးအ​ခေါ်​တွေလဲ အပြိုင်​တိုးတက်​ခဲ့ပြီး ခရစ်​ယာန်​​ကျောင်း​တော်​ရဲ့ အ​တွေးအ​ခေါ်ပိုင်းအရလွှမ်းမိုး​နေမှုကို ဖြိုချနိုင်​ခဲ့တာ​တွေ့ရမှာပါ။

ပြင်​သစ်​ကဘူဇွာ​တော်​လှန်​​ရေးမှာ ဘူဇွာ​တွေက ကျိုး​ကြောင်းဆင်​ခြင်​မှု ကို​ကြွေး​ကြော်​ခဲ့ပါတယ်​။ သူတို့ဟာ ဘတ်​စတဲလ်​ ရဲ့ နံရံ​တွေကို မဖြိုခင်​မှာ လူ​တွေရဲ့စိတ်​ထဲစွဲဝင်​​နေတဲ့ ဘာသာ​ရေးအယူအစွဲ​တွေကို အရင်​ဖြို ချခဲ့ပါတယ်​။ ​တော်​လှန်​​ရေး ဘူဇွာ​တွေက ​ပြောင်းလဲမှုကိုလိုလားတဲ့ ဘာသာမဲ့​တွေပါ။ သူတို့အာဏာရလာချိန်​၊ ပုဂ္ဂလိက ပိုင်​ဆိုင်​မှု​တွေ ရှိလာချိန်​ကျမှသာ ​တော်​လှန်​​ရေး အင်​အားစုအသစ်​​တွေနဲ့ထိပ်​တိုက်​​တွေ့ပြီး ဘူဇွာ​တော်​လှန်​​ရေး အ​တွေးအ​ခေါ်​တွေကိုလွှင့်​ပစ်​လိုက်​ကြတာပါ။

မကြာ​သေးခင်​က ပြင်​သစ်​​တွေဟာ သူတို့ရဲ့ခမ်းနားကြီးကျယ်​တဲ့ ​တော်​လှန်​​ရေးကြီးရဲ့ အနှစ်​ ၂၀၀ ပြည့်​အခမ်း အနားကို ပြုလုပ်​ခဲ့ကြပါတယ်​။ ရာစုနှစ်​နှစ်​ခု​လောက်​အကြာက ​တော်​လှန်​​ရေးရဲ့ အမှတ်​တရ​တွေဟာ အုပ်​စိုးသူ​တွေကိုစိတ်​မသက်​မသာဖြစ်​​စေပါတယ်​။ ပြင်​သစ်​အုပ်​စိုးသူ​တွေရဲ့ ​တော်​လှန်​​ရေးအ​ပေါ်သ​ဘောထား ဟာ ငယ်​ရွယ်​စဉ်​ကအပြစ်​​တွေကို သင်​ပုန်း​ချေ ပြီး ​နောက်​ထပ်​မ​ဆောင်​ရွက်​ချင်​​တော့တဲ့ သ​ဘောဖြစ်​​နေပါတယ်​။ အရင်​အချိန်​​တွေက အခွင့်​ထူးခံလူတန်းစားလိုပဲ အရင်းရှင်​လူတန်းစားဟာ သူတို့ရဲ့ ဖြစ်​တည်​မှုကို တရားမျှတ​ကြောင်း ကိုယ့်​ကိုယ်​ကို​ရော လူ့အဖွဲ့အစည်း တခုလုံးကိုပါ လိမ်​ညာ​ပြောဆိုဖို့ကြိုးစား​နေပါတယ်​။

သူတို့က ဖြစ်​တည်​ဆဲ လူ​နေမှုစနစ်​နဲ့ လူမှု​ရေးအရဆက်​နွယ်​မှု​တွေကို တရားထူ​ထောင်​​ပေးမယ့်​ အ​တွေးအ​ခေါ်​တွေကို ရှာ​ဖွေရာမှာ မိခင်​ခရစ်​ယာန်​​ကျောင်း​တော်​ရဲ့ တရား​တွေကို မျက်​စိကျသွားပါတယ်​။ အထူးသဖြင့်​ ပဲရစ်​ကွန်​မြူးးအပြီးမှာပါ။ ​ဆေကာကိုအာ ​ကျောင်း​တော်​ဟာ ဘူဇွာ​​တွေရဲ့ ​တော်​လှန်​​ရေး ​ကြောက်​ရွံ့​နေမှုရဲ့ ပြယုဂ်​ပါပဲ။

မာ့က်​စ်​ (၁၈၁၈-၈၃) နဲ့ အန်​ဂယ်​ (၁၈၂၀-၉၅) တို့က လူသားတိုးတက်​မှုဖြစ်​စဉ်​ကို ​မောင်းနှင်​​ပေးတဲ့ အ​ခြေ ခံအား​တွေဟာ ကုန်​ထုတ်​လုပ်​မှု စွမ်းအား​တွေဖြစ်​တဲ့ စက်​မှုလုပ်​ငန်း၊ စိုက်​ပျိုး​ရေး ၊ သိပ္ပံ နဲ့ နည်းပညာ​တွေရဲ့ တိုးတက်​မှု​တွေဖြစ်​တယ်​လို့ ရှင်းပြခဲ့ပါတယ်​။ ဒါဟာ သီအိုရီအရ အ​ရေးပါတဲ့ သုံးသပ်​ချက်​တခုဖြစ်​ပါတယ်​။ လူသားသမိုင်းကိုနားလည်​ဖို့ရာ ဒီလိုအ​ခြေခံသုံးသပ်​ချက်​လိုအပ်​ပါတယ်​။ ဒါ​ပေမဲ့လည်း မာ့က်​စ်​ဝါဒကို အပုပ်​ချလိုသူ ​တွေ​ပြောသလို မာ့က်​စ်​က အရာရာတိုင်းကို စီးပွား​ရေးအ​ပေါ်ပဲပုံချပစ်​တာမဟုတ်​ပါဘူး။ ဒိုင်​ယာလက်​တစ်​နဲ့ သမိုင်းရုပ်​ဝါဒဟာ ဘာသာ​ရေး၊ အနုပညာ၊ သိပ္ပံပညာ ၊ ကိုယ်​ကျင့်​စံနှုန်း၊ ဥပ​ဒေ၊ နိုင်​ငံ​ရေး၊ ထုံးတမ်း​ဓ​လေ့၊ အမျိုးးသား​ရေးစရိုက်​လက္ခဏာ​​တွေနဲ့ အခြား လူ့အသိစိတ်​ကဖြစ်​​ပေါ်လာတဲ့ အရာ​တွေကိုထည့်​သွင်းစဉ်း စားပါတယ်​။ ဒါတင်​မကပါဘူး။ ဒီလိုအချက်​​တွေရဲ့ သရုပ်​မှန်​​တွေနဲ့ သူတို့က လူမှုအဖွဲ့အစည်းတိုးတက်​မှုနဲ့ ဘယ်​လိုဘယ်​ပုံဆက်​စပ်​တယ်​ဆိုတာပါ ပြသ​ပေးခဲ့ပါတယ်​။ လူမှုစီးပွား​ရေးစနစ်​တခုက ရုပ်​ဝတ္ထုပစ္စည်း​တွေကို ဆက်​လက်​ထုတ်​လုပ်​ တိုးပွား​စေနိုင်​မှုက လူမှုအဖွဲ့အစည်းရဲ့တိုးတက်​မှုကိုဖြစ်​​ပေါ်​စေပါတယ်​။ ဒီအ​ကြောင်းအရာကို အန်​ဂယ်​က ခုလိုရှင်းပြထားပါတယ်​။

"သမိုင်းရုပ်​ဝါဒအရကြည့်​မယ်​ဆိုရင်​ ဘဝကို (ပံပိုး​ပေးတဲ့ ထုတ်​ကုန်​​တွေ) ထုတ်​လုပ်​နိုင်​မှုနဲ့ ပြန့်​ပွားနိုင်​မှုက အဓိကအချက်​ပါပဲ။ ဒါ​ကြောင့်​လူတ​ယောက်​က စီးပွား​ရေးကသာအဓိကအချက်​လို့​ပြောမယ်​ဆိုရင်​ သူက ဒီပညာ ရပ်​အ​တွေးအ​ခေါ်ကို အဓိပ္ပါယ်​မရှိတဲ့စကားစုတခုအဖြစ်​ပုံ​ပြောင်းပစ်​တာပါပဲ။ စီးပွား​ရေးအ​ခြေအ​နေက အ​ခြေခံ တရားဖြစ်​ပါတယ်​။ ဒါ​ပေမဲ့ အ​ပေါ်ကလူမှုအ​ဆောက်​အအုံဖြစ်​တဲ့ လူတန်းစား ပဋိပက္ခ ရဲ့နိုင်​ငံ​ရေးပုံစံနဲ့ ရလဒ်​​တွေ တနည်းဆိုရရင်​ လူတန်းစားတိုက်​ပွဲမှာ အနိုင်​ရသွားတဲ့ သူ​တွေက ချမှတ်​လိုက်​တဲ့ အ​ခြေခံဥပ​ဒေစတဲ့အရာ​တွေ၊ တရားစီရင်​​ရေးပုံစံ​တွေ၊ ပဋိပက္ခထဲပါဝင်​ကြတဲ့ လူ​တွေရဲ့ ဦး​နှောက်​က​နေ ဒီပဋိပက္ခအ​ပေါ် တုံ့ပြန်​တဲ့အမြင်​​တွေ၊ နိုင်​ငံ​ရေး၊ တရားစီရင်​​ရေး၊ အ​​တွေးအ​ခေါ်ဒသနသီအိုရီ​တွေ၊ ဘာသာ​ရေးအမြင်​​တွေနဲ့ ဒါ​တွေက​နေဖြစ်​တည်​လာတဲ့ လူမှု​ရေးယုံကြည်​ချက်​​တွေ ကလည်းပဲ သမိုင်းဆိုင်​ရာ ပဋိပက္ခ ​တွေအ​ပေါ် သက်​​ရောက်​​နေပြီး များ​သောအားဖြင့်​ ဒီပဋိပက္ခ​တွေရဲ့ပုံစံကိုဆုံးဖြတ်​​ပေးပါတယ်​။"

ယေဘုယျ အားဖြင့်​ လူသားအသိစိတ်​ဟာ ကုန်​ထုတ်​လုပ်​မှု စွမ်းအား​တွေတိုးတက်​လာမှုရဲ့​နောက်​မှာ ပြတ်​ကျန်​​နေခဲ့တယ်​ဆိုတဲ့ သမိုင်းရုပ်​ဝါဒီရဲ့အဆိုဟာ အချို့လူ​​တွေအတွက်​ လက်​မခံချင်​စရာပါပဲ။ ဒါ​ပေမဲ့ သိပ္ပံပညာ ရဲ့​အောင်​မြင်​မှု​တွေအမြင့်​ဆုံးအထိ​ရောက်​​နေတဲ့ အ​မေရိကန်​မှာ​တောင်​ ဒီအချက်​ကို နည်းအမျိုးမျိုးနဲ့ ​တွေ့ရှိနိုင်​ပါတယ်​။ နည်းပညာတိုးတက်​လာမှုဟာ လူသား​တွေရဲ့ ဘဝအ​ခြေအ​နေကို မျှတတဲ့ လူမှုစီးပွား​ရေးစနစ်​တခုသုံးပြီး အမှန်​တကယ်​ မြှင့်တင်နိုင်​ဖို့ရာ အကြို အ​ခြေအ​နေတစ်​ခုဖြစ်​ပါတယ်​။ ဒီလိုစနစ်​မျိုးမှာဆိုရင်​ လူသား​​တွေဟာ သူတို့ရဲ့ဘဝနဲ့ ပတ်​ဝန်းကျင်​ကို ကိုယ်​ပိုင်​အသိစိတ်​နဲ့ ပုံ​ဖော်​နိုင်​မှာပါ။ ဒါ​ပေမဲ့လည်း သိပ္ပံ နဲ့ နည်းပ ညာရဲ့ လျင်​မြန်​တဲ့ တိုးတက်​မှု​တွေ​နောက်​မှာ လူသား​တွေရဲ့အ​တွေးအ​ခေါ်က အံ့သြစရာ​ကောင်း​အောင်​ ​နောက်​ကျကျန်​ခဲ့ပါတယ်​။

အ​မေရိကန်​နိုင်​ငံရဲ့ လူဆယ်​​ယောက်​မှာ ကိုး​ယောက်​က သဘာဝလွန်​သက်​ရှိတစုံတရာ (ဥပမာ- ဘုရားသခင်​) တည်​ရှိ​နေမှုကို ယုံကြည်​ကြပြီး ဆယ်​​ယောက်​မှာ ခုနစ်​ယောက်​က ​သေဆုံးပြီး​နောက်​မှာ ဘဝရှိ​သေး​ကြောင်း ယုံကြည်​ပါတယ်​။ ကမ္ဘာ ကို အာကာသယာဉ်​ နဲ့ပတ်​ရာမှာ ​အောင်​မြင်​ခဲ့တဲ့ ပထမဆုံးအ​မေရိကန်​ အာကာသ ယာဉ်​မှူးက ကမ္ဘာပေါ်က လူ​တွေကို စကားတခွန်း​ပြောဖို့​တောင်းဆိုခံခဲ့ရပါတယ်​။ သူက ကမ္ဘာ့စာ​ပေရပ်​ဝန်းတခု လုံးထဲကမှ ဂျန်​နက်​စစ်​ (genesis) စာအုပ်​ထဲက ပထမဆုံးစာ​ကြောင်းကို ​ရွေးချယ်​ခဲ့ပါတယ်​။ "မူလအစမှာ​တော့ ဘုရားသခင်​က ​ကောင်းကင်​ဘုံနဲ့ ကမ္ဘာကိုဖန်​ဆင်းခဲ့တယ်​" ဆိုတဲ့စကားပါ။ အတိုးတက်​ဆုံး ​ခေတ်​အမီဆုံးနည်း ပညာ​တွေရဲ့ထုတ်​ကုန်​ဖြစ်​တဲ့ အာကာသယာဉ်​ ​ပေါ်မှာထိုင်​​နေတဲ့ ဒီလူသားဟာ ဟိုးလွန်​ခဲ့တဲ့ ​ရှေးဦးအတိတ်​ဆီက အ​တွေး​တွေကို သူ့​ခေါင်းထဲ သယ်​​ဆောင်​ထားတုန်းဖြစ်​​နေပါတယ်​။

၁၉၂၅ မှာ ဂျွန်​စကုပ်​လို့​ခေါ်တဲ့ ဆရာတ​ယောက်​ဟာ အီဗလူးရှင်းသီအိုရီကိုသင်​ကြားခဲ့တာ​ကြောင့်​ တန်​နက်​စီပြည်​နယ်​ရဲ့ ဥပ​ဒေကို ဆန့်​ကျင်​​ကြောင်း အပြစ်​ချခံခဲ့ရပါတယ်​။ ဒီတရားစီရင်​မှု ဟာ အီဗလူးရှင်းဆန့်​ကျင်​​ရေး ဥပ​ဒေ​တွေကိုခိုင်​မာ​စေခဲ့ပါတယ်​။ ၁၉၆၈ မှာ​တော့ အ​မေရိကန်​တရားရုံးချုပ်​က ဖန်​ဆင်းရှင်​သီအိုရီ​တွေကို ​ကျောင်းမှာသင်​ကြားတာဟာ ​ကျောင်း​တွေမှာဘာသာ​ရေးမသင်​ကြားရဆိုတဲ့ ဖွဲ့စည်းပုံပါအချက်​ကို ချိုး​ဖောက်​​ကြောင်း​ကြေညာခဲ့ရပါတယ်​။ ဒီအချိန်​ကစပြီး ဖန်​ဆင်းရှင်​ဝါဒီ​တွေက သူတို့ရဲ့ နည်းဗျူဟာ​တွေကို ​ပြောင်းလဲ လိုက်​ကြပါတယ်​။ ဖန်​ဆင်းရှင်​ဝါဒကို သိပ္ပံပညာအဖြစ်​ ​ပြောင်းလဲဖို့ ကြိုးစားလာကြပါတယ်​။ သူတို့ကို လူထုအ များစုကသာမကဘဲ သိပ္ပံပညာရှင်​​တွေကပါ​ထောက်​ခံခဲ့ကြပါတယ်​။

၁၉၈၁ မှာ အ​မေရိကန်​သိပ္ပံပညာရှင်​​တွေက ကတ်​ပလာရဲ့ ဂြိုဟ်​များ​ရွေ့လျားခြင်း ဆိုင်​ရာဥပ​ဒေသ​တွေကို သုံးပြီး ​စေတန်​ဂြိုဟ်​ကို ​လေ့လာဖို့ အာကာသယာဉ်​ တစ်​စင်းလွှတ်​တင်​ခဲ့ပါတယ်​။ အဲဒီနှစ်​မှာပဲ ဖန်​ဆင်းရှင်​သိပ္ပံ လို့​ခေါ်တဲ့ ပညာရပ်​ကို အီဗလူးရှင်​သီအိုရီနဲ့ ညီတူတန်းတူ သင်​ကြား​ရေး ကို​ဖော်​​ဆောင်​ထားတဲ့ အာကန်းဆတ်​ပြည်​နယ်​ ကဥပ​ဒေတခုကို အ​မေရိကန်​တရားသူကြီးတ​ယောက်​က ဖွဲ့စည်းပုံနဲ့မညီ​ကြောင်း ​ကြေညာခဲ့ရပါ​သေး တယ်​။ ဖန်​ဆင်းရှင်​ဝါဒီ​တွေရဲ့ ​တောင်းဆို​မှု​တွေထဲက တခုက​တော့ နိုအာရဲ့ ​ရေလွှမ်းမိုးမှာကို ကမ္ဘာ့​မြေမျက်​နှာပြင်​ဆိုင်​ရာ ​ပြောင်းလဲမှု အချက်​တခုအဖြစ်​အသိအမှတ်​ပြု ​ပေးဖို့ပါပဲ။ ဒီ တရားခွင်​မှာဆိုရင်​ သက်​​သေ​တွေထဲ မှာ ​စေတန်​ကိုယုံကြည်​သူ​တွေပါပါတယ်​။ သက်​ရှိ​တွေဟာ ဥက္ကာပျံ​တွေက​နေတဆင့်​ ကမ္ဘာ ​မြေ​ပေါ်ကျ​ရောက်​လာတယ်​လို့ယူဆထားပြီး မျိုးစိတ်​ကွဲပြားမှု​တွေကို ဥက္ကာပျံ မတူညီမှုနဲ့ရှင်းပြဖို့ကြိုးစားကြပါတယ်​။ ​ဝေးလ်​ တက္ကသိုလ်​ က မစ်​စတာ အန်​​-​ကေ- ဝီကာမာစစ်​ကဆိုရင်​ အင်းဆက်​​တွေက လူ​တွေထက်​ပိုပြီးဥာဏ်​ရည်​မြင့်​နိုင်​​ပေမဲ့ သူတို့ရဲ့ ဘဝက ​ကောင်းမွန်​ပြည့်​စုံ​နေလို့ အဲ့ဒီလိုဖြစ်​မလာတာလို့​တောင်​​ပြောခဲ့ပါတယ်​။

အ​မေရိကန်​နိုင်​ငံက ဘာသာ​ရေး​လော်​ဘီလုပ်​သူ​တွေဟာ ​ထောက်​ခံမှု အများအပြားရရှိပြီး အကန့်​အသတ်​မဲ့ ရန်​ပုံ​ငွေ​တွေ နဲ့ လွှတ်​​တော်​အမတ်​​တွေရဲ့ ​ကျော​ထောက်​​နောက်​ခံ​ပေးမှု​တွေ ရရှိထားပါတယ်​။ ​ရေဒီယို အသံလွှင့်​ရုံ​တွေက​နေ ဘာသာ​ရေးဆိုင်​ရာ​တွေ လွှင့်​​ပေးပြီး အကျိုးအမြတ်​အ​မြောက်​အများရရှိကြပါတယ်​။ ကမ္ဘာ မှာ နည်း​ပညာအရ တိုးတက်​မှုအရှိဆုံး နိုင်​ငံကြီးမှာ ​နေထိုင်​ကြတဲ့ ပညာတတ်​ မိန်းမနဲ့ ​ယောက်ျား​တွေ (သိပ္ပံပညာ ရှင်​​တွေအပါအဝင်​) ဟာ '၂၀ ရာစုကုန်​ခါနီးအချိန်​မှာ​တောင်​'လွန်​ခဲ့တဲ့ နှစ်​ ​ခြောက်​​ထောင်​က စကြ၀ဠာ ကို ၆ ရက်​အတွင်းဖန်​ဆင်းခဲ့တယ်​ဆိုတဲ့ ဂျန်​နက်​ဆစ်​ (genesis) စာအုပ်​ထဲကအဆိုကို ​ထောက်​ခံဖို့အဆင်​သင့်​ရှိ​နေတာ ဟာ ဒိုင်​ယာလက်​တစ်​ ပညာရပ်​ မှန်​ကန်​​ကြောင်းသက်​​သေပြ​နေတဲ့ အမြင်​သာဆုံးဥပမာပါပဲ။

Ted grant နဲ့ alan woods တို့ရဲ့ reason in revolt ထဲက အပိုင်းတစ်​ကို ဘာသာ ပြန်​ဆို​နေတာပါ။ ဆက်​လက်​ပြန်​ဆိုသွားပါဦးမယ်​။

Reason in revolt ကိုအပြည့်​အစုံဖတ်​ချင်​ရင်​​တော့
gen.lib.rus.ec မှာရှာ​ဖွေ ​ဒေါင်းလုက်​ဆွဲ နိုင်​ပါတယ်​။
မာ့က်​စ်​ဝါဒကိုစိတ်​ဝင်​စားလို့​လေ့လာချင်​ရင်​​တော့
www.marxist.com မှာသွား​ရောက်​ဖတ်​ရှူ နိုင်​ပါတယ်​။

လင်းကို