အဲဗားဂရန်ဒီ အိမ်ခြံမြေလုပ်ငန်း ပြိုလဲလာခြင်း နှင့် တရုတ် လက္ခဏာဆောင်သော အရင်းရှင်စနစ် (2)
အရင်းရှင်စနစ်ကျင့်သုံးပြီးတဲ့နောက် ကမ္ဘာ့စီးပွားရေးမှာ ထိပ်တန်းရောက်လာတဲ့ တရုတ်နိုင်ငံဟာ အခုဆိုရင် စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကို တွေ့လာရပါတယ်။ အကြောင်းအရင်းကတော့ တရုတ်ရဲ့ အကြီးဆုံး အိမ်ခြံမြေလုပ်ငန်းစုကြီး Evergrande က ပြိုလဲခါနီး အခြေအနေမှာ ရောက်နေပြီးအကြွေး ကန်ဒေါ်လာ ၃၀၀ ဘီလီယံကျော် တင်နေပါတယ်။ ဒီဖြစ်ရပ်က ၂၀၀၇-၀၈ ခုနှစ်က အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘဏ်ချေးငွေဂယက် ( subprime mortgage crisis ) နဲ့ အဖြစ်ချင်းတူနေပါတယ်။ ဒါကြောင့် အခုနှစ်မှာ တရုတ်အစိုးရအနေနဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်က အမေရိကန်တို့ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာမျိုး ကြုံတွေ့နေရပြီး အရင်းရှင်စနစ်ရဲ့ ဘေးကျပ်နံကျပ်ကာလအတွင်း ရောက်ရှိနေပါတယ်။