■ “မိုဒီရဲ့ ရက်ရက်စက်စက် ဖိနှိပ်မှုတွေကို အလုပ်သမားလူတန်းစားက ဆန့်ကျင်တိုက်ပွဲဝင်လိမ့်မယ်” ■

ကက်(ရှ်)မီးယားနဲ့ပတ်သက်လို့ မိုဒီအစိုးရရဲ့ ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေကြောင့် (အာရှ)ဒေသတခုလုံး ထိတ်လန့်တုန်လှုပ်သွားတယ်။ သြဂုတ်လ ၅ရက်နေ့တုန်းက အငြင်းပွားနေတဲ့ ဂျမ်မူ အိန္ဒိယပြည်နယ်နဲ့ ကက်(ရှ်) မီးယားပြည်နယ်တို့ရဲ့ နှစ်ပေါင်း ၇၀ကြာ အဆင့်နေရာကို (အိန္ဒိယ)သမ္မတအမိန့်တခုတည်းနဲ့ ပယ်ဖျက်ပစ်လိုက် တယ်။ တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သတ်မှတ်ချက်ကိုလည်း ဘာဒီမိုကရေစီ လုပ်ထုံးလုပ်နည်းမှ ကျင့်သုံးမနေပဲ ချက်ချင်းပယ်ဖျက်ပစ်ခဲ့တယ်။

အိန္ဒိယ အခြေခံဥပဒေရဲ့ ပုဒ်မ ၃၇၀နဲ့ ၃၅(က)ကို ရည်ညွှန်းပြောလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သတ် မှတ်ချက်ကို အိန္ဒိယပါလီမန်မှာ ဘာတခွန်းမှ တိုင်ပင်ဆွေးနွေးခြင်း မလုပ်ပဲ သမ္မတအမိန့်တခုတည်းနဲ့ ပယ်ဖျက် ခဲ့ခြင်းဖြစ်တယ်။ ဒါတင် မကသေးဘူး။ ကက်(ရှ်)မီးယားပြည်နယ်ကို နှစ်ခြမ်းခွဲပစ်မယ့် ဥပဒေမူကြမ်းကိုလည်း ပါ လီမန်မှာ တရက်တည်းအဆိုတင်၊ ပြဌာန်းခဲ့တယ်။ ဂျမ်မူ၊ ကက်(ရှ်)မီးယား နဲ့ လဒက် ဒေသဆိုပြီး နှစ်ခြမ်းခွဲပစ် လိုက်တယ်။ လက်ရှိစီမံပြဌာန်းချက်အသစ်အရ ဆိုရင် ဒီဒေသ၂ခုဟာ အိန္ဒိယရဲ့ သီးခြားပြည်နယ်အဆင့် အနေ အထားကို မရတော့ဘူး။ ပြည်ထောင်စုနယ်မြေများဆိုတဲ့ အဆင့်အနေအထားရောက်အောင် လျှော့ချခံလိုက်ရ တယ်။ သဘောကတော့ နျူးဒေလီက ဗဟိုအစိုးရရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက် ရောက်သွားတယ်။

မိုဒီရဲ့ အရင်းရှင်နယ်ချဲ့ လုပ်ရပ်တွေကြောင့် ဒီပြည်နယ်မှာ နေကြတဲ့ လူပေါင်း ၁၃သန်းရဲ့ အခြေခံအခွင့်အရေး တွေ ချေမှုန်းခံလိုက်ရတယ်။ ဒါတင်မကသေးဘူး။ ကောင်းလှပါချည်ရဲ့လို့ လေလုံးထွား ကြွားခဲ့တဲ့ အိန္ဒိယ ဒီမို ကရေစီနဲ့ အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ရဲ့ တကယ့်အတွင်းစရိုက်ကို လှစ်ဟပြလိုက်တာပဲ။ အိန္ဒိယတပြည် လုံးက အဖိနှိပ်ခံလူထုတရပ်လုံး တုန်လှုပ်သွားစေတယ်။ ဒါနဲ့အတူ ဒေသတွင်းတည်ငြိမ်မှုကိုပါ ထိခိုက်စေတယ်။ ကက်(ရှ်)မီးယားပြည်နယ်နဲ့ပတ်သက်လို့ အိန္ဒိယနဲ့ပါကစ္စတန် နောက်ထပ်နယ်ချဲ့စစ်ထပ်ဖြစ်သွားစေနိုင်သလို ဒေသတွင်းတခုလုံးက အဖိနှိပ်ခံအမျိုးသားတွေကို အိန္ဒိယ၊ ပါကစ္စတန်နဲ့ တောင်အာရှနိုင်ငံတွေရဲ့ အုပ်စိုးသူလူ တန်းစားတွေက သွေးချောင်းစီး ဖိနှိပ်တာတွေ ပိုလုပ်လာနိုင်တယ်။ အဖိနှိပ်ခံအမျိုးသားတွေရဲ့ လူထုလှုပ်ရှားမှု ကြီးတွေ သေချာပေါက်ထွက်ပေါ်လာလိမ့်မယ်။ အထူးသဖြင့် (အိန္ဒိယအုပ်စိုးသူလူတန်းစားရဲ့) ခွဲစိတ်ပိုင်းခြား ခြင်းခံလိုက်ရတဲ့ ကက်(ရှ်)ဒေသမှာနေတဲ့ လူထူက အိန္ဒိယနဲ့ ပါကစ္စတန်မှာရှိတဲ့ အလုပ်သမားလူတန်းစားနဲ့ သွေးစည်းညီညွတ်မှုတည်ဆောက်ပြီး ဆန့်ကျင်တိုက်ပွဲဝင်ကြလိမ့်မယ်။ အိန္ဒိယနဲ့ ပါကစ္စတန်က အလုပ်သမား လူတန်းစားကသာ ချိန်သားကိုက်တုံ့ပြန်ပြီး အထွေထွေသပိတ်ဆင်နွှဲလိုက်ရင် အိန္ဒိယက မိုဒီအစိုးရနဲ့ ပါကစ္စတန် က နှိပ်ကွပ်မှုကြမ်းလှတဲ့ အင်ရမ်ခန်းအစိုးရကို ဖြုတ်ချနိုင်လိမ့်မယ်။ ဒါ့အပြင် တောင်အာရှတခွင်လုံးက သန်း ပေါင်းများစွာသော ပြည်သူလူထုကို ရက်ရက်စက်စက်နှိပ်ကွပ်နေတဲ့ အစိုးရယန္တယားတွေကိုပါ ကိုင်လှုပ်ခြိမ်း ခြောက်လိမ့်မယ်။

ဂျမ်မူနဲ့ ကက်(ရှ်)မီးယား အိန္ဒိယပြည်နယ်ဟာ ကမ္ဘာပေါ်မှာ စစ်အင်အားအထူအထပ်ဆုံး ဒေသဖြစ်နေပြီးသား။ ဒီပြည်နယ် တခုတည်းမှာတင် စစ်အင်အား ၅သိန်းကျော်ရှိနေတယ်။ ဒါနဲ့တောင် အခုလို ရက်စက်ကြမ်းကြုတ် လှတဲ့ ဖိနှိပ်မှုတွေကို အကောင်အထည်ဖော်ဖို့ အကြမ်းဖက်စစ်သားတွေ အလုံးအရင်းနဲ့ ထပ်မံစေလွှတ်နေ တယ်။ ပြည်နယ်တခုလုံးဟာ လုံးဝကန့် သတ်ထိန်းချုပ်ခံထားရတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ၊ ဟိန္ဒူဘုရားဖူး တွေနဲ့ ဒီဒေသက မဟုတ်တဲ့ အလုပ်သမားတွေအားလုံးကို အခုလိုမကြေညာခင်လေးတင် ချက်ချင်းထွက်သွား ခိုင်းခဲ့တယ်။ ဒီနောက်မှာတော့ တပြည်နယ်လုံးကို တင်းကျပ်လှတဲ့ ညမထွက်ရအမိန့် ထုတ်ပြန်ဖိနှိပ်လိုက်တယ်။ ကြိုးတပ်ဖုန်းတွေအပါအ၀င် တယ်လီဖုန်းလိုင်းတွေအကုန် ဖြတ်တောက် ပစ်လိုက်တယ်၊ အင်တာနက်လိုင်း လည်း ဖြတ်ပစ်ထားတယ်၊ နိုင်ငံရေးခေါင်းဆောင် ၃၀၀ကျော်ကို ဖမ်းစီးထောင်ချထားတယ်။ လှုပ်ရှားမှုအားလုံး ကို တားမြစ်ပိတ်ပင်ထားတယ်။ တပတ်ကျော်လာခဲ့ပြီဖြစ်ပေမယ့်လည်း တပြည်နယ်လုံးကို အခုလို ဆက်ဖိနှိပ် နေဆဲဖြစ်တယ်။ လူထုဟာ အခြေခံလိုအပ်တဲ့ စားသုံးကုန်တွေ ပြတ်လပ်နေတယ်။ အစာကငတ်ရတဲ့အထဲ ဆေး ၀ါးပါပြတ်နေလို့ လူနာတွေမှာ ဒုက္ခအတိရောက်နေရတယ်။ အစ်နေ့တွေမှာတောင် ဒီလို ဖိနှိပ်မှုတွေကို ပြင်းပြင်း ထန်ထန် ဆက်လုပ်ခဲ့တယ်။ ဒီပြည်နယ်အပြင်ရောက်နေတဲ့ ကက်(ရှ်)မီးယားကျောင်းသားတွေ၊ အလုပ်သမား တွေဟာ အိမ်ကိုမပြန် နိုင်သလို မိသားစုတွေနဲ့လည်း ဆက်သွယ်လို့ မရဘူး။

အစီရင်ခံစာတွေအရ ကန့်သတ်ချုပ်ခြယ်မှုတွေ တရစပ်လုပ်နေတဲ့ကြားက ဆန္ဒပြမှုတွေ၊ လှုပ်ရှားမှုတွေ စတင် လုပ်နေကြတယ်။ ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေကို ဆန့်ကျင်တိုက်ပွဲဝင်ဖို့ လမ်းပေါ်ထွက်လာကြသူ လူထု ဟာ မျက်ရည်ယိုဗုံးဒဏ်၊ အကြမ်းဖက်အင်အားစုတွေရဲ့ သေနတ်ကျည်ဆံဒဏ်တွေကို ရင်စီးခံကြရတယ်။ လွန် ခဲ့တဲ့ သုံးနှစ်ကတည်းက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လာကြတဲ့ လူထုလှုပ်ရှားမှုတွေဟာ အခုထိ အားမာန် အပြည့်နဲ့ ဆက်ဖြစ်နေဆဲ။ အကြမ်းပတမ်း နှိပ်ကွပ်မှုတွေ၊ သတ်ဖြတ်တွေ၊ နိုင်ငံရေးကစားကွက်တွေ မျိုးစုံသုံးခဲ့ ပေမယ့်လည်း အိန္ဒိယအစိုးရအနေနဲ့ အခုထိ ဒီလူထုလှုပ်ရှားမှုကို ဖြိုခွဲနိုင်ခြင်းမရှိသေးဘူး။ ဒါပေမယ့် အခုတချီ အိန္ဒိယအစိုးရရဲ့ ပြင်းပြင်းထန်ထန် ဖိနှိပ်ရေးလုပ်ရပ်တွေကြောင့် အရင်ကထက်ပိုကျယ်ပြန့်တဲ့ လူထုလူတန်းစား တွေ ဒီတိုက်ပွဲထဲပါဝင်လာတော့မယ်၊ ဖြစ်ပွားနေဆဲ လှုပ်ရှားမှုကိုလည်း အရင်ကထက် ပိုရယ်ဒီကယ်ဆန်လာ စေမယ်။ အရင်လှုပ်ရှားမှုက ကက်(ရှ်)မီးယားတောင်ကြားဒေသမှာတင် အဓိကဖြစ်ပွားနေခဲ့တယ်။ ဟိန္ဒူအများ စုရှိတဲ့ ဂျမ်မူဒေသအထိ ပျံ့နှံ့မသွားခဲ့ဘူး။ ဗုဒ္ဓဘာသာအများစုရှိတဲ့ လဒက်ဒေသကိုလည်း ပျံ့နှံ့မသွားခဲ့ဘူး။ ဒါ ပေမယ့် အခုတခါမှာတော့ လဒက်မှာကို လူထုလှုပ်ရှားမှု စပေါက်ကွဲနေပြီ။ အစိုးရရဲ့ ကန့်သတ်ထိန်းချုပ်မှုတွေ ရှိနေတဲ့ကြားကနေ အကြမ်းဖက်နှိပ်ကွပ်မှုတွေကို လူထုက မေးခွန်းထုတ်ဆန့်ကျင်နေကြပြီ။ ဂျမ်မူဒေသမှာဆို ရင်လည်း လူထုရဲ့ အခြေခံရပိုင်ခွင့်တွေကို ချိုးဖျက်ပစ်လိုက်တဲ့ မိုဒီအစိုးရရဲ့ ဒီလုပ်ရပ်ကို ဆန့်ကျင်နေကြပြီ။ ဂျမ်မက မိုဒီရဲ့ ပါတီ(BJP) ထောက်ခံသူတွေတောင် အတော်တုန်လှုပ်နေတယ်။

တိုက်ပွဲဝင် ကက်(ရှ်)မီးယားလူထုဟာ အိန္ဒိယပြည် တနံတလျားက ကျောင်သားတွေ၊ လက်ဝဲပါတီတွေရဲ့ တခဲ နက်ထောက်ခံမှု ရရှိထားတယ်။ မိုဒီရဲ့ ဒီဆုံးဖြတ်ချက်ကို အိန္ဒိယပြည် တနံတလျားမှာ ဆန့်ကျင်ကန့်ကွက်နေ ကြတယ်။ ကွန်မြူနစ်ပါတီတွေက မိုဒီအစိုးရရဲ့ တရစပ်နှိပ်ကွပ်ရေး လုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချလိုက်ပြီး မြို့ ကြီးတော်တော်များများမှာ ဆန့်ကျင်ဆန္ဒပြပွဲ ဦးဆောင်ဆင်နွှဲနေတယ်။ နိုင်ငံအ၀ှမ်း တက္ကသိုလ်တော်တော်များ များမှာ ကျောင်းသားထုက မိုဒီအစိုးရရဲ့ နှိပ်ကွပ်ရေးအစီအမံတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်နေ ကြတယ်။ အိန္ဒိယ ပန်ဂျပ်ပြည်နယ်မှာ ပိုပြီးပြင်းထန်တယ်။ ကွန်ဂရက်ပါတီကလည်း မိုဒီအစိုးရရဲ့ ဒီခြေလှမ်းကို ရှုတ်ချလိုက်တယ်။ ဒါပေမယ့် ခပ်ရွံ့ရွံ့နဲ့လုပ်ရရှာတယ်။ နိုင်ငံတော်နဲ့ ဘာသာရေး မရောထွေးရေးသမားတွေ၊ လစ်ဘရယ်တွေကလည်း မိုဒီအစိုးရကို ပြင်းပြင်းထန်ထန် ကန့်ကွက်လာကြတယ်။ ဒါပေမယ့် သူတို့ရဲ့ အခြေ ခံငြင်းချက်က အခြေခံဥပဒေကို မခန့်လေးစားလုပ်တယ်ဆိုတဲ့ ယူဆချက်ကနေ ထွက်ပေါ်လာခြင်းဖြစ်တယ်။ မို ဒီအစိုးရဲ့ ဒီလုပ်ရပ်တွေကြောင့် နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်တွေကို ကိုင်လှုပ်လိုက်သလို ဖြစ်သွားတဲ့အတွက် လစ်ဘရယ်တွေက အိန္ဒိယနိုင်ငံတော်ရဲ့ အနာဂတ်ကို စိုးရိမ်ကြောင့်ကြနေကြတယ်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေ သက ခွဲထွက်ရေးလှုပ်ရှားမှုတွေ ဖြစ်ပွားနေတဲ့ ပြည်နယ်တွေနဲ့ အဖိနှိပ်ခံ အမျိုးသားတွေရဲ့ ခက်ခဲကြမ်းတမ်းလှ တဲ့ အခြေအနေကို သူတို့အဓိက စိုးရိမ်နေကြခြင်းဖြစ်တယ်။ လစ်ဘရယ်တွေအမြင်မှာ သိပ်မကြာခင် မိုဒီအစိုးရ က ဒီလှုပ်ရှားမှုတွေကို အကြမ်းဖက်ချေမှုန်းတော့မယ်၊ ဖောက်ပြန်တဲ့ ဟိန္ဒူလူမျိုးရေးဘာသာရေးအလံကို လွှင့် ထူလိမ့်မယ်၊ မိုဒီရဲ့ပါတီ BJP နောက်ကွယ်မှာရှိနေတဲ့ RSS ဆိုတဲ့ ဖက်ဆစ်ကေဒါအဖွဲ့က ဟိန္ဒူအမျိုးသား အစွန်း ရောက်လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ပေးနေတယ်။ ဒါ့ကြောင့် လစ်ဘရယ်တွေက အိန္ဒိယ ဖွဲ့စည်းပုံပါ နိုင်ငံတော်နဲ့ ဘာသာရေး မရောထွေးရေးမူ အနှစ်သာရကို မိုဒီအစိုးရက ဆက်လက်ကျင့်သုံးစေချင်တယ်။ ဖွဲ့ စည်းပုံမှာ ရေးဆွဲထားပြီး တရားရုံးက အကာအကွယ်ပေးထားတဲ့ ပြဌာန်းချက်တွေ၊ ဥပဒေတွေကို မိုဒီအစိုးရက စောင့်ထိန်းစေချင်ကြတယ်။ (အိန္ဒိယ) ကွန်မြူနစ်ပါတီတွေရဲ့ ရပ်တည်ချက်ကလည်း လစ်ဘရယ်တွေနဲ့ မကွာ ဘူး။ အိန္ဒိယ ဖွဲ့စည်းပုံပါ နိုင်ငံတော်နဲ့ ဘာသာရေး မရောထွေးရေးမူကို ကာကွယ်ဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်းရှင်အစိုးရ မိုဒီက ဆုတ်ဖြဲမပစ်အောင် ကယ်တင်ဖို့ ကြိုးစားနေကြတယ်။

လစ်ဘရယ်တွေကို မိုဒီက ဒီဆုံးဖြတ်ချက် ကြေညာပြီးတဲ့နောက် မိန့်ခွန်းခြွေ တုံ့ပြန်တိုက်ခိုက်လိုက်တယ်။ သူ့ မိန့်ခွန်းထဲမှာ ကက်(ရှ်)မီးယားဒေသကို တိုးတက်ဖွံ့ဖြိုးလာအောင် မလုပ်နိုင်ပဲ အောက်ကျနောက်ကျ ဖြစ်နေစေ လို့ လစ်ဘရယ်တွေနဲ့ အရင်အစိုးရတွေကို မိုဒီက ဝေဖန်တိုက်ခိုက်ခဲ့တယ်။ ဗြောင်ကျကျ လှောင်ပြောင် လိမ် လည်လိုက်တာကတော့ မိုဒီဟာ သူ့ကိုယ်သူ အမျိုးသမီးအခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လူနည်းစုအ ခွင့်အရေး၊ ကက်(ရှ်)မီးယားနဲ့ ဂျမ်မူဒေသက တခြားဒီမိုကရေစီ အခွင့်အရေးတွေရဲ့ ကာကွယ်စောင့်ရှောက်သူ အဖြစ် ပုံဖော်တင်ဆက်လာတာပဲ။ ဒီဒေသ ဖွံ့ဖြိုးတိုးတက်၊ ကြွယ်ဝလာတော့မယ့် ခေတ်တခေတ်လို့ ကြေညာ မောင်းခတ်လိုက်သေးတယ်။ ကက်(ရှ်)မီးယားဒေသကို ခေတ်မီစက်ရုံကြီးတွေ ဆောင်ကြဉ်းပေးဦးမယ်လို့လည်း ဆိုသေးတယ်၊ ခေတ်မီစက်ရုံကြီးတွေမရှိဘဲ ဒီဒေသ ဖွံ့ဖြိုးလာမှာမဟုတ်ဘူး။ ဒီဒေသခံလူထု ကြုံတွေ့နေရတဲ့ ခက်ခဲကြမ်းတမ်းမှုတွေ အဆုံးသတ်သွားစေရမယ်လို့ မိုဒီက ဟစ်ကြွေးထားတယ်။ ဘူဇွှာပြုပြင်ရေးသမား အ ယောင်ဆောင်ထားတဲ့ မိုဒီက သူဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကက်(ရှ်)မီးယားဒေသမှာ အကြမ်းဖက်လုပ်ကြံရေး ၀ါဒ (terrorism) နဲ့ သွေးထွက်သံယိုဖြစ်စေမှုတွေကို အဆုံးသတ်သွားစေမယ်လို့ တတိုင်းပြည်လုံးကို လိမ်ညာ ဖို့ ကြိုးစားခဲ့တယ်။

ဒါပေမယ့် မြေပြင်အခြေအနေကတော့ မိုဒီလိမ်လည်ချက် မိန့်ခွန်းနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတယ်။ မိုဒီရဲ့ လုပ်ရပ်ကြောင့် တောင်အာရှ ဒေသတွင်းတခုလုံး မတည်မငြိမ်ဖြစ်ပြီး (နယ်ချဲ့)စစ်တွေ၊ ပြည်တွင်းစစ်တွေ၊ သွေး ချောင်းစီးမှုတွေ၊ အကြမ်းဖက်လုပ်ကြံရေးတွေ၊ တသီတတန်းကြီးဖြစ်လာနိုင်တယ်။ ဒေသတွင်းတခုလုံးရဲ့ သ မိုင်းဆိုင်ရာ အချိုးအကွေ့ကြီးတခုဖြစ်တဲ့ ဒီလုပ်ရပ်ကြောင့် အစိုးရရဲ့ အကြမ်းဖက်ဖိနှိပ်မှု၊ အမျိုးသားနိုင်ငံငယ် လေးတွေကို ဖိနှိပ်မှု၊ ခွဲခြားခံလိုက်ရတဲ့ နှစ်ဘက်စလုံးက အလုပ်သမားလူတန်းစားတရပ်လုံးကို တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာလိမ့်မယ်။ တဖက်မှာလည်း မိုဒီအစိုးရရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ခုခံဆန့်ကျင်မှုတွေ ပိုပြင်း ထန်လာပြီး ဖိနှိပ်တဲ့ အစိုးရအားလုံးကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာလိမ့်မယ်။ မဟာ ဗျူဟာအရ၊ နိုင်ငံရေးအရ လုံးဝဆန်းသစ်တဲ့ အခြေအနေတရပ် ပေါ်ထွက်လာပြီ။ ဒီအခြေအနေသစ်ကနေ တော်လှန်ရေးဆိုင်ရာသက်ရောက်မှုတွေ ရှိလာမှာဖြစ်သလို တန်ပြန်တော်လှန်ရေး သက်ရောက်ချက်တွေလည်း ရှိလာလိမ့်မယ်။

တကယ်တော့ အိန္ဒိယအုပ်စိုးသူလူတန်းစားရဲ့ အလွန်အကျွံ နှိပ်ကွပ်ရေးခြေလှမ်းဟာ အမျိုးသားရေး ပြသနာကို (အကြမ်းဖက်နှိပ်ကွပ်ရေးမဟုတ်တဲ့) တခြားနည်းတွေနဲ့ သူတို့ ဖြေရှင်းနိုင်စွမ်းမရှိကြောင်း တစမကျန် မျက်နှာဖုံး ခွာပြလိုက်တယ်။ ကက်(ရှ်)မီးယားလူထုရဲ့ ဂုဏ်ရောင်ပြောင်တဲ့ ဒီလှုပ်ရှားမှုကြောင့် အိန္ဒိယအုပ်စိုးသူလူတန်း စားအနေနဲ့ အစိုးရယန္တယားတစုံလုံး ထိခိုက်လာနိုင်တဲ့ အန္တရာယ်ကို စွန့်စားပြီး တော်လှန်အုံကြွမှုကို ချေမှုန်းရ မယ့် အနေအထားရောက်သွားတယ်။ အားအကြီးဆုံးရန်သူတွေကို စိန်ခေါ်တိုက်ပွဲဝင်နေတဲ့ [ကက်(ရှ်)မီးယား] လူထုလှုပ်ရှားမှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ခုလုံး အားကောင်းလာလိုက်၊ ဆုတ်ယုတ်လာလိုက်၊ ပြန်အား ကောင်းလိုက်နဲ့ ရပ်ဆိုင်းသွားခြင်းမရှိခဲ့ဘူး။ အာဇာနည်ပေါင်းများစွာရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ လူထုလှုပ် ရှားမှု သြဇာစက်ဝန်း ကျယ်ပြန့်နက်ရှိုင်းလာတယ်။ အိန္ဒိယနဲ့ ပါကစ္စတန် (အုပ်စိုးသူလူတန်းစားတွေ)က ဒီလှုပ် ရှားမှုကို ကိုယ့်နည်းနဲ့ကိုယ် ချေမှုန်းဖို့ ကြိုးစားခဲ့ကြတယ်။ သူတို့ရဲ့ ဗိုလ်ကျအုပ်စိုးမှု သက်ဆိုးရှည်စေဖို့ အာဇာ နည်တွေရဲ့ သွေးကို စတေးခဲ့ကြတယ်။ အိန္ဒိယ(အုပ်စိုးသူလူတန်းစား)က အဆိုးရွားဆုံး ဖိနှိပ်မှုကို အသုံးပြုပြီး ကက်(ရှ်)မီးယားလူထုကို ကျွန်ပြုရေး နှစ်ပေါင်းများစွာ ညှည်းပန်းနှိပ်စက်ခဲ့ကြတယ်။ ဒါပေမယ့် ထပ်ပြန်တလဲလဲ အလဲလဲ အကွဲကွဲ ကျရှူံးခဲ့ရတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က စတင်ခဲ့တဲ့ လူထုလှုပ်ရှားမှုဟာလည်း ကက်(ရှ်) မီးယားဒေသမှာ (အုပ်စိုးသူ လူတန်းစားရဲ့ အကြမ်းဖက်နှိပ်ကွပ်ရေး) စစ်သားပေါင်း ၅သိန်းကျော်ရှိနေပေမယ့် အားပျော့ဆုတ်ယုတ်သွားခြင်းမရှိဘူး။ ပါကစ္စတန် (အုပ်စိုးသူလူတန်းစား)ကတော့ [ကက်(ရှ်)မီးယား] လူထု လှုပ်ရှားမှုကို ဘာသာရေးအစွန်းရောက်ဝါဒ၊ အကြမ်းဖက်လုပ်ကြံရေးဝါဒတွေနဲ့ လမ်းလွှဲပို့ပစ်ဖို့ ကြိုးစားခဲ့တယ်။ ပါကစ္စတန် (အုပ်စိုးသူလူတန်းစား)ဘက်က ဒီနည်းတွေသုံးလာတဲ့အခါ အိန္ဒိယ(အုပ်စိုးသူလူတန်းစား)အဖို့ [ကက်(ရှ်)မီးယား] လူထု လှုပ်ရှားမှုကို ပိုဖိနှိပ်လို့ရအောင် အကြောင်းပြချက်ရသွားတယ်၊ ကက်(ရှ်)မီးယားကို တခြားဒေသတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး ကက်(ရှ်)မီးယားပြည်သူတိုင်းကို အကြမ်းဖက်လုပ်ကြံရေးသမား တွေအဖြစ် တံဆိပ်ကပ်ချေမှုန်းဖို့ လုပ်တယ်။ ၉၀ခုနှစ်တွေကတော့ ဒီမဟာဗျူဟာ ၂နိုင်ငံလုံး (အိန္ဒိယနဲ့ ပါကစ္စ တန်)မှာ အတော်လေးအောင်မြင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာတော့ လူထုလှုပ်ရှားမှုက ပါကစ္စတန်အစိုးရရဲ့ ကြားဝင်ခြေရှုပ်မှုကို လက်မခံတော့ဘူး။ အစွန်းရောက် လူငယ်လေးငါးဆယ်ယောက်လောက်ရဲ့ တကိုယ်တော် အကြမ်းဖက်လုပ်ကြံရေးနည်းနာတွေ(individual terrorism)ကို လူထုလှုပ်ရှားမှုက ဆန့်ကျင်တိုက်ပွဲဆင်လာ ကြတယ်။

တလောက ဖြစ်သွားတဲ့ လှုပ်ရှားမှုကို ဆယ်ကျော်သက်လူငယ်အများစု ဦးဆောင်ခဲ့ခြင်းဖြစ်တယ်။ ဒါဟာ ကက် (ရှ်)မီးယားဒေသက နိုင်ငံရေးပါတီအားလုံး ဖောက်ပြန်ပျက်စီးနေမှု၊ တပ်ဦးကနေ ရှေ့ဆောင်နိုင်မှုမရှိခြင်းကို ဖွင့် ထုတ်ပြလိုက်ခြင်းပဲ။ အမျိုးသားကွန်ဖရင့်၊ ပြည်သူ့ဒီမိုကရေစီပါတီ၊ ကွန်ဂရက် နဲ့ တခြားသော အိန္ဒိယလိုလားတဲ့ ပါတီတွေ၊ ဂျမတ် အီး အစ်စလမ်မီ နဲ့ ဟာရီယတ်ကွန်ဖရင့်တို့လို ပါကစ္စတန်လိုလားတဲ့ ပါတီတွေ၊ အားလုံးရဲ့ ဖောက်ပြန်ပျက်စီးနေမှုကို ဒီလှုပ်ရှားမှုက မျက်နှာဖုံးခွာချပြလိုက်တယ်။ လူငယ်တွေ ခေါင်းဆောင်တဲ့ ဒီလှုပ်ရှား မှုမှာ အဲဒီပါတီတွေ အုတ်တချပ်သဲတပွင့်တောင် ပါဝင်နိုင်ခြင်း မရှိခဲ့ဘူး။ အိန္ဒိယအစိုးရက ကက်(ရှ်)မီးယား လူထုရဲ့ လွတ်လပ်ရေးတိုက်ပွဲကို အဲဒီပါတီကနေတဆင့် ထိန်းချုပ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ကက်(ရှ်)မီး ယားရဲ့ ခေါင်းဆောင်အမည်ခံထားသူတွေ (တကယ်တော့ အိန္ဒိယအစိုးရလက်ကိုင်တုတ် ပါတီခေါင်းဆောင်တွေ) နဲ့ ဟန်ရေးပြညှိနှိုင်းမှုတွေလုပ်ပြီး ကက်(ရှ်)မီးယား လူထုရဲ့ လွတ်လပ်ရေးတိုက်ပွဲကို လမ်းလွဲသွားအောင် လုပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီနိုင်ငံရေးပါတီတွေနဲ့ သူတို့ရဲ့ခေါင်းဆောင်တွေဟာ ပကတိအ ခြေအနေအမှန်ကို မသုံးသပ်နိုင်ကြဘူး။ ဒါ့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ၃၇၀ကို ပယ်ဖျက်ပစ်မယ့် မိုဒီ ဆုံးဖြတ်ချက်ကို သူတို့ဘယ်လိုမှ ကြိုတင်မခန့်မှန်းနိုင်ခဲ့ဘူး။ အမျိုးသားကွန်ဖရင့်ပါတီခေါင်းဆောင် ဖြစ်ပြီး ဒီပြည်နယ်ကို လွန်ခဲ့တဲ့ နှစ်၇၀လုံး အုပ်စိုးလာတဲ့ အဒူလမင်းဆက်ရဲ့ လက်ရှိခေါင်းဆောင်လည်းဖြစ်တဲ့ ဖရူး အဒူလ ဟာ မိုဒီရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်မဖော်ခင် တရက်အလိုအထိ ဘာမှန်းနားမလည်သေး ဘူး။ ဖရူး အဒူလနဲ့ သူ့ပါတီဟာ လူထုလှုပ်ရှားမှုကို အကြိမ်ကြိမ် သစ္စာဖောက်ခဲ့တယ်။ ဂျမ်မူနဲ့ ကက်(ရှ်)မီးယား ဒေသက လူထုကို ဖိနှိပ်ရာမှာ အိန္ဒိယ အုပ်စိုးသူလူတန်းစားနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ဒီနှစ်မေလက ကျင်း ပခဲ့တဲ့ အောက်လွှတ်တော် ရွေးကောက်ပွဲတွေမှာ ကက်(ရှ်)မီးယားတောင်ကြားဒေသမှာ အစိုးရရဲ့ ဖိနှိပ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ လူထုက ရွေးကောက်ပွဲတွေကို သပိတ်မှောက်ခဲ့ကြတယ်။ ဒါပေမယ့် ဖရူး အဒူလ က ရွေး ကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရုံတင် မကသေးဘဲ ရှက်စရာ မဲပေးနှုန်း ၁၀%အောက် အနေအထားမှာ စရိန ဂါး ရွှေမြို့တော်က ဘိုးစဉ်ဘောင်ဆက် အုပ်စိုးလာတဲ့ ထိုင်ခုံနေရာကို အရယူခဲ့သေးတယ်။ လွန်ခဲ့တဲ့ တနှစ်ကမှ မိုဒီရဲ့ BJP ပါတီနဲ့ မဟာမိတ်ပြုပြီး ပြည်နယ်ဝန်ချုပ်ဖြစ်လာသူ ပြည်သူ့ဒီမိုကရေစီပါတီ ခေါင်းဆောင် မက်တီ လည်း အဒူလ နဲ့သိပ်မကွာပါဘူး။ မက်တီက မိုဒီနဲ့ အင်မတန် ချစ်ကြည်ရင်းနှီးမှု ရှိတယ်။ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဝင် ပါတီတွေလည်း အခြေအနေမလှပါဘူး။ သူတို့ကိုယ်ကျိုးအတွက် လူထုလှုပ်ရှားမှုကို ထိန်းချုပ် ဖို့ကြိုးစားတာ မအောင်မြင်ခဲ့ဘူး။

မိုဒီ လုပ်ရပ်ကြောင့် အိန္ဒိယလိုလားတဲ့ ပါတီတွေ သင်္ချိုင်းဘက် နီးသွားစေတယ်။ ဒါပေမယ့် ဒီပါတီတွေကို အိန္ဒိ ယ ဘူဇွှာတွေနဲ့ အစိုးရအတွက် အသုံးမ၀င်တော့အောင် လုပ်လိုက်တာကတော့ လူထုလှုပ်ရှားမှုပဲ။ ဒီကြေညာ ချက်ထွက်လာပြီးတဲ့နောက် အိန္ဒိယအစိုးရအနေနဲ့ လူထုကို ထိန်းချုပ်ဖို့ မစွမ်းနိုင်တော့။ လူထုလှုပ်ရှားမှုကို အ ကြမ်းဖက်နှိပ်ကွပ်မဲ့ မိုဒီဆန္ဒ မှန်းချက်မကိုက်ဖြစ်ရသလို ကက်(ရှ်)မီးယားဒေသနဲ့ ကျန်အိန္ဒိယတပြည်လုံး ဖြတ် တောက်ရေး အစီအမံတွေလည်း အကောင်အထည်ပေါ်လာမှာမဟုတ်ဘူး၊ ဒီလှုပ်ရှားမှုက အိန္ဒိယအလုပ်သမား လူတန်းစားရဲ့ ကံကြမ္မာနဲ့ အရင်ကထက် ပိုချိတ်ဆက်မိလာလို့ပဲ။

ပါလက်စတိုင်းမှာ အစ်စရေးတွေ အခြေချနေထိုင်ခဲ့တဲ့ နမူနာ၊ ဟန်တရုတ်တွေ ရှီကျင်းဒေသကို ပြောင်းရွှေ့ အခြေချနေထိုင်နိုင်အောင် အစိုးရက ပံ့ပိုးပေးခဲ့တဲ့ နမူနာတွေကို စံထားအတုယူပြီး မိုဒီအစိုးရကလည်း ဒီပြည် နယ်ရဲ့ လူဦးရေဖွံ့စည်းတည်ဆောက်ပုံကို ပြောင်းပစ်ဖို့ နောက်ထပ်ခြေလှမ်းပြင်နေကြောင်း လေ့လာသုံးသပ်သူ အများစုက တွက်ဆနေကြတယ်။ ဖွဲ့စည်းပုံထဲကနေ ပုဒ်မ ၃၅ (က)ကို ပယ်ဖျက်ပစ်လိုက်တဲ့အတွက် အိန္ဒိယနိုင် ငံသားတိုင်းဟာ ဂျမ်မူနဲ့ ကက်(ရှ်)မီးယားဒေသမှာ ပိုင်ဆိုင်မှုပစ္စည်းတွေကို စိတ်ကြိုက် ရောင်းနိုင်၊ ၀ယ်နိုင်တယ်။ အရင်က ဖွဲ့စည်းပုံအခြေခံဥပဒေထဲပါ ဒီဒေသရဲ့ အထူးအဆင့်အနေအထားကြောင့် အဲသလိုလုပ်ခွင့် မရှိဘူး။ တ ဆက်တည်းမှာပဲ အိန္ဒိယပြည်တနံတလျား ဖောက်ပြန်တဲ့ ပြောဆိုသံတွေ ညံလာတယ်။ BJP ခေါင်းဆောင်တွေ ကဆိုရင် တခြားပြည်နယ်သားတွေဟာ အသားလတ် ကက်(ရှ်)မီးယားသူလေးတွေနဲ့ လက်ထပ်လို့ရတော့မယ် လို့ လူသိရှင်ကြား ထုတ်ပြောလာကြတယ်။ ဒီလို ပြောဆိုသံတွေကြောင့် အိန္ဒိယပြည်သူတွေ အံ့အားသင့်ဒေါသ ထွက်ကုန်တယ်။ BJP ခေါင်းဆောင်တွေရဲ့ မှတ်ချက်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြတယ်။ အိန္ဒိယအစိုးရ က တခြားဒေသက လူတွေကို ကက်(ရှ်)မီးယားဒေသဆီ ဇွတ်ပြောင်းရွှေ့တာတွေလုပ်လာရင် မကြာခင်မှာ လူ ထုအတိုင်းအတာနဲ့ ကန့်ကွက်မှုတွေ လုပ်လာလိမ့်မယ်။ အုပ်စိုးသူလူတန်းစားရဲ့ တခြားသော ဖောက်ပြန်တဲ့ လုပ်ရပ်တွေကိုပါ ကက်(ရှ်)မီးယားလူထုနဲ့ အိန္ဒိယအလုပ်သမား လူတန်းစားတရပ်လုံးက ပြင်းပြင်းထန်ထန် ခုခံ ဆန့်ကျင်ကြလိမ့်မယ်။ ဒီအခါ ကက်(ရှ်)မီးယားက တော်လှန်ရေးနဲ့ မိုဒီအစိုးရကို ဆန့်ကျင်တဲ့ အိန္ဒိယအလုပ်သ မားလူတန်းစားရဲ့ လှုပ်ရှားမှု ချိတ်ဆက်မိလာလိမ့်မယ်။ အဲသလို ချိတ်ဆက်မိလာတဲ့တနေ့ ဒေသတွင်းတခုလုံး တော်လှန်ရေးဒီရေတွေ တလိမ့်လိမ့် တက်လာလိမ့်မယ်။

■ မျက်နှာဖုံးခွာချခံလိုက်ရတဲ့ ပါကစ္စတန်ရဲ့ “ကက်(ရှ်)မီးယားလွတ်လပ် ရေး” ကြွေးကြော်သံ ■

ပါကစ္စတန်က အခြေအနေက အိန္ဒိယထက် မြန်မြန်ဆန်ဆန် ပေါက်ကွဲမယ့် အနေအထား။ ပါကစ္စတန်က ကက် (ရှ်)မီးယားကို သူ့ရဲ့ လည်ပင်းတွင်းသွေးပြန်ကြောအဖြစ် ပြောလေ့ရှိတယ်။ အိန္ဒိယလက်အောက်ခံ ဒေသမှရှိနေ တဲ့ ကက်(ရှ်)မီးယားလူထုရဲ့ လှုပ်ရှားမှုကို ထောက်ခံကြောင်း အမြဲလိမ်ညာနေတဲ့ ပါကစ္စတန်။ ဒါပေမယ့် ပါကစ္စ တန်လက်အောက် ကျရောက်နေတဲ့ ဂျင်ဂျစ် ဘော်တစ်(စ်)တန် အပါအ၀င် ကက်(ရှ်)မီးယားဒေသကို ဖိနှိပ်ပြီး လူထုရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကိုလည်း ကန့်သတ်ချုပ်ခြယ်ထားတယ်။ ပါကစ္စတန်အုပ်စိုးသူလူတန်းစား ဟာ ကက်(ရှ်)မီးယားအရေးကို အကြောင်းပြပြီး ပါကစ္စတန် လူထုတရပ်လုံးကို သွေးစုပ်ခြယ်လှယ်ဖို့ အမြဲအား ထုတ်ခဲ့တယ်။ ဆင်းဆင်းရဲရဲ ငမွဲတိုင်းပြည်လေး ပါကစ္စတန်က စစ်အင်အားကို အလုံးအရင်းတည်ဆောက်ပြီး နျူ ကလီယာ လက်နက်ထုတ်လုပ်ရေးအတွက် အင်တိုက်အားတိုက် ရင်းနှီးထားခြင်းကို ဆင်ခြေပေးကာကွယ်စရာ ဆိုလို့ ကက်(ရှ်)မီးယားအရေးရယ်၊ အိန္ဒိယနဲ့ ရန်လိုနေတဲ့ အချက်ရယ်ပဲရှိတယ်။ ဒါပေမယ့် မိုဒီက အခုလို ကောက်လုပ်လိုက်တော့ ပါကစ္စတန်အုပ်စိုးသူလူတန်းစားအဖို့ အခက်တွေ့သွားတယ်။ ပါကစ္စတန်အုပ်စိုးသူလူ တန်းစား လက်ယာဂိုဏ်းက အိန္ဒိယကို တိုက်ဖို့ တောင်းဆိုနေတယ်။ ဒီလို သမိုင်းအချိုးအကွေ့မှာ ကက်(ရှ်)မီး ယား လွတ်လပ်ရေးကို သေချာပေါက်ရစေဖို့ ပြောလာတယ်။ ဒါပေမယ့် ပါကစ္စတန်အုပ်စိုးသူလူတန်းစားက အိန္ဒိ ယ အုပ်စိုးသူလူတန်းစားနဲ့ ပဋိပက္ခမဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်တယ်။ လက်ရှိ ပါကစ္စတန်အုပ်စိုးသူ လူ တန်းစားရဲ့ အင်အားချိနဲ့နေမှုကို အထင်းသားဖော်ပြလိုက်ခြင်းပဲ။ တကယ်တော့ “ကက်(ရှ်)မီးယားလွတ်လပ် ရေး” ထောက်ခံကြောင်း လိမ်လည်ခဲ့ခြင်းဟာ လွန်ခဲ့တဲ့ ၇၃နှစ် ပါကစ္စတန် စတင်ထူထောင်ကတည်းက အမြစ် တွယ်လာတဲ့ အရာ။ ကက်(ရှ်)မီးယားအရေးနဲ့ပတ်သက်လို့ အိန္ဒိယနဲ့ ပါကစ္စတန် (၁၉၄၈၊ ၁၉၆၅၊ ၁၉၉၉ နှစ် တွေမှာ) စစ်ပွဲသုံးကြိမ်ဖြစ်ခဲ့တယ်။ မကြာခင်ကဖြစ်သွားတဲ့ အိန္ဒိယနဲ့ လေကြောင်းတိုက်ပွဲလေးဟာလည်း ကက် (ရှ်)မီးယားအရေးကြောင့်ပဲ။ (ပါကစ္စတန်) ကျောင်းသင်ရိုးတွေမှာတောင် တနေ့မှာ ကက်(ရှ်)မီးယားဒေသ လွတ် လပ်သွားပြီး ပါကစ္စတန်ရဲ့ အစိတ်အပိုင်းဖြစ်လာမယ်လို့ ၀ါဒဖြန့်ထားတယ်။ အစိုးရမီဒီယာတွေ၊ တခြားအဖွဲ့အ စည်းတွေကလည်း ဒီအယူအဆမှိုင်းကို မပြတ်ဖြန့်ချိနေတယ်။ ဒီအယူအဆဟာ စစ်တပ်နဲ့ လုံခြုံရေးအင်အားစု တွေကြား တွယ်ဆက်ထားတဲ့ သဘောတရားရေးရာ အင်္ဂတေရဲ့ အရေးကြီးအစိတ်အပိုင်းတခုလည်းဖြစ်တယ်။ ဒါပေမယ့် အန္တရာယ်ကြားက ဆယ်ယူရမယ့်အချိန် ရောက်လာတဲ့အခါမှာတော့ ပါကစ္စတန်အုပ်စိုးသူလူတန်းစား ဘာမှ မဆုံးဖြတ်နိုင်၊ ဘာမှ မလှုပ်နိုင်ကြောင်း လူထုမြင်တွေ့လိုက်ရတယ်။ ဒီအခြေအနေဟာ မကြာခင်ကာလ မှာ ပြောင်းကောင်းပြောင်းသွားနိုင်တယ်။ ဒါပေမယ့် အခုလက်ရှိအခြေအနေကတော့ (ပါကစ္စတန်) အုပ်စိုးသူလူ တန်းစားရဲ့ အားအင်ချိနဲ့မှုကို အထင်းသားဖော်ပြနေတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် အင်ရမ်ခန်းကလည်း တိုင်းပြည်တွင်း စီးပွားရေးအကြပ်အတည်း ပြင်းထန်နေလို့ အခုအ ချိန်မှာ အိန္ဒိယနဲ့ စစ်မတိုက်နိုင်သေးကြောင်း တိတိလင်းလင်း ပြောသွားတယ်။ ပါကစ္စတန်အစိုးရရဲ့ နိုင်ငံတကာ အကူအညီရရေး ကြိုးပမ်းချက်တွေဟာလည်း အခုထိအရာမထင်သေးဘူး။ နိုင်ငံတကာ အခင်းအကျင်းမှာ ပါက စ္စတန်ဟာ တကိုယ်တည်း ထီးတည်းဖြစ်နေရတယ်။ အဓိကအကြောင်းကတော့ အမေရိကန် နယ်ချဲ့စနစ်က ပါ ကစ္စတန်ကို စိတ်ဝင်စားခြင်းမရှိတော့လို့ပဲ။ ဒီဒေသတွင်းမှာ အမေရိကန် အကျိုးစီးပွားကို အမြဲအလုပ်အကျွေးပြု ခဲ့တာ ပါကစ္စတန် (အုပ်စိုးသူလူတန်းစား)ပဲ။ ၁၉၄၇ခုနှစ်မှာ အမည်ခံ လွတ်လပ်ရေးရကတည်းက အမေရိကန် နယ်ချဲ့ မဟာမိတ်ဖြစ်ခဲ့တယ်။ စစ်အေးကာလတုန်းက အိန္ဒိယဟာ အမေရိကန်ရဲ့ ပြိုင်ဘက် ဆိုဗီယက်အုပ်စုဝင် ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ ပါကစ္စတန်က အမေရိကန်ရဲ့ စိတ်ကြိုက် မဟာမိတ်အလောင်းအလျာ ဖြစ်ခဲ့တယ်။ မော်ခေါင်းဆောင်တဲ့ တရုတ်သြဇာကို ဆန့်ကျင်နိုင်ဖို့အတွက်လည်း အသုံးဝင်တဲ့ ပါကစ္စတန်။ ၂၀၀၁ကစလို့ အာဖဂန်နစ်စတန်ကို နယ်ချဲ့စစ်ပွဲဆင်နွှဲလာတဲ့ အမေရိကန် အုပ်စိုးသူလူတန်းစားအတွက် ပါကစ္စတန်ဟာ တ ကျော့ပြန် အသုံးဝင်လာပြန်တယ်။ ဒါပေမယ့် အခုချိန်မှာ အမေရိကန် အုပ်စိုးသူလူတန်းစားက အာဖဂန်နစ်စ တန်ကို မျက်နှာပြောင်တိုက်ပြီး တာလီဘန်တွေလက်ထဲ ထိုးအပ်ထားခဲ့ဖို့ လုပ်နေကြပြီ။ ဒီကနေ့ကာလမှာ အိန္ဒိ ယ (အုပ်စိုးသူလူတန်းစား)က အမေရိကန် (အုပ်စိုးသူလူတန်းစား)နဲ့ အတော် ဖက်လှဲတကင်းရှိနေတယ်။ အိန္ဒိ ယ ဈေးကွက်က တဟုန်ထိုး ထိုးကျနေတဲ့ ပါကစ္စတန် ဈေးကွက်ထက် ဆယ်ဆပိုကြီးတယ်။ ဒီလိုအခြေအနေမှာ ဒေသတွင်း ပါကစ္စတန်ရဲ့ အနေအထားက နဂိုကရှိခဲ့တဲ့ အနေအထားထက် အများကြီး လျော့ကျသွားပြီ။ တ ကယ်တော့ ကက်(ရှ်)မီးယားအရေးကို မိုဒီအခုလို လုပ်လိုက်ခြင်းဟာ ဒေသတွင်း အင်အားချိန်ခွင်လျှာ အသစ် ကို ရောင်ပြန်ဟပ်လိုက်ခြင်းပဲ၊ မိုဒီရဲ့ အလုပ်သမားလူတန်းစား ဆန့်ကျင်ရေးပေါ်လစီတွေ အကူအညီနဲ့ လွန်ခဲ့ တဲ့ နှစ်တွေအတွင်း အားကောင်းလာတဲ့ စီးပွားရေးကြောင့် အိန္ဒိယ ဘူဇွှာလူတန်းစားဟာ ဘ၀င်လေဟပ်မြောက် ကြွကြွဖြစ်နေတယ်။ ဒါပေမယ့် ဒီ အင်အားချိန်ခွင်လျှာ အသစ်ဟာ ကြာကြာတော့ ခံမှာမဟုတ်ဘူး။ အိန္ဒိယစီး ပွားနယ်ပယ်မှာ ခဏတာ တက်လာတဲ့ ဖွံ့ဖြိုးရေး လေပူပေါင်းလေးသာ ဖြစ်တယ်။ အခုတောင် အကြပ်အတည်း ဖြစ်တော့မယ့် အရိပ်အခြည်သန်းနေပြီ။ ဒေသတွင်းတခုလုံးမှာရှိတဲ့ စီးပွားရေး၊ နိုင်ငံရေး၊ မဟာဗျူဟာမျက်နှာ စာတွေမှာ မကြာခင်တိုက်ခတ်တော့မယ့် မုန်တိုင်းတွေကြောင့် လက်ရှိ အင်အားချိန်ခွင်လျှာ ဖျက်စီးခံရတော့ မယ်၊ မမြင်မတွေ့ဖူးသေးတဲ့ တိုးတက်မှု အသစ်တွေ ထွက်ပေါ်လာလိမ့်မယ်။

ပါကစ္စတန်ဟာ တရုတ်ကို မှီခိုသထက်မှီခိုလာပြီး မဟာဗျူဟာအရ အားနည်းချိနဲ့နေမှုကို ဖုံးကွယ်ဖို့ ကြိုးစား တယ်။ ဒါပေမယ့် သူ့အခြေအနေ ပိုရှုပ်ထွေးလာပြီး သူ့ဒဏ်ရာတွေ ပိုပြီးနက်ရှိုင်းလာတာပဲ အဖတ်တင်တယ်။ စီးပွားရေးအကြပ်အတည်းဟာ တရုတ်ဆီ အကူအညီတောင်းစဉ်ကထက် ပိုဆိုးလာတယ်။ ဒါ့အပြင် ပြိုင်ဘက် တရုတ် အရင်းရှင်နယ်ချဲ့နဲ့ ပူးကပ်သွားတဲ့အတွက်လည်း အမေရိကန် အရင်းရှင်နယ်ချဲ့ရဲ့ အမြက်အချောင်း ချောင်းထမှုကိုပါ ရင်ဆိုင်နေရတယ်။ ချိနဲ့လာတဲ့ စီးပွားရေး၊ ဖိနှိပ်တဲ့ အစိုးရရဲ့ အကြပ်အတည်းတွေကြောင့် အဖိ နှိပ်ခံ အမျိုးသားတွေကြား လှုပ်ရှားမှုတွေ ထွက်ပေါ်လာစေတယ်။ အမေရိကန် နဲ့ အီရန်ကြား စစ်မီးတွေ တအုံ နွေးနွေးဖြစ်နေခြင်းဟာလည်း ပါကစ္စတန်ရဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်။ ဆော်ဒီအရေးဘီးယနဲ့ အီရန် ပဋိ ပက္ခမှာ ဘယ်ဘက်ကမှ ၀င်မရပ်မိအောင် ပါကစ္စတန် အစွမ်းကုန်ကြိုးစားရှောင်နေခဲ့ရတယ်။ ဒါပေမယ့်လည်း အဆုံးမှာတော့ ဆော်ဒီအရေးဘီယဘက်လိုက်ရတာပါပဲ။ ဒါပေမယ့် ဒီလို အရေးကြီးတဲ့အချိန်မှာ တခြားအစ်စ လမ်နိုင်ငံတွေနဲ့အတူ ဆော်ဒီဟာလည်း ပါကစ္စတန်ကို ဘာအကူအညီမှ မပေးပါဘူး။ ပါကစ္စတန် နိုင်ငံခြားရေး ၀န်ကြီးဆိုရင် တသက်နဲ့တကိုယ် ပထမဆုံးအကြိမ် ညီအကို အစ်စလမ်နိုင်ငံတွေကို လူသိရှင်ကြား ဒေါသထွက် အပြစ်တင်နေတယ်။ ဆိုးသထက်ဆိုးစေတာကတော့ IMF ဆီ ပါကစ္စတန်ပေးလိုက်ရတဲ့ ကတိက၀တ်အသစ် တွေ အပေါ် တရုတ်က စိုးရိမ်မှုတွေ ရှိလာတာပဲ။ ဒီကတိအ၀တ်တွေထဲမှာ တရုတ်ဆီက ယူထားတဲ့ ချေးငွေတွေ ကို သေချာကျကျနနစစ်ဆေးပြီး ပြန်ဆပ်မယ့်ကာလကို နောက်ရွှေ့ဖို့တောင်းဆိုခိုင်းထားတယ်။ လွန်ခဲ့တဲ့ တနှစ် အင်ရမ်ခန်း အစိုးရ သစ်တက်လာပြီးကတည်းက တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ထပ်မလာတော့ဘူး။ ဒီလို အရေး ပေါ်ကာလမှာ အိန္ဒိယဆန့်ကျင်ရေး တရုတ်အကူအညီတွေ မရတော့ဘူး။

ဒါတွေအကုန်ပေါင်းစုံပြီး ပါကစ္စတန်မှာ နိုင်ငံရေးအကြပ်အတည်း ဆိုက်နေပြီ။ လက်ယာစွန်းကနေ လက်ဝဲပါတီ တွေအထိ ဘယ်နိုင်ငံရေးပါတီမှ ဒီအခြေအနေတခုလုံးကို နားလည်ခြင်းမရှိသလို အဖြေလည်း မတွေ့ဘူး။ ဒါ့ ကြောင့် သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးမှာ လူထုထောက်ခံမှု မရတော့ခြင်းဖြစ်တယ်။ ဒီအကြပ်အတည်းက နေ လွတ်မြောက်အောင် လုပ်ပေးနိုင်တဲ့ လမ်းကို သူတို့မသိဘူး။ ဒေသတွင်းတခုလုံး အမျိုးသားရေးဖိနှိပ်မှု ပြင်းထန်သိပ်သည်းနေတဲ့ အခုလိုအချိန်မှာ အစိုးရနဲ့ နိုင်ငံရေးပါတီတွေက အမျိုးသားရေး ပြသနာကို ဖြေရှင်း နိုင်ခြင်း မရှိကြောင်း တစစီ တလွှာစီ ခွာချပစ်လိုက်ပါပြီ။

လွန်ခဲ့တဲ့ နှစ်၄၀အတွင်းမှာ ကက်(ရှ်)မီးယားကော၊ အာဖဂန်နစ်စတန်မှာပါ သူ့ရည်ရွယ်ချက်တွေ အကောင်အ ထည်ဖော်ဖို့ ဘာသာရေးအစွန်းရောက်ဝါဒကို အရေးကြီးကိရိယာတခုအဖြစ် ပါကစ္စတန်က ပိုင်ပိုင်နိုင်နိုင် အသုံး ချခဲ့တယ်။ ဒါပေမယ့် အာဖဂန်နစ်စတန်ကို ကျူးကျော်တိုက်ခိုက်ခြင်းနဲ့အတူ အမေရိကန် ပေါ်လစီအလှည့်အ ပြောင်းကြောင့်၊ FATF လို နိုင်ငံတကာအဖွဲ့အစည်းတွေက ပါကစ္စတန် ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို နာမည် ပျက်စာရင်းသွင်းမယ်လို့ ခြိမ်းခြောက်ဖိအားပေးလာတာရယ်ကြောင့် ဒီကိရိယာက အခုချိန်မှာ အားနည်းချက်တ ခုဖြစ်လာတယ်။ အိန္ဒိယအစိုးရကတော့ ပါကစ္စတန်ဆန့်ကျင်ရေး ၀ါဒဖြန့်ဖို့ ဘာသာရေးအစွန်းရောက်ဝါဒအန္တ ရာယ်ကို ဆက်သုံးနေတယ်။ ကက်(ရှ်)မီးယားဒေသမှာ အကြမ်းဖက်လုပ်ကြံရေး အန္တရာယ်ရှိနေတယ်လို့ တဖွဖွ ပြောပြီး ၀ါဒဖြန့်နေတယ်။ တကယ်တော့ အဲ့လို အကြမ်းဖက်လုပ်ကြံရေးတခုခုသာ ဖြစ်လာရင် အိန္ဒိယအစိုးရအ နေနဲ့ ကက်(ရှ်)မီးယားဒေသကို ပိုပိုပြီး ဖိနှိပ်ဖို့ အကြောင်းပြချက်ရသွားမယ်၊ အိန္ဒိယပြည် တနံတလျားက အလုပ် သမားလူတန်းစားတရပ်လုံးနဲ့ အဆက်အသွယ်ဖြတ်ဖို့ လုပ်လိမ့်မယ်။ ပါကစ္စတန်မှာဆိုရင်လည်း အဲ့လို အကြမ်း ဖက်လုပ်ကြံရေးတခုခုသာ ဖြစ်လာရင် မိုဒီကို ခပ်ကြမ်းကြမ်းလေး ဆန့်ကျင်တိုက်ဖို့ လက်ယာစွန်းတွေက ဖိအား ပေးနေတာကို ငြိမ်အောင် ကူလုပ်ပေးလိမ့်မယ်။ ဒါပေမယ့်လည်း ဒီလို အကြမ်းဖက်လုပ်ကြံရေးတခုခုကို စပွန် ဆာပေး ကြိုးကိုင်ခြင်းရဲ့ နောက်ဆက်တွဲကိစ္စတွေကို ဖြေရှင်းနိုင်စွမ်းမရှိဘူး။ အင်ရမ်ခန်းကိုယ်တိုင် မီဒီယာတွေ ရှေ့ ဖွင့်ဟ၀န်ခံထားသလိုပဲ ကောင်းကျိုးထက် ဆုံးရှူံးမှုက ပိုများလိမ့်မယ်။ အဲ့လိုသာလုပ်လိုက်ရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားမှာ ပါကစ္စတန် ဒိထက်အထီးကျန်ဖြစ်သွားမယ်။ FATF က နာမည်ပျက်စာရင်းသွင်းမယ် တကဲကဲလုပ်နေတာကို တကယ်လုပ်ဖြစ်အောင် ရန်သွားစသလို ဖြစ်သွားမယ်။

နာမည်ပျက်စာရင်းအသွင်းခံလိုက်ရရင် ပါကစ္စတန်လည်း မြောက်ကိုးရီးယားနဲ့ အီရန်လို တကမ္ဘာလုံးရဲ့ စီးပွား ရေးဒဏ်ခတ်မှုကို ရင်ဆိုင်ရလိမ့်မယ်။ အကြမ်းဖက်လုပ်ကြံတိုက်ခိုက်မှုတခုကနေ နျူကလီယာ လက်နက်တပ် ဆင်ထားတဲ့ အိမ်နီးချင်းတွေကြား အပြင်းအထန် စစ်ဖြစ်သွားနိုင်တယ်။ ဖေဖော်ဝါရီလတုန်းက အိန္ဒိယလက် အောက်ခံ ကက်(ရှ်)မီးယားဒေသဖြစ်တဲ့ ပူးလ်ဝမ ဒေသမှာ အသေခံ လုပ်ကြံသတ်ဖြတ်မှုတခုဖြစ်ခဲ့တယ်။ အိန္ဒိ ယဘက်က ပါကစ္စတန်ပိုင်နက်ထဲကို လေကြောင်းကနေ ဗုံးကျဲတုံ့ပြန်ခဲ့တယ်။ ပါကစ္စတန်ဘက်က အိန္ဒိယတိုက် လေယာဉ်ကို ပစ်ချခဲ့တယ်။ လေယာဉ်ပေါ်ကနေ ကျလာတဲ့ လေယာဉ်မှူးကို လက်ရဖမ်းစီးထားခဲ့တယ်။ ဒီဖြစ် ရပ်ကနေ နှစ်နိုင်ငံစစ်ဖြစ်တော့မလို့။ လပေါင်းများစွာ တင်းမာနေခဲ့တယ်။ အခုတချီ နယ်စပ်အရေးနဲ့ပတ်သက် လို့ တင်းမာမှုတွေ မြင့်တက်လာပြန်ပြီ။ ၂ဘက်လုံးက စစ်အင်အားတွေ အလုံးအရင်း ရှေ့တန်းကို ပို့နေကြပြီ။ ပါကစ္စတန် အုပ်စိုးသူလူတန်းစားအနေနဲ့ စစ်မဖြစ်အောင် ဘယ်လိုပင်ကြိုးစားနေပေမယ့်လည်း ဖြစ်ရပ်လေးတ ခုကနေ စစ် မီးထတောက်လာနိုင်တဲ့ အခြေအနေရောက်နေပြီ။

ဒီလို အခြေအနေမှာ ထရမ့် ကြားဝင်ပေးဖို့ ပါကစ္စတန်ဘက်က တောင်းဆိုခဲ့တယ်။ ဒါပေမယ့် အခုထိတော့ ထ ရမ့်ဘက်က ထူးထူးခြားခြား အသံတိတ်နေတယ်။ မိုဒီကို သူထောက်ခံနေတယ် ဆိုတဲ့ သဘော။ ပြီးခဲ့တဲ့လက အိမ်ဖြူတော်မှာ အင်ရမ်ခန်းနဲ့ တွေ့တော့ ထရမ့်က အိန္ဒိယနဲ့ ပါကစ္စတန်ကြား သူကြားဝင်ဆောင်ရွက်ပေးမယ့်အ ကြောင်း စကားကမ်းလှမ်းလိုက်သေးတယ်။ ပါကစ္စတန်ဘက်ကတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့တယ်။ ဒါပေ မယ့် ဒါဟာ အိန္ဒိယနဲ့ ပါကစ္စတန်ကြားက နှစ်နိုင်ငံအရေးသာဖြစ်တယ်၊ ကြားလူဝင်ပါဖို့ မလိုဘူး ဆိုပြီး အိန္ဒိယ ဘက်က ပယ်ချခဲ့တယ်။ အခုချိန်မှာတော့ ထရမ့်နဲ့တွေ့တုန်းက ကက်(ရှ်)မီးယားဒေသကို ရောင်းစားခဲ့တယ် ဆို ပြီး အင်ရမ်ခန်းကို အတော်များများက ဝေဖန်နေကြတယ်။ ကက်(ရှ်)မီးယားအရေးကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ဖြေရှင်းဖို့ ပါကစ္စတန်ဘက်က ကြိုးစားနေတယ်။ ပါကစ္စတန်မှာတော့ ဘယ်သူကမှ ဒီအပေါ်မှာ မျှော်လင့်ချက်မရှိကြဘူး။

အိန္ဒိယကို တရုတ်ကလည်း ဝေဖန်ခဲ့တယ်။ ဒါပေမယ့် တစုံလုံးကို ဝေဖန်တာမဟုတ်ဘူး။ တရုတ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ လဒက်ဒေသအရေးကိုပဲ ဝေဖန်တာ။ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးဟာ BRICS လို၊ ရှန်ဟိုင်း ပူး ပေါင်းရေးအဖွဲ့လို၊ ဖိုရမ်တွေတော်တော်များများမှာ ပါဝင်ထားကြတဲ့ တဖွဲ့တည်းသားတွေဖြစ်နေကြတယ်။ ဒါ့အ ပြင် နှစ်နိုင်ငံကုန်သွယ်မှုက တနှစ်နှစ်ကို ဒေါ်လာ ၁၀၀ ဘီလီယံနီးပါးရှိနေတယ်။ ထရမ့်နဲ့ ကုန်သွယ်စစ်တင်း မာနေချိန်မှာ အိန္ဒိယနဲ့ပါ ထပ်ပြသနာတက်ရရင် တရုတ်အဖို့ တွက်ချေမကိုက်လှဘူး။ တရုတ်ဘက်က ကက်(ရှ်) မီးယား အရေးကို ပြေလည်အောင် ဖြေရှင်းဖို့ အမြဲစောင်းပေးပြောခဲ့တယ်။ မပြေလည်လို့ ပဋိပက္ခတွေ တင်းမာ လာရင် တရုတ်အကျိုးစီးပွားတွေ အတော်ထိမှာ။ သူ့အကျိုးစီးပွားထိရတဲ့ အကြောင်းတချက်က တရုတ်-ပါကစ္စ တန် စီးပွားရေးစင်္ကြံ (CPEC) ဘောင်ထဲကနေသွားနေတဲ့ တရုတ်ရင်းနှီးမြှုပ်မှုတွေ ပါကစ္စတန်မှာ အများကြီး ရှိနေလို့ပဲ။ (CPEC)ကလည်း အငြင်းပွားနေတဲ့ ဂျင်ဂျစ် ဘောလ်တစ်(စ်)တန်ဒေသကနေ အစပြုထားခြင်းဖြစ် တယ်။ ဒီတော့ ပါကစ္စတန်အဖို့ ရွေးစရာ များများစားစား မကျန်တော့ဘူး။ တနည်းပြောရရင် ရွေးစရာတလမ်းပဲ ကျန်တယ်။ ဖြစ်ခဲ့တာတွေလည်း ဖြစ်ပြီးသွားပြီ၊ ဘာမှထပ်မလုပ်နိုင်တော့ဘူး ဆိုပြီး အသာလက်ခံလိုက်ရုံသာ ရှိတော့တဲ့ အနေအထား။

ဒါပေမယ့် ပါကစ္စတန်လူထုအဖို့ ဒီအတိုင်း လက်ခံနိုင်မှာတော့ မဟုတ်ဘူး။ ပါကစ္စတန်အစိုးရ အသုံးမကျတာ ကို တနည်းမဟုတ် တနည်း ဆန့်ကျင်တိုက်ပွဲဝင်လာကြလိမ့်မယ်။ ပါကစ္စတန် လက်အောက်ခံ ကက်(ရှ်)မီးယားဒေ သ၊ အထူးသဖြင့် ဂျင်ဂျစ် ဘောလ်တစ်(စ်)တန်က အခြေအနေ အလွယ်တကူ ပေါက်ကွဲတော့မယ် အနေအ ထား။ ဒီအရေးနဲ့ပတ်သက်လို့ လှုပ်ရှားမှုအသစ် မကြာခင်ထဖြစ်ဖို့ တာဆူနေပြီ။ အခုကို ပါကစ္စတန် လက် အောက်ခံ ကက်(ရှ်)မီးယားဒေသတကြောမှာ လှုပ်ရှားမှုတွေ ဖြစ်နေပြီ။ ဒီလို ကျဉ်းထဲကြပ်ထဲ ရောက်နေချိန်မှာ နယ်ခြားစည်းဟိုဘက်ခြမ်းမှာ ရှိနေတဲ့ သွေးချင်းတွေနဲ့ ဘယ်လိုနီးစပ်အောာင် စုစည်းရမလဲ လူထုက အဖြေရှာ နေတယ်။ နိုင်ငံရေးပါတီတွေရဲ့ သရုပ်အမှန်ကို ဖွင့်ချထားပြီးဖြစ်တယ်။ ပါကစ္စတန်လိုလားတဲ့ ပါတီအားလုံး ပြီးခဲ့ တဲ့နှစ်တွေအတွင်းမှာ လူထုထောက်ခံမှု ဆုံးရှူံးသွားခဲ့ပြီ။ ဘာသာရေးအစွန်းရောက်အုပ်စုတွေလည်း အကြီး အကျယ် အကြပ်ဆိုက်နေပြီ။ သူတို့လည်း ရေခမ်းနေကြပြီ၊ အစိုးရယန္တယားရဲ့ အထောက်အပံ့မရတော့ ရှေ့တ လက်မတောင် သူတို့မရွေ့နိုင်တော့ဘူး။

ဒီအခြေအနေသစ်ကြောင့် အမျိုးသားရေးပါတီတွေ၊ ၂ဘက်လုံးက ခွဲထွက်ရေးသမားတွေအားလုံး ပြိုလဲပျက်စီး သွားပြီ။ လက်ရှိအခြေအနေကို သူတို့နားလည်နိုင်စွမ်း မရှိဘူး။ ကက်(ရှ်)မီးယားအရေးကို အမျိုးသားရေးအ ခြေခံ ရှင်းလို့ မရကြောင်း မာ့(ခ်စ်)၀ါဒီတွေ အမြဲပြောခဲ့တယ်။ အိန္ဒိယနဲ့ ပါကစ္စတန် အလုပ်သမားလူတန်းစားရဲ့ ထောက်ခံမှုမပါဘဲ ကက်(ရှ်)မီးယားလွတ်လပ်ရေးတိုက်ပွဲ မအောင်မြင်နိုင်ဘူး။ ဒါဟာ အခုဆို ပိုရှင်းသထက် ရှင်းလာပြီ။ ကက်(ရှ်)မီးယားအရေးနဲ့ ဒေသတွင်း အလုပ်သမားလူတန်းစားရဲ့ ကံကြမ္မာဟာ လက်တွေ့ဖြစ်ရပ် တွေအရ ချိတ်ဆက်နေတယ်။ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့ စတဲ့အဖွဲ့အစည်းတွေ ဘာမှစွမ်း ဆောင်နိုင်မှုမရှိပုံကို လက်တွေ့ဖြစ်ရပ်တွေက မျက်နှာဖုံးခွာပြခဲ့ပြီးပြီ။ ဒီအဖွဲ့အစည်းတွေအားလုံးက မိုဒီအစိုးရရဲ့ ဒီလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတာ မလုပ်ဘူး။ ကက်(ရှ်)မီးယားလွတ်လပ်ရေးကို တောင်းဆိုတာလည်း မလုပ်ပါ ဘူး။ အရင်း အုပ်စိုးနေတဲ့ ကမ္ဘာမှာ ဒီအဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွား၊ နိုင်ငံအားလုံးက အုပ်စိုးသူ လူတန်းစား တွေရဲ့ အကျိုးစီးပွားတွေကို အင်အားချိန်ခွင်လျှာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးအမြတ်တွေကသာ ကြိုးကိုင်မောင်း နှင်နေတယ်။ ဖိနှိပ်ခံလူတန်းစားရဲ့ ဟစ်ဟိုသံဟာ သူတို့အတွက် ဘာမှအရေးမပါဘူး။

■ “လူတန်းစားသွေးစည်းမှုသာ လွတ်မြောက်ရာလမ်း” ■

ကက်(ရှ်)မီးယားလွတ်လပ်ရေး တိုက်ပွဲအတွက် တခုတည်းသော လမ်းကတော့ ဒေသတွင်းတခုလုံးက အလုပ် သမားလူတန်းစားသွေးစည်းမှုကနေ ချီတက်ရေးသာ ဖြစ်တယ်။ ဒေသတွင်းတခုလုံးက အလုပ်သမားလူတန်း စား သွေးစည်းမှုကို အထွေထွေသပိတ်ကြီးတခု ချိန်သားကိုက်ဆင်နွှဲပြီး ဖော်ထုတ်နိုင်တယ်။ ကက်(ရှ်)မီးယား ဒေသမှာ အထွေထွေသပိတ်စမှောက်ခြင်းဟာ ဒေသတွင်းတခုလုံးက အလုပ်သမားလူတန်း စားတရပ်လုံး ပါဝင် ဆင်နွှဲတဲ့ အထွေထွေသပိတ်ကြီးဖြစ်ပေါ်လာရေးအတွက် စတင်မီးမွှေးခြင်း ဖြစ်နိုင်တယ်။ ပါကစ္စတန် လက် အောက်ခံ ကက်(ရှ်)မီးယားဒေသတကြောမှာ အထွေထွေသပိတ်ဆင်နွှဲပြီး တခြားဘက်ခြမ်းက အဖိနှိပ်ခံတွေနဲ့ သွေးစည်းမှုကို ဖော်ထုတ်ဖို့ ပြင်နေပြီ။ ဒီလို အထွေထွေသပိတ်သာ ဖြစ်ပေါ်လာရင် မိုဒီအစိုးရ ကို ကန့်ကွက် ရှုတ်ချကြောင်း ပြရာရောက်တဲ့အပြင် ပါကစ္စတန်အစိုးရကိုပါ ဆန့်ကျင်ကြောင်း တပါတည်း ပြင်းပြင်းထန်ထန် သတိပေးလိုက်ရာလည်း ရောက်တယ်။ ပါကစ္စတန်အစိုးရဟာလည်း ကက်(ရှ်)မီးယားလူထုကို နှစ် ပေါင်းများစွာ ဖိနှိပ်ခဲ့တာပဲ။ အစိုးရက လူထုကို အတင်းအကြပ် ရွှေ့ပြောင်းနေထိုင်စေခြင်းကို ရပ်တန်းကရပ်ဖို့၊ ကိုလိုနီကျွန်ပြု မှု အန္တရာယ်ကို ချက်ချင်းရပ်ဖို့၊ စစ်အင်အားတွေ ချက်ချင်းပြန်ရုတ်သိမ်းဖို့ တောင်းဆိုချက်တွေ ဟာ ဂျင်ဂျစ် ဘောလ်တစ်(စ်)တန် အပါအ၀င် ကက်(ရှ်)မီးယားဒေသအားလုံးအတွက် ဆီလျော်မှန်ကန်တဲ့ အချက်တွေပဲ။ ပါကစ္စတန် လက်အောက်ခံ ကက်(ရှ်)မီးယားဒေသတကြောမှာ ကုန်ဈေးနှုန်းလျှော့ချရေး၊ အလုပ် လက်မဲ့ပ ပျောက်ရေး၊ အစိုးရလက်အောက်ခံ ဌာနတွေက အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို အလုပ်ထုတ် ပြစ်တာ တွေကို ဆန့်ကျင်ရေး စတဲ့ စီးပွားရေးတောင်းဆိုချက်တွေနဲ့ အထက်ပါ တောင်းဆိုချက်တွေ (အစိုးရက လူထုကို အတင်းအကြပ် ရွှေ့ပြောင်းနေထိုင်စေခြင်းကို ရပ်တန်းကရပ်ဖို့၊ ကိုလိုနီကျွန်ပြုမှု အန္တရာယ်ကို ချက်ချင်းရပ်ဖို့၊ စစ်အင်အားတွေ ချက်ချင်းပြန်ရုတ်သိမ်းဖို့) ပေါင်းစပ် သပိတ်မှောက်လိုက်ရင် လူထုရဲ့ ထောက်ခံမှုကို တခဲနက် ရလာနိုင်တယ်။ နောက်ထပ်လှုပ်ရှားမှုအသစ်တခုကို စတင်မွေးဖွားပေးလိုက်နိုင်မယ်။ ဂျင်ဂျစ်ဘောလ်တစ်(စ်) တန်နဲ့ ပါကစ္စတန်က အလုပ်သမားလူတန်းစားနဲ့ သွေးစည်းမှုကို တည်ဆောက်နိုင်ခြင်းဟာ ကက်(ရှ်)မီးယား လွတ်လပ်ရေးအတွက် အဆုံးအဖြတ် ခြေလှမ်းဖြစ်လာလိမ့်မယ်။

အိန္ဒိယကွန်မြူနစ်ပါတီတွေရဲ့ ကက်(ရှ်)မီးယားလူထုရဲ့ လွတ်လပ်ရေးတိုက်ပွဲကို လက်မခံခဲ့ကြဘူး။ ကက်(ရှ်)မီး ယားလူထုရဲ့ လွတ်လပ်ရေးတိုက်ပွဲကို အိန္ဒိယဖွဲ့စည်းပုံဘောင်ထဲတင် ကန့်ထားခဲ့ကြတယ်။ တကယ်တော့ သူ တို့ဟာ အမျိုးသားရေးပြသနာနဲ့ပတ်သက်လို့ လီနင်ဝါဒ ရပ်တည်မှုကို သစ္စာဖောက်ခဲ့ကြတာပဲ။ လီနင်ဝါဒအရ အဖိနှိပ်ခံလူထုရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုကို အလုပ်သမားလူတန်းစား တိုက်ပွဲနဲ့ ချိတ်ဆက် ကူညီအားပေးရ မယ်။ အခုချိန်မှာ လီနင်ဝါဒအရ ရပ်တည်မှုအတိုင်း ရှေ့ကို ဆက်ချီတက်ရမယ်။ အထူးသဖြင့် တော်လှန်သော လူငယ်တွေက လူထုလှုပ်ရှားမှုကို လှုံ့ဆော်စည်းရုံးပြီး အိန္ဒိယက အထွေထွေသပိတ်နဲ့ ကက်(ရှ်)မီးယားလူထု တ သားတည်း ချိတ်ဆက်မိအောင် တိုက်ပွဲဆင်ရမယ်။ ဒါဟာ မိုဒီနဲ့ သူ့ရဲ့ ဖောက်ပြန်ရေး လူမိုက်ဂိုဏ်းကို အသင့် တော်ဆုံး တုံ့ပြန်မှုဖြစ်ရုံမကဘူး၊ မိုဒီကိုယ်စားပြုတဲ့ အရင်းရှင်လူတန်းစားအုပ်စိုးမှုနဲ့ အလုပ်သမားလူတန်းစား ဆန့်ကျင်ဖိနှိပ်ရေး လုပ်ရပ်တွေကို ဆန့်ကျင်တိုက်ပွဲဝင်ရာမှာ အောင်မြင်ဖို့ နည်းလမ်းကို ခင်းပေးရာလည်း ရောက်တယ်။

အဆုံးမတော့ အဖိနှိပ်ခံလူထု လွတ်လပ်ရေးကို အာမခံနိုင်တဲ့ ကမ္ဘာမြေပေါ်က တခုတည်းသော အင်အား ဟာ ကမ္ဘာ့အလုပ်သမားလူတန်းစားသာ ဖြစ်တယ်။ ဒီလွတ်လပ်ရေးတိုက်ပွဲကို အဆုံးသတ်အောင်မြင်တဲ့အထိ ထောက်ပံ့ သယ်ဆောင်ပေးနိုင်တာ ကမ္ဘာ့အလုပ်သမားလူတန်းစားရဲ့ သွေးစည်းကူညီမှုပဲရှိတယ်။ ကက်(ရှ်)မီး ယားလူထု က ကမ္ဘာ့အလုပ်သမားလူတန်းစားရဲ့ သွေးစည်းကူညီမှုကို တောင်းဆိုရမယ်။ နယ်ချဲ့အဖွဲ့အစည်း တွေဖြစ်တဲ့ ကုလတို့၊ ဥရောပသမဂ္ဂတို့ဆီ အသနားခံရမှာမဟုတ်ဘူး။ အရင်းရှင်ကမ္ဘာက အုပ်စိုးသူလူတန်းစား တွေဟာ အဆုံးမတော့ သူတို့လူတန်းစားအချင်းချင်းသာ ရိုင်းပင်းကြလိမ့်မယ်။ ပါကစ္စတန်နဲ့ အိန္ဒိယမှာ ဆိုရှယ် လစ်တော်လှန်ရေးကတဆင့် အရင်းရှင်စနစ်ကို ဖြိုချပြီးတော့မှသာ စစ်မှန်တဲ့ လွတ်လပ်ရေးကို ရရှိနိုင်မယ်။ အ မျိုးသားရေးဖိနှိပ်မှုကနေ လွတ်မြောက်ရေးသာ မဟုတ်၊ အရင်းရှင်စနစ် သွေးစုပ်ခြယ်လှယ်မှုကနေပါ လွတ် မြောက်မှ သာ စစ်မှန်တဲ့ လွတ်လပ်ရေးကို ရရှိနိုင်မယ်။

ဆန်းသစ်ဦး (မြန်မာပြန်သည်)