"မဟတ္တမ၏နောက်ကွယ် (ဒုတိယအပိုင်း)" ဂန်​ဒီနှင့်​အလုပ်​သမားလူတန်းစား

Part one of a Burmese translation of "Gandhi: the Myths Behind the Mahatma", by Ravi Mistry. 

[Source]

အင်​ဒိယအလုပ်​သမားလူတန်းစားဟာ လူနည်းစုဖြစ်​​ပေမယ့်​ အင်​ဒိယကိုလိုနီ မှာ အကြီးမားဆုံး လူမှု​ရေးနဲ့ နိုင်​ငံ​ရေး အင်​အားဖြစ်​ပါတယ်​။ သူတို့ရဲ့အခွင့်​အ​ရေး​တွေကို ​တောင်းဆိုကြရာမှာ စည်းလုံးကြတယ်​။ ၁၉၄၆ ​တော်​ဝင်​​ရေတပ်​သူပုန်​ထမှု မှာဆိုရင်​ သူတို့ရဲ အင်​အားကို အထင်​အရှား​တွေ့မြင်​နိုင်​တယ်​။

အလုပ်​သမားထုအ​ပေါ် ဂန်​ဒီရဲ့အမြင်​ဟာ နှိမ့်​ချအထင်​​သေးမှု နဲ့ အပြစ်​တင်​ရှုတ်ချမှု တို့နဲ့ ပြည့်​​နေခဲ့ပါတယ်​။
အမီဒါဘတ်​က ချည်​ထည်​စက်​ရုံအလုပ်​သမား​တွေက သူတို့ရဲ့လစာ ၂၀ရာခိုင်​နှုန်းအဖြတ်​ခံရတဲ့အတွက်​ဆန္ဒပြခဲ့ကြတယ်​။ ဒီမှာ ဂန်ဒီက 'အလုပ်​ရှင်​နဲ့ အလုပ်​သမားဆက်​ဆံ​ရေး ဟာ မိဘနဲ့ သားသမီးသဖွယ်​ဖြစ်​ရမယ်​' လို့ အလုပ်​သမား​တွေကို အကြံ​ပေးတယ်​။ ဒါဘာ​ကြောင့်​လဲဆိုရင်​ ဂန်​ဒီကိုယ်​တိုင်​က ဘူဇွာ ကိုယ်​စားပြု တ​ယောက်​ဖြစ်​​နေလို့ပါပဲ။

၁၉၁၈ မှာတုန်းက​တော့ ဂန်​ဒီဟာ အမီဒါဘတ်​ ဂျုံစက်​ရုံက အလုပ်​သမား​တွေရဲ့ လှုပ်​ရှားမှုကို ဦး​ဆောင်​ခဲ့တယ်​။ ဒါကလည်း ကိုလိုနီ​အရာရှိတ​ယောက်​က သူ့ကို ကြားဝင်​​စေ့စပ်​​ပေးဖို့​တောင်းဆိုခဲ့လို့ပါ။ အလုပ်​သမား​တွေဟာ ​ဒေါသထွက်​ပြီး ဆူပူအုံကြွ​နေပါတယ်​။ ဒီအ​ခြေအ​နေကို ဝင်​ထိန်းဖို့ ဂန်​ဒီ့ကို တာဝန်​​ပေးခြင်းပါပဲ။

ညှိနှိုင်း​ရေး ​ကော်​မတီကို ဖွဲ့စည်းတဲ့အခါ အလုပ်​သမား​တွေဖက်​က ကိုယ်​စားပြုတ​ယောက်​တ​လေ​တောင်​မပါဝင်​ခဲ့ပါဘူး။ စက်​ရုံလုပ်​ငန်းရှင်​များသမဂ္ဂရဲ့ ဥက္ကဌ ဖြစ်​သူ အမ်​ဘလဲ ဆာရာဘိုင်​ ဟာ ဂန်​ဒီရဲ့ ဆာဘာမတီ အက်​ရှ်​ ရမ်​ကို သူ့ရဲ့ ရက်​​ရောတဲ့ ရန်​ပုံ​ငွေ​တွေနဲ့ ကူညီထားခဲ့ပါတယ်​။ ဒါ​ကြောင့်​ပဲ ဂန်​ဒီဟာ နှစ်​ဖက်​ချွန်​စိတ်​ဓာတ်​နဲ့ အလုပ်​သမားလှုပ်​ရှားမှုကို ဖျက်​လိုဖျက်​စီးလုပ်​ခဲ့ပါတယ်​။

အလုပ်​သမား​တွေက လစာ ၅၀ ရာခိုင်​နှုန်း အထိတိုး​ပေး​စေချင်​တယ်​။ ဂန်​ဒီက ၃၅ ရာခိုင်​နှုန်းပဲတိုး​ပေးဖို့ ​လျှော့ချ​တောင်းဆိုလိုက်​တယ်​။
'အလုပ်​ရှင်​​တွေရဲ့ ပိုင်​ဆိုင်​မှု​တွေကို မလုယူကြနဲ့ ၊ ခိုးမယူကြနဲ့၊ မဖျက်​စီးကြနဲ့၊ သူတို့ကို တိုက်​ခိုက်​တာ​တွေမလုပ်​နဲ့' လို့ ဂန်​ဒီက အလုပ်​သမား​တွေကို​ပြော​ဟောတယ်​။

ဆန္ဒပြမှု​တွေဖြစ်​ပွား​နေချိန်​မှာ ဂန်​ဒီက အန်ဘလဲ ရဲ့ကားကိုစီးတယ်​။ အန်​ဘလဲ ကဂန်​ဒီရဲ့ အက်​ရှ်​ရမ်း ကိုလာလည်​တယ်​။ ဒီလုပ်​ရပ်​​​တွေ​ကြောင့်​ ဂန်​ဒီ့ကို အလုပ်​သမားထုကမ​ကျေမနပ်​ဖြစ်​လာတယ်​။ ဒီမှာပဲ ဂန်​ဒီဟာ လုပ်​ငန်းရှင်​​တွေနဲ့သ​ဘောတူညီမှုကို အမြန်​ရယူပြီး ၃၅ ရာခိုင်​နှုန်းနဲ့ပဲ ​ပြေလည်​သွားကြတယ်​။ အလုပ်​သမားထုရဲ့ အင်​အားနဲ့ စည်းလုံးမှု​တွေ​ကြောင့်​ဖြစ်​​ပေါ်လာတဲ့ ​​တော်​လှန်​​ရေး ​ရောင်​နီဟာ ဂန်​ဒီရဲ့ ဖျက်​ဆီးခြင်းကိုခံခဲ့ရပါ​တော့တယ်​။

၁၉၄၆ ​ဖေ​ဖော်​ဝါရီ မှာ​တော့ ​​တော်​ဝင်​​ရေတပ်​သူပုန်​ထမှု ဖြစ်​ပွားခဲ့ပါတယ်​။ ဒီ သူပုန်​မှာဆိုရင်​ တတိုင်းပြည်​လုံးက ​ရေတပ်​​တွေ၊ ပင်​လယ်​မှာရှိတဲ့ သ​ဘောင်္​တွေ နဲ့ သ​ဘောင်္သား အ​ယောက်​ ၂သောင်း​ကျော်​ဟာ အစိုးရကိုဆန့်​ကျင်​​တော်​လှန်​ခဲ့ကြတယ်​။ အလံနီ ကိုလွှင့်​ထူခဲ့ကြတယ်​။ ကွန်​ဂရက်​ ဆိုရှယ်​လစ်​​ခေါင်း​ဆောင်​​တွေ ​ကျော​ထောက်​​နောက်​ခံ​ပေးထားတဲ့ အင်​ဒိယ ကွန်​မြူနစ်​ပါတီက ဘုံ​ဘေမှာရှိတဲ့ အလုပ်​သမား သုံး​သောင်းခန့်​ကို သူတို့ရဲ့ လုပ်​ငန်းခွင်​မှာ သပိတ်​​မှောက်​ကြဖို့ တိုက်​တွန်းခဲ့တယ်​။ ဒီ​တော်​လှန်​​ရေး ​ရောင်​နီသန်းလာမှုနဲ့ ဆင်းရဲသားလူတန်းစားရဲ့ ညီညွတ်​မှုဟာ အင်​ဒိယဘူဇွာ​တွေကို ထိတ်​လန့်​​စေခဲ့တယ်​။ ဟိန္ဒူ ကွန်​ဂရက်​ပါတီနဲ့ မူစလင်​ အင်အားစုတွေဟာ ဒီညီညွတ်​မှု​တွေကို ​ချေဖျက်​ဖို့ အပြင်းအထန်​ကြိုးစားခဲ့တယ်​။ ဂန်​ဒီဟာ ဒီအုံကြွလာမှုကို အပြစ်​တင်​ခဲ့ပြီး 'အကြမ်းဖက်​မှုအတွက်​ ဟိန္ဒူ နဲ့ မူစလင်​​တွေ ပြီး​တော့ အခြားသူ​တွေ ပူး​ပေါင်း​ဆောင်​ရွက်​ကြခြင်းဟာ ယုတ်​ညံ့လှတယ်​' လို့​ပြောကြားခဲ့ပါတယ်​။

ဂန်​ဒီနှင့်​ လယ်​သမားထု
~~~~~~~~~~

ကိုလိုနီအင်​ဒိယရဲ့ ၉၀ ရာခိုင်​နှုန်း​သော လူဦး​ရေဟာ​တောရွာ​တွေမှာ ​နေထိုင်​ကြပြီး အများစုဟာ လယ်​သမား​တွေဖြစ်​လာကြ တယ်​။ ဗြိတိန်​အုပ်​ချုပ်​မှုဟာ ​မြေယာခွန်​​တွေအ​ပေါ်အ​ခြေခံထားပြီး အင်​ဒိယ လယ်​သမားထုကို ​တော်​လှန်​​ရေး အင်​အား​တွေဖြစ်​​စေတယ်​။ ဘူဇွာ အမျိုးသား​ရေးသမား​တွေက လယ်​သမားထု အုံကြွလာတာကို အလုပ်​သမား​တွေ ဆူပူတာထက်​စာရင်​ ပိုမို သ​ဘောကျတဲ့ အ​နေအထားရှိတယ်​။ ဘာ​ကြောင့်​လဲဆို​တော့ လယ်​သမား​တွေဟာ ဘူဇွာစီးပွား​ရေးကို တိုက်​ရိုက်​မထိခိုက်​​စေလို့ပါပဲ။

မြေယာခွန်​အခ​တွေ နဲ့ ​မြေပိုင်​ဆိုင်​မှု အခွင့်​အ​ရေး​တွေ​ကြောင့်​ ဖြစ်​​ပေါ်လာတဲ့ ဆန္ဒပြမှု​တွေဟာ အမျိုးသား​ရေး လှုပ်​ရှားမှု​တွေ မတိုင်​ခင်​ကတည်းက သမိုင်းကြီးကြီးမားမားရှိပြီးသား အမြစ်​တွယ်​ပြီးသားဖြစ်​တယ်​။ ဒီလှုပ်​ရှားမှု​တွေဟာ ဂန်​ဒီလိုလူ​တွေအတွက်​ ခက်​ခက်​ခဲခဲဆုံးဖြတ်​ရတဲ့ ​မေးခွန်းထုတ်​စရာကိစ္စ​တွေဖြစ်​ပါတယ်​။ သူတို့ယုံကြည်​ထားတဲ့ လူတန်းစား ဆက်​နွှယ်​မှု​တွေကို ဒီလှုပ်​ရှားမှု​တွေက ထိခိုက်​​စေလို့ပဲဖြစ်​တယ်​။

မပူး​ပေါင်း​ရေးလှုပ်​ရှားမှု ကာလအတွင်းမှာပဲ အူတာပရာတက်​ရှ်​ မှာ ပြုလုပ်​တဲ့ ကန်​ပိန်းတခုမှာ ကွန်​ဂရက်​က ဦး​ဆောင်​ခဲ့တယ်​။ ကွန်​ဂရက်​​ခေါင်း​ဆောင်​ ဘူဇွာ​တွေက ​မြေရှင်​ယာရှင်​​တွေနဲ့ လယ်​သမား​တွေကို အစိုးရထံ အခွန်​မ​ပေးဖို့ ​ပြောကြားခဲ့တယ်​။ အလုပ်​သမားထုက​တော့ လယ်​သမား​တွေဟာ ​မြေရှင်​​တွေကို ​မြေငှါးခ ​ပေးစရာမလို​ကြောင်း ​​ပြောဆိုလာတယ်​။ ကွန်​ဂရက်​​ခေါင်း​ဆောင်​​တွေက လူတန်းစားကွဲပြား​နေမှုကို ဆက်​လက်​ထိန်းသိမ်းလိုတာဖြစ်​လို့ ဒီအဆိုဟာ သူတို့အတွက်​ ဆန့်​ကျင်​ဖက်​ဆန်​လွန်း ခဲ့ပါတယ်​။ ​ကြောင်​သူ​တော်​ ဂန်​ဒီ ဟာ ၁၉၂၁ မှာဆိုရင်​ လယ်​သမားအင်​အားစု​တွေ ​မြေရှင်​​တွေကို သပိတ်​မ​မှောက်​ကြဖို့၊ အကြမ်း မဖက်​ကြဖို့ တားမြစ်​ခဲ့ပါ​တော့တယ်​။

၁၉၂၈ ဘာဒိုလီ စကြဂရဟ မှာဆိုရင်​လည်း ဂန်​ဒီဟာ အလုပ်​သမားထုရဲ့ လက်​နက်​ကို ဖြုတ်​သိမ်းခဲ့တာပါပဲ။ ​တော်​လှန်​​ရေး စတင်​ဖို့ စိတ်​ပြင်းပြ​နေတဲ့ အလုပ်​သမား​တွေဟာ ဂန်​ဒီရဲ့ ဦး​ဆောင်​မှုကို ​တောင်းဆိုကြတယ်​။ ဂန်​ဒီနဲ့ ​နောက်​လိုက်​​တွေက အစိုးရနဲ့ လျို့ဝှက်​သ​ဘောတူညီမှုရယူပြီး ဘုံ​ဘေစီးပွား​​ရေးသမားတ​ယောက်​ကို အခွန်​​တွေ​ပေး​လျော်​​စေခဲ့တယ်​။

တော်​လှန်​လိုစိတ်​ပြင်းပြ​နေတဲ့ လယ်​သမား​တွေဟာ စိတ်​ပျက်​လက်​ပျက်​ ဖြစ်​သွားကြပြီး ဂန်​ဒီတို့ရဲ့ သရုပ်​မှန်​ကိုလည်း မြင်​လာကြပါတယ်​။ ဂန်​ဒီရဲ့ မဟာမိတ်​တ​ယောက်​ဖြစ်​တဲ့ ​ပေတဲလ်​က နိုင်​ငံတဝှမ်းလုံး ပူး​ပေါင်းပြီး အခွန်​မ​ပေး​ရေးလှုပ်​ရှားမှုလုပ်​မယ်​လို့ ကမ်းလှမ်းခဲ့​ပေမယ့်​ ဂန်​ဒီက ပယ်​ချခဲ့ပါတယ်​။ ဒီလိုနဲ့ပဲ လယ်​သမား​တွေ ဟာ ကွန်​ဂရက်​ရဲ့ ဦး​ဆောင်​မှုကို စိတ်​ပျက်​လာကြပါ​တော့တယ်​။ လှုပ်​ရှား​မှု​တွေလည်း အရှိန်​တန့်​သွားခဲ့ရတယ်​။

၁၉၃၆ မှာ အင်​ဒိယနိုင်​ငံလုံးဆိုင်​ရာ လယ်​သမားများသမဂ္ဂ ​ပေါ်​ပေါက်​လာတယ်​။ ဒီသမဂ္ဂဟာ အင်​ဒိယ ကွန်​မြူ နစ်​ပါတီရဲ့ လယ်​သမားအင်​အားစုဖြစ်​လာတယ်​။ ဂန်​ဒီ နဲ့ ကွန်​ဂရက်​ ပါတီဟာ ​မြေရှင်​​တွေဖက်​ကသာရပ်​တည်​ပြီး လယ်​သမား​တွေရဲ့ အကျိုးအ တွက်​ တိုက်​​နေတာမဟုတ်​မှန်း ပြည်​သူကသိလာကြပါပြီ။

အင်​ဒိယ အလုပ်​သမား​တွေ လယ်​သမား​တွေရဲ့ ပူး​ပေါင်းလှုပ်​ရှားမှု နဲ့ စည်းလုံးညီညွတ်​မှု​တွေဟာ ​တော်​လှန်​​ရေး ​ပေါ်ထွန်းမယ့်​ အရိပ်​အ​ယောင်​​တွေပါပဲ။ ဒါ​ပေမဲ့ သူတို့ကို​ဦး​ဆောင်​မယ့်​ ​ခေါင်း​ဆောင်​​ကောင်းမရှိတာ​ကြောင့်​ အချည်းအနှီး ဖြစ်​ခဲ့ရပါတယ်​။

ဂန်​ဒီဟာ လူထုက ​စု​ပေါင်း​တော်​လှန်​လာရင်​ သူထိန်းသိမ်းထားလိုတဲ့ လူတန်းစားဆက်​နွယ်​မှု လူတန်းစားခွဲခြားမှု​တွေ ပျက်​စီးသွားမယ်​ဆိုတာ ကြိုသိ​နေခဲ့ပါတယ်​။ ဒါ​ကြောင့်​ပဲ လယ်​သမား​တွေ စု​ပေါင်း​တော်​လှန်​​ရေးကိစ္စကို အစဉ်​အမြဲ ဆန့်​ကျင်​​နေခဲ့တာပဲ ဖြစ်​ပါ​တော့တယ်​။

ဂန်​ဒီနှင့်​ ကွန်​မြူနစ်​ဇင်
===========

ဂန်​ဒီက သူ့ကိုယ်​သူ ဆိုရှယ်​လစ်​တ​ယောက်​လို့ ​ခေါ်ဆိုခဲ့​ပေမဲ့ သူ့ရဲ့ လုပ်​ရပ်​နဲ့ ယုံကြည်​မှု​တွေဟာ ​ခေတ်​သစ်​ ဆိုရှယ်​လစ်​ဇင်​ကို ဆန့်​ကျင်​​နေပါတယ်​။ ဟင်းဆွာရဂ်ျ​ မှာ သူ​ဖော်​ပြခဲ့တဲ့ အ​တွေးအ​ခေါ်​တွေဟာ ​ရှေး​ဟောင်းကွန်​မြူနစ်​ဇင်​ကို ပြန်​လည်​အသက်​သွင်း​နေခဲ့ပြီး လက်​​တွေ့ လုပ်​ရပ်​​တွေက​တော့ အင်​ဒီယန်​ဘူဇွာ အကျိုးစီးပွားအတွက်​ ဖြစ်​ပါတယ်​။ ဒါ့အပြင်​ သူက အလုပ်​သမားလူတန်း စားနဲ့ ကွန်​မြူနစ်​​တွေကို ​ကြောက်​ရွံ့ပါတယ်​။ သူ့ရဲ့ ငြိမ်းချမ်း​ရေးဝါဒကို အသုံးချပြီး ကွန်​မြူနစ်​​တွေနဲ့ အလုပ်​သမား​တွေကို အမြဲ ပြစ်​တင်​ရှုတ်ချ​လေ့ရှိပါတယ်​။ ဂန်​ဒီက ၁၉၁၇ ရုရှား​တော်​လှန်​​ရေးနဲ့ ​ဘော်​ရှီဗစ်​ပါတီရဲ့ ဝါဒကို ဥ​ရောပ အ​ရေးကိစ္စသက်​သက်​သာဖြစ်​ပြီး ဘုရားတရားမဲ့တယ်​လို့ ​ဝေဖန်​ခဲ့ပါတယ်​။ 'ငါသိ​လောက်​က​တော့ ဒီဝါဒ​တွေက ဘုရားသခင်​တည်​ရှိ​နေမှုကို ငြင်းဆိုတယ်​၊ အကြမ်း ဖက်​လမ်းစဉ်​​တွေအသုံးပြုတယ်​၊ ငါက​တော့ မွန်​မြတ်​ တဲ့အ​ကြောင်းတရား​ကြောင့်​ပဲဖြစ်​ဖြစ်​ ဘာဖြစ်​ဖြစ်​ အကြမ်းဖက်​လုပ်​ရပ်​ကို​တော့ဆန့်​ကျင်​ရမှာပဲ' လို့ ​ပြောကြားခဲ့တယ်​။ သူဟာ ရက်​စက်​ပြီး အကြမ်းဖက်​အားကြီးမားတဲ့စစ်​ပွဲကြီး​တွေကိုကျ ​ထောက်​ခံအား​ပေးရုံမက စစ်​သား​တွေပါ ပို့​ပေးခဲ့ပြန်​တယ်​။ သူ့ရဲ့ အ​ပြောနဲ့ တကယ့်​လုပ်​ရပ်​ဟာ ဖီလာကန့်​လန့်​ ဖြစ်​လွန်းခဲ့ပါတယ်​။

သူ့ကို ကိုယ်​ပိုင်​ပစ္စည်းဥစ္စာနဲ့ ​မြေရှင်​​တွေအ​ကြောင်း​မေးတဲ့အခါမှာ 'ငါက​တော့ လူတန်းစားစစ်​ပွဲကို ဆန့်​ကျင်​ကာကွယ်​ဖို့ အစွမ်းကုန်​ကြိုးစားမှာပဲ။ မင်းသိထားရမှာက မင်းရဲ့ကိုယ်​ပိုင်​ဥစ္စာကို သူတပါးက မတရားလာ​ရောက်​သိမ်းပိုက်​ရင်​ မင်းအ​နေနဲ့ မင်းဖက်​ကငါ့ကို တိုက်​ခိုက်​​ပေးဖို့ လိုလားလိမ့်​မယ်​ ဆိုတာပဲ'။ တကယ်​တမ်း​တော့ သူက ဘူဇွာ​တွေ ၊ ​မြေရှင်​​တွေရဲ့ ကိုယ်​ပိုင်​ဥစ္စာကို သာကာကွယ်​​ပေးခဲ့သူပါပဲ။ တနည်းအားဖြင့်​ သူ့ရဲ့ လူတန်းစားကိုသာကာကွယ်​ခဲ့သူပါ။

ဂန်​ဒီရဲ့ ကွန်​မြူနစ်​​​တွေ အ​ပေါ် မနှစ်​မြို့မှုက စကားလုံး​တွေထက်​ပိုပါတယ်​။ ၁၉၃၁ မတ်​လ မှာ အာဏာဖီဆန်​​ရေး လှုပ်​ရှားမှု​တွေ ရပ်​တန့်​ပြီး ဒိုမီနီယွန်​အ​ရေးအတွက်​ စကားဝိုင်း​တွေလုပ်​ကြဖို့ ဂန်​ဒီ - အာဝင်​ စာချုပ်​ကို လက်​မှတ်​​ရေးထိုးခဲ့ကြတယ်​။ ဒီစကားဝိုင်း​တွေ​ကြောင့်​ ​ထောင်​​ပေါင်းများစွာ​သော နိုင်​ငံ​ရေး အကျဉ်းသား​တွေ လွတ်​​မြောက်​လာခဲ့ပါတယ်​။ ဒါ​ပေမဲ့ ပန်​ဂျပ်​ အင်​ဒီယန်​​တော်​လှန်​​ရေးသမား​တွေ ဖြစ်​တဲ့ ဘဂ္ဂဟက်​ဆင်း၊ ဆုခ်​ဒက်​၊ ဥထ်​ ဟမ်​ဆင်းနဲ့ ရှီဗာရမ်​ ရာဂ်ျ​ဂုရု တို့က​တော့ ကွပ်​မျက်​ခံခဲ့ရပါတယ်​။ ဒီကွပ်​မျက်​မှူ​တွေအ​ပေါ် ဂန်​ဒီက ပြစ်​တင်​ရှုတ်ချခဲ့ခြင်းမရှိခဲ့ပါဘူး။ ဂန်​ဒီ ပန်​ဂျပ်​ကို ပြန်​​ရောက်​လာချိန်​မှာ​တော့ ဒီနိုင်​ငံ​ရေးသမား​​တွေအတွက်​ မရပ်​တည်​​ပေးခဲ့တဲ့အတွက်​ သူ့ကို လူထုက ဝိုင်းဝန်း အပြစ်​တင်​ခဲ့ကြပါတယ်​။

ဂန်​ဒီ ၊ အမျိုးသမီးများနှင့်​ လိင်​မှုဆိုင်​ရာ
======================

ဂန်​ဒီ​ရဲ့ မိန်းမ​တွေအ​ပေါ် အ​စောပိုင်းအမြင်​​တွေဟာ ​ရှေးရိုးစွဲအလွန်​ဆန်​ခဲ့ပါတယ်​။ သူက ဇနီးဟာ ခင်​ပွန်းအ​ပေါ် အလိုလိုက်​အကြိုက်​​ဆောင်​ရမယ်​လို့ ယူဆထားတယ်​။ သူ့ရဲ့မိန်းမ ကတ်​ဆာဘာနဲ့ ပက်​သက်​ပြီး ဂန်​ဒီက 'ကျ​နော်​က ခင်​ပွန်းတ​ယောက်​ရဲ့ ရပိုင်​ခွင့်​ကို ရယူတဲ့​​နေရာမှာ အချိန်ယူစရာမလိုအပ်​ပါဘူး' လို့​ပြောခဲ့ပါတယ်​။

တောင်​အာဖရိကမှာ ရှိတဲ့ သူ့ရဲ့ ​တော်​လ်​စတွိုင်း အက်​ရှရမ်​ မှာ သူ့ရဲ့ဖိုဝါဒနဲ့ သန့်​စင်​​ရေးဝါဒ ​တွေကို ဂန်​ဒီက ဆက်​လက်​ကျင့် သုံးခဲ့တယ်​။ ​ကောင်​က​လေး​တွေကမိန်းက​လေးနှစ်​​ယောက်​ကို ​နောက်​​ပြောင်​​နေကြတာကို ​တွေ့ရတဲ့ ဂန်​ဒီဟာစိတ်​အ​နှောင့် အယှက်​ဖြစ်​သွားပြီး မိန်းက​လေး​တွေရဲ့ ဆံပင်​​တွေကို ဖြတ်​ပစ်​ခဲ့ပါတယ်​။ သူတို့ရဲ့ သန့်​စင်​မှုကိုကာကွယ်​ဖို့အပြစ်​​ပေးတဲ့အ​နေနဲ့ဖြစ်​ပါတယ်​။ ဂန်​ဒီက ဘာသာခြားလက်​ဆက်​မှု​တွေကိုဆန့်​ကျင်​သူလည်းဖြစ်​တယ်​။ သူ့ရဲ့သား ဖြစ်​သူက မူစလင်​မိန်းက​လေးတ​ယောက်​နဲ့ လက်​ထပ်​မှာကို တားမြစ်​ခဲ့ပြီး ဟိန္ဒူ မိန်းက​လေးနဲ့ လက်​ဆက်​​ပေးခဲ့ပါတယ်​။

ဂန်​ဒီဟာ ​နောက်​ပိုင်းမှာ​တော့ ဒီအမြင်​​တွေကို နည်းနည်း ​ပြောင်းလဲလာပါတယ်​။ သူက သူ့ရဲ့ ဇနီးအ​ပေါ် ပြု မူခဲ့တာ​တွေကို ​နောင်​တရခဲ့ပြီး အင်​ဒီယ ဖိုဝါဒရဲ့ အဆိုးဆုံး​တွေထဲကတခုဖြစ်​တဲ့ က​လေးသူငယ်​လက်​ထပ်​မှု​တွေကို ကန့်​ကွက်​ခဲ့ပါတယ်​။ အမျိုးသမီး ပညာ​ရေးကိုလည်းအား​ပေးတာ​တွေလုပ်​ခဲ့တယ်​။ အမျိုးသမီး​တွေ အင်​ဒိယလွတ်​လပ်​​ရေး လှုပ်​ရှားမှုမှာ ပါဝင်​လာတာကို ကြိုဆိုခဲ့တယ်​။ ဒါ​ပေမဲ့လည်း သူက ဖိုဝါဒအ​ပေါ် ယုံကြည်​​နေဆဲဖြစ်​ပြီး ​ယောက်ျားမိန်းမ လိင်​နှစ်​မျိုးဟာ မတူညီဘူးလို့လည်း ယူဆထားတုန်းပါ။

သူက 'မိန်းမ​တွေ တာဝန်​ယူထားရတဲ့ မိခင်​ဘဝဟာ ​ယောက်ျား​တွေ ဆီမှာ မရှိတဲ့ (ရှိဖို့မလိုအပ်​တဲ့) အရည်​အ​သွေး​တွေ လိုအပ်​ပါတယ်​။ သူမဟာ နူးညံ့​ပျော့​ပြောင်းပြီး သူက​တော့ သန်​မာတက်​ကြွပါတယ်​။ သူက​တော့ အစားအစာရှာ​ဖွေသူဖြစ်​ပြီး သူမက ဒီအစား​တွေကို ထိန်းသိမ်းသူ ဖြန့်​​ဝေသူ ဖြစ်​ပါတယ်​။ မျိုးနွယ်​စုရဲ့ က​လေးငယ်​​လေး​တွေကို ပြုစုပျိုး​ထောင်​ ရတာဟာ သူတို့ရဲ့ တခုတည်း​သော အထူးရရှိထား​သော အခွင့်​အ​ရေးပါပဲ။ သူတို့သာဒီလို ပျိုး​ထောင်​မ​ပေးရင်​ အမျိုးအနွယ်​ပျက်​သုဉ်းရပါလိမ့်​မယ်​'

ဂန်​ဒီဟာ အမျိုးအနွယ်​ သန့်​စင်​​ရေး ကိုယုံကြည်​သူဖြစ်​တယ်​။ သူက အမျိုးသမီး​တွေကို နိုင်​ငံ (လူမျိုးစု) ရဲ့ အမှတ်​အသားအဖြစ်​ အခန်းကဏ္ဍ​ပေးလိုက်​တယ်​။ ဒီလိုပြုလုပ်​ခြင်းက ​နေ ​ယောက်ျား​တွေဟာ နိုင်​ငံတည်တံ့​ရေး အမျိးအနွယ်​​တည်​တံ့​ရေးအတွက်​ မိန်း မ​တွေကိုထိန်းသိမ်းရမယ်​ ​စောင့်​​ရှောက်​ရမယ်​လို့ ဆိုလိုက်​ခြင်းပါပဲ။ ဒီလိုခံယူချက်​ဟာ ယခုအချိန်​အထိရှင်​သန်​​နေဆဲဖြစ်​တယ်​။ တနည်းအားဖြင့်​​ပြောရရင်​ အမျိုးသမီး​တွေက က​လေး​မွေး​ပေးတယ်​ ၊ ပြုစုပျိုး​ထောင်​ ​ပေးတယ်​၊ အင်​ဒီယန်​မျိုးနွယ်​ကို ဆက်​လက်​တည်​တံ့​စေတယ်​။ ​ယောက်ျား​တွေကလည်း ဒီမိန်းမ​တွေကို အင်​ဒီယန်​ အမျိုးသား​တွေနဲ့ပဲ လက်​ဆက်​​အောင်​ ၊ အင်​ဒီယန်မျိုးနွယ်​တည်​တံ့​​အောင်​ထိန်းသိမ်းရမယ်​လို့ဆိုလိုခြင်းပဲ။

ဂန်​ဒီရဲ့ လိင်​မှုဆိုင်​ရာ အမြင်​​တွေကလည်း ထူးဆန်းပါတယ်​။ သူက လိင်​မှုကိစ္စဟာ မျိုးပွားမှုအပြင်​ အခြားဘာအတွက်​မှမဖြစ်​​စေရဘူးလို့ယူဆတယ်​။ ၁၉၀၆ မှာဂန်​ဒီက သူ့ဇနီးကို တိုင်​ပင်​ခြင်းမပြုဘဲ လိင်​ကင်းရှင်း​ရေးသစ္စာကျိန်​ဆိုခဲ့ပါတယ်​။ ​နောက်​​တော့ မူမမှန်​တဲ့ စမ်းသပ်​မှု​တွေပြုလုပ်​ခဲ့တယ်​။ အဝတ်​ဗလာအမျိုးသမီးငယ်​​တွေ​ဘေးမှာအိပ်​ပြီး သူ့ရဲ့ သမာဓိကို စမ်းသပ်​ခဲ့တာ အပါအဝင်​ပါပဲ။
ဂန်​ဒီက သူ့လိုပဲ အဖြူ ​ရောင်​ ဝတ်​ဆင်​ထားတဲ့ အမျိုးသမီး​နောက်​လိုက်​​တွေနဲ့ ဓာတ်​ပုံတွဲရိုက်​​လေ့ရှိတယ်​။ ဒါ​ပေမဲ့ ဒီအမျိုးသမီး​တွေဟာ သက်​မဲ့ပစ္စည်းအ​နေနဲ့သာ သ​ဘောထားဆက်​ဆံခြင်းခံခဲ့ရပါတယ်​။ ဂန်​ဒီရဲ့ ဖိုဝါဒနဲ့ မူမမှန်​တဲ့ အပြုအမူ​တွေဟာ အင်​ဒိယအမျိုးသမီးထုအတွက်​ တစုံတရာ လုပ်​​ပေးခဲ့တယ်​ဆိုရင်​ အဲဒါက ဖိုကြီးစိုး​ရေး ​နောက်​ပြန်​ဆွဲ အယူ​တွေ ရိုက်​သွင်း ခဲ့တာပါပဲ။

ဂန်​​ဒီနှင့်​ ဇာတ်​ခွဲခြားမှု
===========

အထက်​​အောက်​ ဖိနှိပ်​မှုစနစ်​တခုဖြစ်​တဲ့ 'ဇာတ်​စနစ်​ဟာ ဂန်​ဒီရဲ့ သည်း​ခြေကြိုက်​ပါပဲ။ "လူ​တွေဟာ လူမှု​ရေး သတ္တဝါဖြစ်​လို့ လူမှု ဆက်​ဆံ​ရေး စနစ်​တခုခုကို ပုံ​ဖော်​ထားရှိဖို့လိုတယ်​၊ တို့အင်​ဒိယမှာ 'ဇာတ်​စနစ်​ ' ရှိပြီး သူတို့ဥ​ရောပမှာ 'လူတန်းစားစနစ်​' ရှိ​နေတယ်​" လို့ ဂန်​ဒီက ၁၉၂၀ မှာ​ရေးသားခဲ့တယ်​။

ဂန်​ဒီက ဇာတ်​အလွှာ​တွေ အားလုံးကို တန်းတူညီတူ ​လေးစားမှုပြသင့်​​ကြောင်း လှုံ့ဆော်​ခဲ့တယ်​။ ဒါ​ပေမဲ့လက်​​တွေ့မှာ​တော့ သူက ​အောက်​​ခြေဇာတ်​နိမ့်​​တွေကို နိုင်​ငံ​ရေးအရ ကိုယ်​စားပြုခွင့်​မ​ပေးဖို့ လုပ်​​ဆောင်​ခဲ့တယ်​။ သူက ဒီအုပ်​စု​တွေခံစား​နေရတဲ့ ခွဲခြားခံရမှု​တွေကို ​ကောင်း​ကောင်းနားလည်​ပါတယ်​။

အင်​ဒိယ လူ့အဖွဲ့အစည်းမှာ ဇာတ်​အဆင့်​ဆင့်​​ရှိ​နေပြီး ​အောက်​ဆုံးမှာ​တော့ ဒါးလစ်​ ​တွေရှိပါတယ်​။ တို့ထိလို့မရသူများ (untouchable) လို့လည်း ​ခေါ်ဆိုကြတယ်​။ ဒီ အုပ်​စု​တွေထဲမှာ လူ့အဖွဲ့အစည်း ကဖယ်​ကျဉ်​ထားတဲ့ အ​ရေပြား​ရောဂါသည်​​တွေလည်းပါဝင်​ပါတယ်​။ ၁၉၂၇ မှာ ဆိုရင်​ ဂန်​ဒီက ဒါးလစ်​တွေနဲ့ ဖွံဖြိုးမှု​နောက်​ကျ​နေတဲ့လူ့အဖွဲ့အစည်း​တွေကို ​လေ့လာခဲ့တယ်​။ သူတို့ရဲ့ ဖိနှိပ်​ခံမှု​တွေကို စာတမ်းပြုခဲ့တယ်​။ အမျိုးသမီး​တွေ ဟာ ဇာတ်​မြင့်​လူချမ်းသာ​​တွေရဲ့ မုဒိန်းကျင့်​​စော်​ကားမှု​တွေ ခံ​နေရတယ်​။ တရားဝင်​အသိအမှတ်​ပြု ခြင်းမခံရတဲ့က​လေး​တွေ​မွေးဖွားလာတယ်​။

မြေရှင်​​တွေ ကျင့်​သုံးတဲ့ ဟာလီစနစ်​မှာဆိုရင်​ လယ်​သမားတ​ယောက်​ဟာ လူချမ်းသာ​မြေရှင်​ဆီက ပိုက်​ဆံ​ချေးငှားပြီးရင်​ ​မြေရှင်​ရဲ့ လယ်​မှာအလုပ်​လုပ်​​ပေးရပါတယ်​။ ရတဲ့လစာကအလွန်​နည်းပါးတဲ့အတွက်​ သူကအ​ကြွေးကိုဆပ်​နိုင်​စွမ်းမရှိ​တော့ပါဘူး။ ဒီလိုနဲ့ပဲ ​မြေရှင်​ရဲ့လက်​​အောက်​မှာပဲ​နေရင်း​သေဆုံးရတယ်​။ အ​ကြွေးမ​ကျေ​သေးတဲ့အတွက်​ လယ်​သမား ရဲ့ သားစဉ်​​မြေးဆက်​ ဟာ ​မြေရှင်​ရဲ့ လက်​​အောက်​ခံအလုပ်​သမား​ဘဝက ရုန်းထွက်​နိုင်​ခြင်းမရှိ​တော့ပါဘူး။ ဂန်​ဒီက ဒီစနစ်​​တွေ ၊ ဖိနှိပ်​မှု​တွေ ​ပျောက်​ဖို့ရာ ​မြေရှင်​​တွေက ၊ ဇာတ်​မြင့်​သူကြွယ်​​တွေက ဇာတ်​နိမ့်​သူ​တွေအ​ပေါ် ညှာတာဖို့လိုအပ်​​ကြောင်းသာ​ပြောကြားခဲ့ပါတယ်​။

လစ်​ဘရယ်​ အမ်​ဘတ်​ကာ ဟာ ဒါးလစ်တွေရဲ့​ခေါင်း​ဆောင်​တ​ယောက်​ပါ။ သူက ဇာတ်​နိမ့်​သူ​တွေနဲ့ ဖွံဖြိုးမှု​နောက်​ကျတဲ့ အဖွဲ့အစည်းကလူ​တွေကို နိုင်​ငံ​ရေးအရ ကိုယ်​စားပြမှုရရှိ​စေချင်​ခဲ့တယ်​။ သူက ဒီလူ့အဖွဲ့အစည်း ​တွေအတွက်​ သီးခြား ​ရွေး​ကောက်​ပွဲ​တွေလုပ်​​ပေး​စေချင်​ခဲ့တယ်​။ ဆိုလိုတာက ဒါးလစ်​တွေ နဲ့ ဖွံဖြိုးမှု​နောက်​ကျတဲ့ ​အောက်​​ခြေအလွှာကလူ​တွေက သူတို့ရဲ့​ခေါင်း​ဆောင်​ကို ကိုယ်​စားပြုသူကို သူတို့ကိုယ်​တိုင်​​ရွေးချယ်​​ရေးပါပဲ။ ဒါကိုဂန်​ဒီက လက်​မခံခဲ့ပါဘူး။ ​ သူက အစာငတ်​ခံ ဆန္ဒပြပြီး ဒီအဆို ကိုဆန့်​ကျင်​ခဲ့တယ်​။ ​နောက်​ဆုံး​တော့ အမ်​ဘတ်​ကာ အ​လျှော့​ပေးလိုက်​ရပြီး 'ပူးနာ သ​ဘောတူညီမှု' ကိုလက်​မှတ်​​​ရေးထိုးခဲ့တယ်​'။ ဒီ သ​ဘောတူညီမှုအရ ဒါးလစ်​တွေ အတွက်​ ပြည်​နယ်လွှတ်​​တော်​မှာ ခုံ​တွေချန်​ထား​ပေးခဲ့တယ်​။ ဒါ​ပေမဲ့ ​သီးခြား​ရွေး​ကောက်​ပွဲ​တော့ လုပ်​လို့မရခဲ့ပါဘူး။

ဂန်​ဒီဟာ ဒါးလစ်​​တွေကို ဟာရီဂျန်​ ( ဘုရား၏ က​လေးငယ်​များ) ၊ ဖွံ့ဖြိုးမှု​နောက်​ကျတဲ့သူ​တွေကို ရာနီပါရဂ်ျ​(သစ်​​တော၏လူများ) လို့အမည်​​ပြောင်း​ပေးပြီး သူတို့ကိုမြှင့်​တင်​​ပေးသ​ယောင်​ပြုခဲ့တယ်​။ သူတို့ရဲ့ အခွင့်​အ​ရေး​တွေနဲ့ပက်​သက်​ရင်​​တော့ ဂန်​ဒီက ​တောင်း ဆိုသူကို ပြစ်​တင်​ရှုတ်ချတယ်​​၊ ဒီအခွင်​အ​ရေး​တွေမရ​အောင်​လည်း ဇာတ်မြင့်​ဟိန္ဒူ ​တွေနဲ့ပူး​ပေါင်းလုပ်​​ဆောင်​ခဲ့ပါတယ်​။

ဂန်​ဒီ နှင့်​ အင်​ဒိယ ပါကစ္စတန်​ကွဲထွက်​ခြင်း
========================

အင်​ဒိယ ပါကစ္စတန်​ ကွဲထွက်​မှုမှာ ဂန်​ဒီတဦးတည်ကိုအပြစ်​ပုံချလို့​တော့မရပါဘူး။ ဒါ​ပေမဲ့လည်း သူ့ရဲ့ ဘာသာ​ရေးအသုံးချတဲ့ နိုင်​ငံ​ရေးဟာ ကွဲထွက်​မှု ဖြစ်​​စေတဲ့ ပဋိပက္ခ ​တွေကိုဖြစ်​​စေခဲ့ပါတယ်​။ ဂန်​ဒီရဲ့ ဘာသာ​ရေးနွယ်​တဲ့ နိုင်​ငံ​ရေး လှုပ်​ရှားမှုကို မပူး​ပေါင်း​ရေးလှုပ်​ရှားမှု မှာမြင်​​တွေ့နိုင်​ပါတယ်​။ သူက ခါလီဖတ်​ ကိုအသုံးချပြီး မူစလင်​​တွေ အမျိုးသား​ရေးလှုပ်​ရှားမှုမှာ ပါလာဖို့စည်း ရုံးခဲ့တာဖြစ်​ပါတယ်​။ ​အော်​တိုမန်​ အင်​ပါယာပြိုကွဲအပြီးမှာ အင်​ပါယာသခင်​ဖြစ်​သူကို အစ္စလာမ်​ ​ခေါင်း​ဆောင်​ (Caliph ) အဖြစ်​ဆက်​လက်​ထားရှိဖို့ ​တောင်းဆိုရာက ခါလီဖတ်​ လှုပ်​ရှားမှု ဖြစ်​လာခဲ့တာပါ။ ဒါဟာ အ​ရှေ့အလယ်​ပိုင်း​ပေါ်သက်​​ရောက်​လာတဲ့ ဗြိတိန်​အင်​ပါယာရဲ့ အင်​အားကို ကန့်​သတ်​ဖို့ဖြစ်​ပါတယ်​။ ဒါ​ပေမဲ့ ခါလီဖတ်​ကို အင်​ဒိယအမျိုးသားရေးလှုပ်​ရှားမှုထဲ ဆွဲ​ခေါ်လာခြင်း ဟာ အင်​ဒိယက မူစလင်​နဲ့ ဟိန္ဒူ ​တွေကို သီးခြား လှုမှုအဖွဲ့အစည်း​တွေအဖြစ်​ ကွဲထွက်​သွား​စေပါတယ်​။

မိုဟာမတ်​ အလီဂျင်းနား ဟာ ပါကစ္စတန်​ကို စတင်​တည်​​ထောင်​သူဖြစ်​ပါတယ်​။ သူဟာ အင်​ဒီယကွန်​ဂရက်​ရဲ့ အဖွဲ့ဝင်​ တဦးဖြစ်​ခဲ့ပါတယ်​။ သူက ၁၉၂၀ မှာပါတီကနုတ်​ထွက်​ခဲ့ပါတယ်​။ ​နောင်​မှာ ဘာသာ​ရေးအ​ကြောင်းပြချက်​​တွေသုံးပြီး ပါကစ္စတန်​ခွဲထွက်​​ရေးကို လှုံ့ဆော်​ခဲ့သူလည်းဖြစ်​ပါတယ်​။

မပူး​ပေါင်း​ရေးလှုပ်​ရှားမှု ကျရှုံးပြီး​နောက်​မှာ ဂန်​ဒီဟာ ၁၉၂၀ တ​လျှောက်​လုံး ဘာသာ​ရေးနွယ်​တဲ့ နိုင်​ငံ​ရေး​တွေ လုပ်​​ဆောင်​​နေခဲ့တယ်​။ သူက ဟိန္ဒူ ဘာသာ​ရေးကျမ်းထဲက စာပိုဒ်​​တွေ နဲ့ ရာမ ကို သူ့ရဲ့ နိုင်​ငံ​ရေး ​ဟော​ပြောပွဲ​တွေမှာ ကိုးကား ခဲ့တယ်​။ ၁၉၂၈ မှာ ဖွံ့ဖြိုးမှူ​နောက်​ကျတဲ့ လူမျိုးစု​တွေကို သူ​ဟော​ပြောခဲ့တာက​တော့
'စော​စောထ အာလုတ်​ကျင်း မျက်​နှာသစ်​ပြီးရင်​ ရာမ ရဲ့နာမ​တော်​ကို ရွတ်​ပါ။ ရာမ ဆိုတာ ဘုရား ကို​ခေါ်တာပါ။ ရာမ ကိုအကြိမ်​ကြိမ်​ ရွတ်​ဆိုခြင်းဟာ ​ဆေးစွမ်း​ကောင်းပဲ။သင်​တို့ဟာ အိုရာမ လို့ ရွတ်​ဆိုပြီး ဆု​တောင်းသင့်​တယ်​' ။ဟိန္ဒူ ဘာသာ​ရေးနဲ့ ဆက်​နွယ်​တဲ့ ဒီ သ​င်္ကေတ​တွေဟာ မူစလင်​​တွေနဲ့ အခြား ယုံကြည်​ကိုးကွယ်​သူ ​တွေကို ဖယ်​ထုတ်​သလိုဖြစ်​လာခဲ့တယ်​။ သူတို့က ကွန်​ဂရက်​ ဦး​ဆောင်​တဲ့ အမျိုးသား​ရေးလှုပ်​ရှားမှုကို ဇာတ်​မြင့်​ ဟိန္ဒူ​တွေရဲ့ လှုပ်​ရှားမှု လို့မြင်​လာကြပါတယ်​။ ဒါ့အပြင်​ ကွန်​ဂရက်​​ခေါင်း​ဆောင်​ ​တွေဟာ ဟိန္ဒူ အမျိုးသား​ရေး လက်​ယာအဖွဲ့အစည်း​တွေနဲ့ ဆက်​နွယ်​မှုရှိ​နေခဲ့တယ်​။ ဒီအဖွဲ့​တွေက မူစလင်​လူ့အဖွဲ့အစည်း ရဲ့ လိုလားချက်​​တွေကို ရှုတ်ချသူ​တွေပါ။ မူစလင်​ လူချမ်းသာအုပ်​စုက ဒီ အဖြစ်​​တွေအ​ပေါ်စိုးရိမ်​မကင်းဖြစ်​လာကြတယ်​။ သူတို့ရဲ့ အကျိုးးစီးပွားကို ကွန်​ဂရက်​ပါတီကထိခိုက်​​စေမှာ စိုးရိမ်​လာကြပါတယ်​။

၁၉၄၄ မှာ​တော့ ဂန်​ဒီ - ဂျင်းနား ​ဆွေး​နွေးပွဲ ​တွေပြုလုပ်​ခဲ့​ပေမဲ့ မ​အောင်မြင်​ခဲ့ပါဘူး။ ဒီအချိန်​မှာ ဂျင်းနား ဟာ မူစလင်​ (ဘူဇွာ) အဖွဲ့ချုပ်​ရဲ့ ​ခေါင်း​ဆောင်​ဖြစ်​​နေပါပြီ။ ဒါဟာ ဂန်​ဒီရဲ့ ဘူဇွာပါတီ​တွေကြား ရင်​ကြား​စေ့​ရေး ​နောက်​ဆုံး ဦး​ဆောင်​ကြိုးပမ်းမှုပါပဲ။ သူ့ရဲ့ နိုင်​ငံ​ရေးနဲ့ ပါတီအ​ပေါ် လွှမ်မိုးမှုက ကျဆင်း​နေခဲ့ပြီဖြစ်​ပါတယ်။ ဘာသာ​ရေးအရ ကွဲပြား​နေတဲ့ ဘူဇွာအင်​အားစုနှစ်​ခုဟာ အချုပ်​အခြာအာဏာ ကိုခွဲ​ဝေရယူဖို့ တနည်း​ပြောရရင်​ အကျိုးစီးပွားကို ခွဲ​ဝေဖို့ စိုင်းပြင်း​နေကြပါပြီ။

ဒုတိယ ကမ္ဘာစစ်​အပြီးမှာ​တော့ ​တော်​လှန်​​ရေးအရှိန်​​ကောင်းလာ​နေခဲ့ပါတယ်​။ ဗြိတိန်​အင်​ပါယာရဲ့ ​နေဝင်​ချိန်​ကို​ရောက်​လာ​နေပြီဖြစ်​တာ​ကြောင့်​ အုပ်​စိုးသူလူတန်းစားဟာ အင်ဒိယကထွက်ခွာသွားပြီးရင် ​​​သူတို့ရဲ့ ရင်းနှီးမြှုပ်​နှံမှု ​တွေနဲ့ လွှမ်းမိုးချုပ်​ကိုင်​မှု​တွေကို ဆက်​လက်​တည်​ရှိ​​နေ​စေဖို့ ကြိုးပမ်း​နေကြပါတယ်​။

သူတို့အုပ်​ချုပ်​ခဲ့စဉ်​တ​လျှောက်​လုံး ဘာသာ​ရေး​သွေးကွဲမှုကို အား​ပေးခဲ့တဲ့ ဗြိတိန်​​တွေက အင်​ဒိယ-ပါကစ္စတန်​ ခွဲထွက်​​ရေးအတွက်​ ​လော့ဒ်​ ​မောင့်​ဘတ်​တန်​ ကို​စေလွှတ်​ခဲ့ပါတယ်​။ ဒါက လွတ်​လပ်​တဲ့ အင်​ဒိယကို အားနည်း ပြိုကွဲ​နေ​စေဖို့ပါပဲ။ လူ့သမိုင်းမှာ အကြီးမားဆုံး ​ရွှေ့ပြောင်းမှုကြီးဖြစ်​တဲ့ ဒီကွဲထွက်​မှုမှာ လူ​ပေါင်းငါးသိန်းနဲ့တစ်​သန်းကြား ​သေဆုံးခဲ့ပါတယ်​။ အမျိုးသမီးသိန်း​ပေါင်းများစွာ အဓမ္မ ပြုကျင့်​ခံခဲ့ရပါတယ်​။ လူ ၁၂ သန်း ​လောက်​ ဒုက္ခသည်​ ဘဝ​ရောက်​ကုန်​ပါတယ်​။ ဂန်​ဒီက လွတ်​လပ်​​ရေး ရ​ပေမဲ့ ​အောင်​ပွဲမခံနိုင်​ခဲ့ပါဘူး။ ကွဲထွက်​မှုမှာ ဖြစ်​​နေတဲ့ လူသတ်​မှု​​တွေရပ်​တန့်​ဖို့ တိုက်​တွန်းခဲ့ပါတယ်​။ ၁၉၄၈ ဇန်​န၀ါရီ ၃၀ မှာ​တော့ ဟိန္ဒူ ဘာသာ​ရေး အစွန်း​ရောက်​တစ်​ဦးက ဂန်​ဒီကို လုပ်​ကြံသတ်​ဖြတ်​ခဲ့ပါတယ်​။ ဂန်​ဒီကို ပါကစ္စတန်​ဖက်​က ကာကွယ်​​နေတယ်​လို့ ထင်​မြင်​ယူဆခဲ့တဲ့အတွက်​ပါပဲ။

ဂန်​ဒီ ​သေဆုံးပြီး​နောက်​မှာ ဘူဇွာ​တွေက ဂန်​ဒီကို အင်​ဒိယရဲ့ ဖခင်​အဖြစ်​သတ်​မှတ်​ခဲ့ကြပါတယ်​။ လူသန်း​ပေါင်းများစွာ အတိ ဒုက္ခ ​ရောက်​ခဲ့ရတဲ့ အင်​ဒိယလွတ်​လပ်​​ရေး ရဲ့ သမိုင်းမှန်​ကို ဖုံးကွယ်​ အာရုံလွဲထားဖို့ရာ ဂန်​ဒီကို အင်​ဒိယရဲ့ ငြိမ်းချမ်း​ရေးပြယုဂ်​အဖြစ်​ ထုတ်​​ဖော်​ ပြသခဲ့ပါ​တော့တယ်​။

အုပ်​စိုးသူလူတန်းစားဟာ ဂန်​ဒီ့ကို သူ​တော်​စင်​​နေနဲ့ စံပြု မြှင့်​တင်​ထားတာဟာ တိုက်​ဆိုင်​မှုမဟုတ်​ပါဘူး။ သူ့ရဲ အလုပ်​သမား​ လယ်​သမားထုကို ​ပြောခဲ့တဲ့ ' အကြမ်းမဖက်​မှု ''ငြိမ်းချမ်းစွာ ဆန့်​ကျင်​​ရေး' ဆိုတာ​တွေဟာ အုပ်​စိုးသူတို့နားမှာ​တော့ သာယာတဲ့ ဂီတသံ​တွေပါပဲ။ လက်​နက်​အပြည့်​ တပ်​ဆင်​ထားတဲ့ အစိုးရက ဒီနည်း​တွေကို မ​ကြောက်​ပါဘူး။ ဂန်​ဒီက ကပ်​ပါး​ကောင်​ '​မြေရှင်​' ​တွေနဲ့ 'အရင်းရှင်​' ​တွေကို တိုက်​ခိုက်​ဖြုတ်​ချရမယ့်​အစား သူတို့​တွေနဲ့ ​စေ့စပ်​ညှိနှိုင်းခဲ့တာပါ။

ဒါ​ကြောင့်​ပဲ သူဟာ ရုပ်​ရှင်​​တွေ ၊ သမိုင်းစာအုပ်​​​တွေ မှာ ဂုဏ်​ပြု ခံရပြီး လီနင်​၊ ထ​ရော့စကီး တို့လို ​တော်​လှန်​​ရေး ​ခေါင်း​ဆောင်​​​စစ်​စစ်​ ​တွေက​တော့ အပုတ်​ချခံခဲ့ရတာပါပဲ။ တကယ်​တမ်း​တော့ ဂန်​ဒီဟာ ​တော်​လှန်​​ရေးကို​ကြောက်​တဲ့ ယူတိုပီယန်​ ဘူဇွာ ​ခေါင်း​ဆောင်​တ​ယောက်​ဖြစ်​ပြီး သူ့ရဲ့ လွတ်​လပ်​​ရေးလှုပ်​ရှားမှာဟာ ဘူဇွာ​ကောင်းကျိုး အတွက်​သာဖြစ်​ပါတယ်​။ အလုပ်​သမား လယ်​သမားထုအတွက်​မဟုတ်​ခဲ့ပါဘူး။ သူက အလုပ်​သမား လယ်​သမား​တွေရဲ့ လိုလားချက်​​တွေကို ဖိနှိပ်​ထားခဲ့ပြီး သူတို့အ​ပေါ်သစ္စာ​ဖောက်​ခဲ့သူပါ။ ​တော်​လှန်​​ရေးကို ​ရှေ့တိုး​စေမယ့်​အစား ​နောက်​ဆုတ်​အား​လျော့​အောင်​ပြုလုပ်​ခဲ့သူဖြစ်​ပါတယ်​။

သူက ဇာတ်​ခွဲခြားမှု ၊ လူမျိုး​ရေးနဲ့ လိင်​ခွဲခြားမှု​တွေကို ဆန့်​ကျင်​ခဲ့တယ်​ဆိုတာဟာ ယုတ္တိမရှိ တဲ့ ပါးစပ်​ရာဇဝင်​သာဖြစ်​တယ်​။ ဂန်​ဒီက ဒီခွဲခြားမှု​တွေကို အား​ပေးအဓွန်​ရှည်​​စေချင်​သူပါ။ အာဏာဖီဆန်​​ရေး လှုပ်​ရှားမှုကို ဂန်​ဒီက လမ်းပြဦး​ဆောင်​ခဲ့တာကအမှန်​တရားပါ။ ဒါ​ပေမဲ့လည်း သူကိုယ်​တိုင်​ လှုံ့ ​ဆော်​ခဲ့တဲ့လူထုကို ပြန်​သစ္စာ​ဖောက်​ခဲ့တာပါ။

ဂန်​ဒီဟာ ​တောင်​အာဖရိက က အာဖရီကန်​​တွေကို လွတ်​လပ်​​ရေးအတွက်​ လမ်းပြခဲ့တယ်​လို့ တချို့ကဆိုကြပါတယ်​။ ဂန်​ဒီက လူဖြူ ​တွေနည်းတူ အာဖရီကန်​​တွေအ​ပေါ်ခွဲခြားဆက်​ဆံခဲ့သူဖြစ်​ပါတယ်​။ သူက အင်​ဒီယန်​နဲ့ အာဖရီကန်​ ​တွေ နယ်​ချဲ့ကို စု​ပေါင်း​တော်​လှန်​မှာကို မနှစ်​မြို့ပါဘူး။ ဒီ အချက်​​တွေက သူဟာ အာဖရိကမှာ နယ်​ချဲ့ဆန့်​ကျင်​​ရေးကို ​နှောင့်​​နှေး​စေခဲ့​ကြောင်းသက်​​သေပြ​နေပါတယ်​။

မဟတ္တမ ကရန်​ချက်​ ဂန်​ဒီဟာ ယူတိုပီယန်​ ​ရှေးရိုးစွဲ တ​ယောက်​ဖြစ်​တယ်​။ သူဟာ သူကိုယ်​တိုင်​ ရဲ့ အ​တွေးအ​ခေါ်နဲ့ သင်​ကြားမှု​တွေကိုမှ မလိုက်​နာနိုင်​သူပါ။ သူ့ရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှု နဲ့ အကြမ်းမဖက်​​ရေး မူ​တွေဟာ ​ကြောင်​သူ​တော်​ဆန်​တဲ့ ​ပြောကြားမှု​တွေသာဖြစ်​တယ်​။ သူက မိန်းမ​တွေအ​ပေါ် ခွဲခြားတဲ့ အမြင်​ရှိပါတယ်​။ အင်​ဒိယ ဆင်းရဲသားထုကိုအထင်​အမြင်​​သေးသူဖြစ်​တယ်​။ ဖွံဖြိုးမှု​နောက်​ကျတဲ့ လူမျိုးစု​တွေနဲ့ ဒါးလစ်​ ( ဇာတ်​အလွန်​နိမ့်​သူ ) ​တွေအ​ပေါ် နှိမ့်​ချပါတယ်​။ သူ့ရဲ့ လုပ်​​ဆောင်​မှု​တွေဟာ လွတ်​လပ်​​ရေးလှုပ်​ရှား​မှုတွေကို အရှိန်​တန့်​​စေခဲ့တယ်​။ သူ့ရဲ့ ဇာတ်​မြင့်​ ဟိန္ဒူ ​တွေအ​ပေါ် ပစား​ပေးမှု ​တွေကလည်း အင်​ဒိယ-ပါကစ္စတန်​ ကွဲထွက်​မှုကို ကူညီအား​ပေးရာ ​ရောက်​ခဲ့ပါတယ်​။

(Adapted from 'gandhi: the myths behind the mahatama' by Ravi Mistry)

လင်းကို

ကွန်မြူနစ်စာစောင် အတွဲ၁ အမှတ်၁ ပါဆောင်းပါးဖြစ်ပါတယ်။ စာစောင်အပြည့်အစုံကို အောက်ပါလင့်ခ်ကနေ ဆွဲယူဖတ်နိုင်ပါတယ်။ https://my.pcloud.com/publink/show…