တော်လှန်ရေး နည်းဗျူဟာဆိုင်ရာ ပေးစာများ (Letters on Tactics by V.I. Lenin)

◾စကားဦး

၁၉၁ရခုနှစ်၊ ဧပြီလ (၄)ရက်နေ့မှာ ခေါင်းစဉ်ပါ အကြောင်းအရာနဲ့ ပတ်သက်လို့ အစီရင်ခံစာ တင်ပြခွင့် ရခဲ့ တယ်။ ပီထရိုဂရက်မြို့တော်က ဘော်ရှီဗစ် အစည်းအဝေးမှာ ပထမဆုံး တင်ပြခွင့်ရခဲ့တယ်။ ဒီအစည်းဝေးမှာ မိ မိနေအိမ်ကို စွန့်ခွာပြီး အလုပ်သမား၊ စစ်သား ဆိုဗီယက်တွေရဲ့ ရပ်ရှားတပြည်လုံးဆိုင်ရာ ကွန်ဖရင့်ကို တက် ရောက်ကြမယ့် ကိုယ်စားလှယ်တွေ ရှိနေတော့ ဒီတင်ပြချက်တွေကို နေ့ရွှေ့ ညရွှေ့ လုပ်လို့ မရတော့ဘူး။ ဒီအ စည်းဝေးပြီးတော့ သဘာပတိ ဖြစ်တဲ့ ရဲဘော် G. Zinoviev က အစည်းအဝေး တက်လာသူတွေရဲ့ ကိုယ်စား ဒီ အစီရင်ခံစာကို ဘော်ရှီဗစ်၊ မင်ရှီဗစ် ကိုယ်စားလှယ်များ ပူးတွဲအစည်းအဝေးမှာ ထပ်မံ တင်ပြပေးဖို့ တောင်းဆို လာတယ်။ အဲဒီ ပူးတွဲအစည်းအဝေးမှာ ရပ်ရှား ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ ပေါင်းစည်းရေး ပြသနာကို ဆွေးနွေးချင်ကြတယ်။

ဒီအစီရင်ခံစာကို နောက်တကြိမ် ချက်ချင်းလက်ငင်း ထပ်တင်ပြဖို့ရာ ခက်ခဲပေမယ့်လည်း ကျနော့ရဲဘော်တွေနဲ့ မင်ရှီဗစ်တွေက တောင်းဆိုလာတဲ့အခါ ငြင်းဖို့အခွင့်မသာတော့။ သူတို့တတွေဟာ မကြာခင် ခွဲခွာကြရတော့မှာ ဖြစ်လို့ အချိန်ရွှေ့နေလို့လည်း မဖြစ်တော့။

၁၉၁ရခုနှစ်၊ ဧပြီ(၇)ရက်နေ့က ထုတ်ဝေခဲ့တဲ့ Pravda အမှတ်စဉ်(၇)မှာ ဖော်ပြပြီးသား စစ်တမ်းတွေကို အစီရင် ခံစာ အဖြစ် ဖတ်ကြားခဲ့ခြင်း ဖြစ်တယ်။ ဒီစစ်တမ်းတွေကော၊ အစည်းအဝေးမှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာကော ၂ခုလုံးဟာ ဘော်ရှီဗစ်တွေကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်စေခဲ့သလို ပရား(ဗ်)ဒါသတင်းစာ အယ်ဒီတာ တွေကြားမှာလည်း သဘောထားကွဲလွဲမှုတွေ ဖြစ်စေခဲ့တယ်။ အကြေအလည် ဆွေးနွေးပြီးတဲ့နောက် သဘော ထားကွဲလွဲမှုတွေကို ပွင့်ပွင့်လင်းလင်း ချဆွေးနွေးတာ ကောင်းလိမ့်မယ်လို့ တညီတညွတ်တည်း သုံးသပ်ခဲ့ကြ တယ်။ ဒါ့ကြောင့်ပဲ ၁၉၁ရခုနှစ်၊ ဧပြီလ ၂ဝရက်နေ့မှာ ပြုလုပ်မယ့် ငါတို့ပါတီ (ဗဟိုကော်မတီ အောက်စုစည်း ထားတဲ့ ရပ်ရှား ဆိုရှယ် ဒီမိုကရက်တစ် လေဘာပါတီ) ရဲ့ ရပ်ရှားတပြည်လုံး ကွန်းဖရင့်မှာ တင်သွင်းဖို့ ဒီအစီရင် ခံစာကို ပေးထားတယ်။

ဆွေးနွေးဖို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်နဲ့အညီ ဒီပေးစာတွေကို ကျနော် ရေးသားဖြန့်ချိလိုက်ခြင်း ဖြစ်တယ်။ ဒီ စာတွေထဲမှာ ဆွေးနွေးကြမယ့် ပြသနာနဲ့ ပတ်သက်လို့ အပြည့်အစုံ လေ့လာထားပြီးပြီလို့ မဆိုထားဘူး၊ အလုပ် သမား လှုပ်ရှားမှုရဲ့ အဓိက လုပ်ငန်းတာဝန်တွေ ထမ်းဆောင်ဖို့ရာ အင်မတန် အရေးကြီးတဲ့ အခြေခံ အချက် တွေကို အကြမ်းဖျင်း ဆွေးနွေးထားရုံသာ ဖြစ်ပါတယ်။

◾ပထမပေးစာ

◾လက်ရှိအခြေအနေကို သုံးသပ်ခြင်း

မာ့(ခ်စ်)၀ါဒအရ ချဉ်းကပ်ရင် သက်ဆိုင်ရာ သမိုင်းခေတ် အခြေအနေရဲ့ အခိုင်အမာ ၀ိသေသတွေနဲ့ လူတန်းစား ဆက်ဆံရေးတွေကို တိတိကျကျနဲ့ ဆန္ဒစွဲကင်းကင်း သုံးသပ်ကြဖို့ လိုအပ်တယ်။ ကျနော်တို့ ဘော်ရှီဗစ်တွေဟာ ဒီလိုအပ်ချက်ကို ပြည့်မီအောင် အမြဲကြိုးစားကြတယ်။ ဒါဟာ ပေါ်လစီတခုကို သိပ္ပံနည်းကျ အခြေခံ အုတ်မြစ် ချဖို့ မရှိမဖြစ် လိုအပ်ချက် ဖြစ်တယ်။

မာ့(ခ်စ်)နဲ့ အန်းဂယ်(စ်)တို့က “ငါတို့တင်ပြနေတဲ့ သဘောတရားဟာ တရားသေပြဌာန်းချက် မဟုတ်ဘူး၊ အ လုပ် လမ်းညွှန်တခုသာ ဖြစ်တယ်” လို့ အမြဲ ပြောခဲ့တယ်၊ “ဖော်မြူလာတွေ” ကို အလွတ်ကျက် ပြန်ရွတ်ပြခြင်း ကို ထေ့ငေါ့ခဲ့ကြတယ်။ မာ့(ခ်စ်)နဲ့ အန်းဂယ်(စ်) တင်ပြခဲ့တဲ့ သဘောတရားဟာ ယေဘုယျ အလုပ်တွေကို သတ်မှတ်ပေးဖို့သာ ဖြစ်တယ်၊ သက်ဆိုင်ရာ သမိုင်းခေတ်မှာ ရှိနေတဲ့ အခိုင်အမာ စီးပွားရေး၊ နိုင်ငံရေး အခြေအ နေတွေပေါ် မူတည်ပြီး ပြုပြင်ယူဖို့ လိုအပ်တယ်။ ဒါဆိုရင် တော်လှန်ရေး ပစ္စည်းမဲ့ပါတီရဲ့ လုပ်ငန်းတွေ၊ လုပ် ဟန်တွေကို အခုချိန်မှာ လမ်းညွှန်ပေးရမယ့် ပကတိ အချက်အလက်တွေက ဘာတွေဖြစ်မလဲ။ (၁၉၁ရခုနှစ်၊ မတ်လ ၂၁နဲ့ ၂၂ မှာ ထုတ်ဝေခဲ့တဲ့ ပရားဗ်ဒါ အမှတ်စဉ် ၁၄ နဲ့ ၁၅ မှာ ဖော်ပြခဲ့တဲ့) ကျနော်ရဲ့ “အဝေးရောက် ပေးစာ-၁” နဲ့ ဧပြီစစ်တမ်းတွေမှာ “လက်ရှိ ရပ်ရှား အခြေအနေရဲ့ အဓိက ၀ိသေသ” ဟာ တော်လှန်ရေးရဲ့ ပ ထမအဆင့်ကနေ ဒုတိယအဆင့်ကို ကူးပြောင်းနေတဲ့ ကာလ ဖြစ်တယ်လို့ သတ်မှတ်ထားတယ်။ ဒါ့ကြောင့် “ဒီ ကနေ့ လုပ်ရမယ့် တာဝန်”ကို အခုလို စဉ်းစားခဲ့တယ်၊ “အလုပ်သမားတွေဟာ ပစ္စည်းမဲ့လူတန်စားရဲ့ သူရဲ ကောင်းဆန်မှု၊ လူထုရဲ့ ရဲဝံ့မှုကို ဇာဘုရင်စနစ် တိုက်ဖျက်ရေး ပြည်တွင်းစစ်မှာ မယုံနိုင်လောက်အောင် စွမ်း ဆောင်ပြခဲ့ပြီ၊ တော်လှန်ရေး ဒုတိယအဆင့်မှာ အောင်ပွဲဆင်နိုင်အောင် ပြင်ဆင်ထားဖို့ ပစ္စည်းမဲ့လူတန်းစားရဲ့ ဖွဲ့ စည်းမှု၊ လူထု တရပ်လုံး စုစည်းမှုကို မယုံနိုင်လောက်အောင် ပြုလုပ်ကြရတော့မယ်။

ဒါဖြင့် တော်လှန်ရေးရဲ့ ပထမအဆင့်က ဘာလဲ။ ဘူဇွှာလူတန်းစားလက်ထဲ နိုင်ငံရေးအာဏာ ရောက်ရှိသွား ခြင်းဟာ တော်လှန်ရေးရဲ့ ပထမအဆင့်ပဲ။ ၁၉၁၇ ဖေဖော်ဝါရီ - မတ် တော်လှန်ရေးမတိုင်ခင်က နိုင်ငံတော် အာ ဏာဟာ Nicholas Romanov ဦးဆောင်သော မြေရှင် ပဒေသရာဇ် လူတန်းစားဆိုတဲ့ လူတန်းစားဟောင်းလက် ထဲမှာ ရှိနေခဲ့တယ်။ တော်လှန်ရေးဖြစ်ပြီးတဲ့အခါ နိုင်ငံရေးအာဏာဟာ လူတန်းစားအသစ်ဖြစ်တဲ့ ဘူဇွှာလူတန်း စား လက်ထဲ ရောက်သွားပြီ။ လူတန်းစားတရပ်ဆီကနေ တခြားလူတန်းစားတရပ်ဆီ နိုင်ငံရေးအာဏာ ကူး ပြောင်းသွားခြင်းဟာ တော်လှန်ရေးတရပ်ရဲ့ ပထမဆုံး၊ အဓိကကျလှတဲ့ အခြေခံ လက္ခဏာပဲ။ တော်လှန်ရေး ရဲ့ အနက်ကို သိပ္ပံနည်းကျကျ အဓိပ္ပါယ်ဖွင့်လည်း ဒီသဘောပဲ၊ လက်တွေ့နိုင်ငံရေးအရ အဓိပ္ပါယ်ဖွင့်လည်း ဒီသ ဘောပဲ။

ဒီသဘောအရဆိုရင် ရပ်ရှားမှာ ဘူဇွှာတော်လှန်ရေး (၀ါ) ဘူဇွွှာဒီမိုကရေစီ တော်လှန်ရေး ပြီးမြောက်သွားပြီ။ ဒါ ပေမယ့် “ဘော်ရှီဗစ် လူဟောင်းကြီးတွေ” က ဒီအချက်ကို လုံးဝ သဘောမတူကြောင်း ကျယ်ကျယ်လောင် လောင်လေး ဆန့်ကျင်လာကြတယ်။ ဘူဇွှာဒီမိုကရေစီ တော်လှန်ရေးဟာ “ပစ္စည်းမဲ့လူတန်းစားနဲ့ လယ်သမား ထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်” (revolutionary-democratic dictatorship of the proletariat and the peasantry) ထူထောင်ပြီးမှသာ ပြီးမြောက်မှာဖြစ်ကြောင်း ငါတို့ (ဘော်ရှီဗစ်တွေ) အမြဲ သတ်မှတ်ထားခဲ့တယ် မဟုတ်ပါလားလို့ “ဘော်ရှီဗစ် လူဟောင်းကြီးတွေ” က ဆိုကြတယ်။ ဘူဇွှာဒီမိုကရေစီ တော်လှန်ရေးတခုဖြစ်တဲ့ မြေယာတော်လှန်ရေးဟာ ပြီးမြောက်သွားပြီလား၊ မြေယာတော်လှန်ရေး စကို မစရ သေးဘူးဆိုတာ မငြင်းနိုင်တဲ့ အချက်မဟုတ်ဘူးလားလို့ “ဘော်ရှီဗစ် လူဟောင်းကြီးတွေ” က မေးခွန်းဆက် ထုတ်ကြတယ်။

ကျနော့်ရဲ့ အဖြေက “ဘော်ရှီဗစ် ကြွေးကြော်သံတွေ နဲ့ သဘောတရား တခုလုံးကို သမိုင်းက သက်သေထူပြီး သွားပြီ၊ ဒါပေမယ့် အခိုင်အမာ လက်တွေ့ အခြေအနေတွေဟာ (ဘော်ရှီဗစ်တွေ ကြိုတင်တွက်ဆထားတာနဲ့) ကွဲပြားခြားနားစွာ ဖြစ်ပေါ်လာတယ်။ အခိုင်အမာ လက်တွေ့ အခြေအနေတွေဟာ ဘယ်သူမှ ကြိုမခန့်မှန်းနိုင် လောက်အောင် ပိုပြီး ဆန်းသစ်နေတယ်၊ ပိုထူးခြားတယ်၊ ပိုပြီး အရောင်အသွေး စုံတယ်”။

ဒီအချက်ကို လစ်လျှူရှုခြင်းဟာ “ဘော်ရှီဗစ် လူဟောင်းကြီးတွေ” လို လိုက်မှားခြင်းပဲ။ “ဘော်ရှီဗစ် လူဟောင်း ကြီးတွေ”ဟာ သစ်လွင်နေတဲ့ ရှင်သန်နေသော အရှိတရားရဲ့ ထူးခြားချက်တွေကို လေ့လာ ဆန်းစစ်ရမယ့်အစား အတိတ်က ချမှတ်ခဲ့တဲ့ ပုံသေနည်းတွေကိုပဲ ကြက်တူရွေးလို အဓိပ္ပါယ်ဘာမှန်းမသိ ပြန်ရွတ်ပြနေလို့ ငါတို့ပါတီ သမိုင်းမှာ နောင်တရဖွယ် အမှားကို ပြုခဲ့သူတွေဖြစ်တယ်။ “ပစ္စည်းမဲ့လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန် ရေး ဒီမိုကရေစီ အာဏာရှင်စနစ်” ဟာ ရပ်ရှားတော်လှန်ရေးမှာ လက်တွေ့ အရှိတရား ဖြစ်လာခဲ့ပြီ။ အကြောင်း ကတော့ ဒီ “ပုံသေနည်း” ဟာ လူတန်းစား ဆက်ဆံရေးတခုကိုသာ တင်ကူးတွက်ဆခဲ့တာဖြစ်တယ်၊ ဒီဆက်ဆံ ရေး (အလုပ်သမား လယ်သမား လူတန်းစား ပူးပေါင်းမှု) ကို လက်တွေ့ ဖော်ဆောင်တဲ့ နိုင်ငံရေး အင်စတီကျူး ရှင်း တခုအဖြစ် ရည်ရွယ် သတ်မှတ်ခဲ့တာ မဟုတ်လို့ပဲ။

အလုပ်သမား ကိုယ်စားလှယ်များ ဆိုဗီယက်နဲ့ စစ်သားကိုယ်စားလှယ်များ ဆိုဗီယက်တွေ လက်တွေ့ အကောင် အထည်ပေါ်လာပြီ (ဒါဟာ ပစ္စည်းမဲ့လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ် တည်ရှိနေတာပဲ)။ ဖြစ်ရပ်တွေဟာ ပုံသေနည်း နယ်နိမိတ်ကနေ လက်တွေ့ အရှိတရား နယ်နိမိတ်ဆီ ပြောင်း ရွှေ့သွားပြီ၊ အရိုးတွေ အသားတွေနဲ့ ဖွဲ့စည်းတည်ဆောက်လိုက်ပြီ၊ လက်တွေ့ အခိုင်အမာ ရုပ်လုံးဖော်ပြီး လို အပ်သလို ပြုပြင်မွမ်းမံလိုက်ပြီ။

အခု ငါတို့လုပ်ရမယ့် တာဝန်က အရင်ကနဲ့ မတူတော့ဘူး၊ အသစ်ဖြစ်သွားပြီ။ ဒီအာဏာရှင်စနစ် (ပစ္စည်းမဲ့ လူ တန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်ကိုဆိုလို) အတွင်းက ပစ္စည်းမဲ့လူတန်း စား အစိတ်အပိုင်းတွေ နဲ့ ဓနရှင်ပေါက်စ အစိတ်အပိုင်းတွေ ကို ပိုင်းခြားပစ်ရမယ်။ ပစ္စည်းမဲ့လူတန်းစား အစိတ် အပိုင်းတွေက (ဖေဖော်ဝါရီ တော်လှန်ရေးအပြီး ပေါ်ပေါက်လာတဲ့ ဘူဇွှာလူတန်းစားအစိုးရ ပထမကမ္ဘာစစ်အ တွင်း ဆက်ပါနေခြင်းဟာ တော်လှန်ရေး အသီးအပွင့်ကို ဆက်ကာကွယ်နေခြင်း ဖြစ်တယ်၊ ဒါ့ကြောင့် ဇာဘုရင် ကို ဆန့်ကျင်သလို ဆန့်ကျင်လို့ မဖြစ်ဘူး၊ ငါတို့က ခုခံကာကွယ်ရမယ်လို့ ဟစ်ကြွေးနေတဲ့) defencist တွေကို ဆန့်ကျင်သူတွေ ဖြစ်တယ်၊ နိုင်ငံတကာ ၀ါဒီတွေဖြစ်တယ်၊ ဘုံစနစ်ကို ချီတက်ရေး အားသန်နေတဲ့ ကွန်မြူနစ် တွေဖြစ်တယ်။ ဓနရှင်ပေါက်စ အစိတ်အပိုင်းတွေကတော့ ဘူဇွှာလူတန်းစားနဲ့ ဘူဇွှာ အစိုးရကို လိုလားပြီး ဘုံ စ နစ်ဆီ ချီတက်ရေးကို ဆန့်ကျင်ကြသူတွေဖြစ်တယ်၊ Chkheidze, Tsereteli, Steklov နဲ့ ဆိုရှယ် ရက်ဗလူရှင် နရီတွေ၊ တော်လှန်ရေးအပြီး ပေါ်ပေါက်လာတဲ့ ဘူဇွှာအစိုးရက ပထမကမ္ဘာစစ်ထဲ ဆက်ပါနေခြင်းကို တော် လှန်ရေးကို ခုခံကာကွယ်ခြင်းအဖြစ် သဘောထားနေတဲ့ revolutionary defencist တွေ ဖြစ်တယ်။

အခုချိန်မှာ “ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်” ကိုပဲ ပြောသူ တွေဟာ အတိတ်မှာ ကျန်ခဲ့သူတွေဖြစ်တယ်။ အကျိုးဆက်အနေနဲ့ သူတို့ဟာ ပစ္စည်းမဲ့လူတန်းစား တိုက်ပွဲကို ဆန့်ကျင်ပြီး ဓနရှင်ပေါက်စ လူတန်းစားဘက် ရောက်သွားကြတယ်။ ဒီလို လူတွေကို တော်လှန်ရေးမတိုင်ခင်က ရှေးဟောင်း “ဘော်ရှီဗစ်” မော်ကွန်းတိုက်ထဲ စာရင်းသွင်းသင့်တယ်။ (“ဘော်ရှီဗစ် လူဟောင်းကြီးတွေ” ရဲ့ မော် ကွန်းတိုက်လို့ ခေါ်နိုင်တယ်)။

“ပစ္စည်းမဲ့လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်” ကို လက်တွေ့ အကောင် အထည်ဖော်ပြီးပြီ။ ဒါပေမယ့် တော်လှန်ရေးမဖြစ်ခင်က တင်းကူးမှန်းဆထားသလို ဖြစ်မလာပဲ အင်မတန် ဆန်း သစ်တဲ့ ပုံစံနဲ့ ဖြစ်တည်လာခြင်းဖြစ်တယ်၊ ပြုပြင်မွမ်းမံချက်တွေ အများကြီးနဲ့ ပေါ်ပေါက်လာခြင်း ဖြစ်တယ်။ ဒီအ ချက်တွေကို နောက်ပိုင်းစာတွေမှာ သီးခြား ဆွေးနွေးသွားပါမယ်။ အခု လောလောဆယ်တော့ မာ့(ခ်စ်)၀ါဒီတ ယောက်ဟာ တကယ့်ဘဝ၊ အရှိတရားရဲ့ အချက်အလက် အမှန်တွေကို သိရှိနားလည်အောင် လုပ်ရတယ်၊ အ တိတ်က သီအိုရီတခုကိုပဲ ဖက်တွယ်ထားရမှာ မဟုတ်ဘူးဆိုတဲ့ ငြင်းဖျက်မရနိုင်သော အမှန်တရားကို ဖမ်းဆုပ် မိဖို့ အင်မတန် အရေးကြီးတယ်။ အတိတ်က သီအိုရီတခုဟာ တခြားသီအိုရီတွေလိုပဲ အဓိကကျတဲ့ အချက်တွေ နဲ့ ယေဘုယျသဘော ပုံကြမ်းကိုသာ ရေးဆွဲပေးနိုင်တယ်၊ အင်မတန် ရှုပ်ထွေးလှတဲ့ ဘဝ ကို အနီးစပ်ဆုံး ချဉ်း ကပ်ရုံသာ တတ်နိုင်တယ်။ “ဒီမှာမိတ်ဆွေ၊ သီအိုရီဆိုတာ အရောင် မှိန်တယ်၊ ဘဝဆိုတဲ့ ထာဝရ သစ်ပင်က တော့ စိမ်းစိုနေတယ်”။ (ဂါးထယ် ရဲ့ ဖော့စ် ထရက်ဂျဒီထဲက Mephistopheles ရဲ့ စကားလုံးကို လီနင်က ကိုးကား ပြောလိုက်ခြင်းဖြစ်တယ်)။

ဘူဇွှာတော်လှန်ရေးကို အရင်နည်းဟောင်းအတိုင်း “ပြီးမြောက်သလား” စဉ်းစားခြင်းဟာ ရှင်သန်နေတဲ့ မာ့(ခ်စ်) ၀ါဒကို အသက်မရှိတဲ့ စာတမ်းတခုအဖြစ် ချေဖျက်ပစ်လိုက်တာပဲ။ အရင်နည်းဟောင်းအတိုင်း စဉ်းစားရင် ဘူဇွှာ လူတန်းစား အုပ်စိုးမှုပြီးရင် ပစ္စည်းမဲ့လူတန်းစားနဲ့ လယ်သမားထုရဲ့ အာဏာရှင်စနစ် လိုက်ပါလာရမယ်။

တကယ့်ဘဝမှာ ဖြစ်ရပ်တွေဟာ ကြိုတွက်ထားသလို မဟုတ်ဘဲ ကွဲပြားခြားနားစွာ ထွက်ပေါ်လာတယ်၊ အင်မ တန်ကို ထူးခြား ဆန်းသစ်ပြီး တခါမှ မကြုံဖူးအောင် ဖြစ်ရပ်တခုနဲ့ တခု ထွေးရောယှက်တင် ဖြစ်ကုန်တယ်။ ဘူ ဇွှာလူတန်းစား အုပ်စိုးမှု (Lvov နဲ့ Guchkov တို့ရဲ့ အစိုးရ) နဲ့ ပစ္စည်းမဲ့လူတန်းစားနဲ့ လယ်သမားထုရဲ့ တော် လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်ဟာ တပြိုင်တည်း အတူတွဲ တည်ရှိနေတယ်။ ပစ္စည်းမဲ့လူတန်းစားနဲ့ လယ် သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်ဟာ ဘူဇွှာလူတန်းစား လက်ထဲကို စိတ်လိုလက်ရ အာ ဏာ ထိုးထည့်ပေးနေတယ်၊ သူ့ကိုယ်သူတော့ ဘူဇွှာလူတန်းစားရဲ့ ဘေးအစွယ်အပွားလေးဖြစ်အောင် စိတ်လို လက်ရ လျှော့ချ ပစ်နေတယ်။

ပီထရိုဂရက်မှာ အာဏာက အလုပ်သမားနဲ့ စစ်သားတွေ လက်ထဲမှာပဲ တကယ်ရှိနေခြင်းဖြစ်တယ်၊ ဒီအချက်ကို မေ့ထားလို့ မရဘူး။ အစိုးရအသစ်ဟာ ဒီအလုပ်သမား၊ စစ်သား ဆိုဗီယက်တွေကို အကြမ်းဖက် ဖြိုခွဲတာမျိုး မ လုပ်နိုင်ဘူး။ အစိုးရလက်ထဲမှာ လူထုနဲ့ ကင်းကွာနေတဲ့ အမြဲတမ်းစစ်တပ်၊ ရဲတပ်နဲ့ အုပ်ချုပ်ရေး ယန္တယား မရှိ တော့ဘူး။ ဒါဟာ ပါရီကွန်မြူးပုံစံကို ထင်ဟပ်နေတဲ့ အချက်ပဲ။ ဒီအချက်ဟာ အရင် ပုံသေနည်းဟောင်းနဲ့ အံဝင် ခွင်ကျ မဖြစ်ဘူး။ ပစ္စည်းမဲ့လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ် ဆိုတဲ့ အ ခုချိန်မှာ အဓိပ္ပါယ် မရှိတော့တဲ့ စကားလုံးတွေကို ယေဘုယျ ဆန်ဆန် တတွတ်တွတ် ရွတ်နေမယ့်အစား ပုံသေ နည်းတွေကို တကယ့် အချက်အလက်တွေနဲ့ ကိုက်ညီအောင် ပြုပြင်ယူရမယ်။

ဒီပြသနာကို ပိုပြီး မြင်သာအောင် နောက်ထပ်ရှုထောင့် တခုကနေ ချဉ်းကပ်ကြည့်ရအောင်။ မာ့(ခ်စ်)၀ါဒီတ ယောက်ဟာ လူတန်းစား ဆက်ဆံရေး ဆန်းစစ်ချက်ကို ဂရုတစိုက် ပြုလုပ်ရတယ်။ ဘူဇွှာလူတန်းစား လက်ထဲ မှာ အာဏာရထားပြီ။ “ဒါပေမယ့် လယ်သမားထုဟာ ဘူဇွှာလူတန်းစားပဲ မဟုတ်လား၊ ဘူဇွှာလူတန်းစားရဲ့ ကွဲ ပြားခြားနားတဲ့ လူတန်းစား အလွှာတခုသာဖြစ်တယ် မဟုတ်လား၊ မတူညီတဲ့ စရိုက်လက္ခဏာရှိသော ဘူဇွှာ အ လွှာတခုပဲ မဟုတ်လား၊ ဆိုတော့ ဒီအလွှာအာဏာရရှိပြီး ဘူဇွှာဒီမိုကရေစီ တော်လှန်ရေး ပြီးမြောက်သွားတာမျိုး မဖြစ်နိုင်ဘူးလား၊ ဘာ့ကြောင့် မဖြစ်နိုင်ရမှာလဲ”။

ဒါဟာ ဘော်ရှီဗစ်လူဟောင်းတွေ ငြင်းချက်ထုတ်နေကြ ပုံစံပဲ။ ကျနော့်အဖြေကတော့ ဒါဟာ ဖြစ်နိုင်ပါတယ်။ ဒါ ပေမယ့် ပကတိအခြေအနေကို အကဲဖြတ် သုံးသပ်ရာမှာ မာ့(ခ်စ်)၀ါဒီတယောက်ဟာ ဖြစ်နိုင်တဲ့ အရာကနေ အ စပြုတာ မဟုတ်ဘူး၊ တကယ်ဖြစ်နေတဲ့ အရာကနေသာ အစပြုတယ်။

လွတ်လပ်စွာ ရွေးကောက်ထားတဲ့ စစ်သား၊ လယ်သမား ကိုယ်စားလှယ်တွေဟာ စင်ပြိုင် (ဘူဇွှာ) အစိုးရကို လွတ်လပ်စွာ ပူးပေါင်းနေကြတယ်၊ လွတ်လပ်စွာ ပံ့ပိုးပေးနေကြတယ်၊ ဘူဇွှာအစိုးရ အားကောင်းလာအောင် ကူ ညီပေးနေကြတယ် ဆိုတာကို တကယ့် အရှိတရားက ဖွင့်ထုတ်ပြနေတယ်။ သူတို့ (လွတ်လပ်စွာ ရွေးကောက် ထားတဲ့ စစ်သား၊ လယ်သမား ကိုယ်စားလှယ် ဆိုဗီယက်တွေ) ဟာ ဘူဇွှာလူတန်းစားကို (လွတ်လပ်စွာ) အာ ဏာထိုးအပ်နေကြတယ်။ ဒါဟာ မာ့(ခ်စ်)၀ါဒ သဘောတရားကို နည်းနည်းလေးမှ ချိုးဖောက်ခြင်း မရှိပေ၊ ဘာ လို့လဲဆိုတော့ ဘူဇွှာလူတန်းစားက အာဏာကို ဆက်ထိန်းထားနိုင်တာ အကြမ်းနည်း သက်သက်တင် မဟုတ်၊ အဖိနှိပ်ခံ လူထုက လူတန်းစားအသိနဲ့ အဖွဲ့အစည်း ကင်းမဲ့နေပြီး၊ ဖိနှိပ်ခံရပါ များလာတော့ ပြန်ခုခံဖို့ စိတ်ဓာတ် ကိုမရှိတော့ဘဲ နေမြဲအတိုင်း နေခြင်းကြောင့်လည်း အာဏာကို ဆက်ထိန်းထားနိုင်ခြင်း ဖြစ်တယ်လို့ ကျနော်တို့ ထပ် တလဲလဲ ထောက်ပြခဲ့တယ်။

ဒီကနေ့ ပကတိအခြေအနေအရ ဒီအချက်ကို မျက်ကွယ်ပြုပြီး “ဖြစ်နိုင်ချေတွေ”ကို ပြောနေခြင်းဟာ အတော် အူ ကြောင်ကြောင်နိုင်တာပဲ။ လယ်သမားထုဟာ မြေယာတွေ အားလုံးကို သိမ်းပြီး နိုင်ငံရေး အာဏာကိုပါ သိမ်းနိုင် တယ် ထားပါတော့။ ဒီဖြစ်နိုင်ချေကို မေ့မထားဘဲ၊ လက်ရှိဖြစ်နေတဲ့ အခြေအနေကိုပဲ ကန့်သတ်မထားဘဲ၊ ဖြစ် ရပ် အသစ်ကို အလေးအနက်ထား စဉ်းစားပြီး မြေယာလုပ်ငန်းစဉ်ကို ကျနော် ရှင်းရှင်းလင်းလင်း တည်ဆောက် ထားတယ်။ ဖြစ်ရပ်အသစ် ဆိုတာကတော့ မြေယာအလုပ်သမား၊ ဆင်းရဲလယ်သမားတွေက တဖက်၊ လယ်ပိုင် မြေပို်င် လူတန်းစားက တဖက် ကြီးကြီးမားမား ကွဲပြားနေတဲ့ အချက်ပဲ။

ဒါပေမယ့် နောက်ထပ် ဖြစ်နိုင်ချေတခုလည်း ရှိသေးတယ်၊ လယ်သမားတွေက ဆိုရှယ် ရက်ဗလူရှင်နရီ (SR)လို ဓနရှင်ပေါက်စ ပါတီရဲ့ အကြံပေးချက်ကို ရယူတာမျိုးလည်း ဖြစ်နိုင်သေးတယ်။ SR ပါတီဟာ ဘူဇွှာလူတန်းစား ရဲ့ သြဇာအောက် ရောက်နေပြီး defencist ရပ်တည်ချက်ကို ကိုင်စွဲထားတယ်၊ တိုင်းပြုပြည်ပြု ညီလာခံ (Constituent Assembly) ခေါ်တဲ့အချိန်ထိ စောင့်ဆိုင်းပေးဖို့ အကြံပြုနေကြတယ်။ ဒီညီလာခံ ဘယ်ချိန်ခေါ် မယ်ဆိုတာတော့ အခုထိ မသတ်မှတ်ရသေးဘူး။*

(ဒီနေရာမှာ သူ့ရဲ့ဆိုလိုရင်းက အဓိပ္ပါယ်ကောက်လွဲမှာ စိုးလို့ လီနင်က အောက်ခြေမှတ်စုနဲ့ ဖြည့်စွက် ရှင်းလင်း ခဲ့တယ်။ လီနင်ရဲ့ ဖြည့်စွက်မှတ်စု -

“ကျနော့် ပြောဆိုချက်ကို အဓိပ္ပါယ်မှားကောက်မှာစိုးလို့ ဒီအချက်ကို တခါတည်း ပြောထားရလိမ့်မယ်၊ ကျနော် ဟာ မြေယာအလုပ်သမားနဲ့ လယ်သမား ဆိုဗီယက်တွေ မြေယာအားလုံးကို ချက်ချင်း ဝင်သိမ်းတာကို လိုလား ထောက်ခံသူဖြစ်တယ်၊ ဒါပေမယ့် ဒီလို ဝင်သိမ်းပြီးရင် ဆိုဗီယက်တွေက စည်းကမ်း တင်းတင်းကြပ်ကြပ်နဲ့ ဖွဲ့ စည်းမှုကို တည်ဆောက်ထားရမယ်၊ စက်ယန္တယားတွေ အဆောက်အဦတွေ ကျွဲနွားတွေကို အပျက်အစီးမရှိ အောင် ထိန်းသိမ်းထားရမယ်၊ မြေယာကုန်ထုတ်လုပ်ငန်းကို မပြိုကွဲအောင် စုစည်းရမယ်၊ ဖွံ့ဖြိုးအောင် လုပ်ရ လိမ့်မယ်၊ လူထုကို အငတ်ထားလို့ မဖြစ်သလို စစ်သားတွေဟာလည်း ရိက္ခာ နှစ်ဆတိုး လိုအပ်နေချိန် ဖြစ် တယ်။”)

လယ်သမားတွေက ဘူဇွှာလူတန်းစားနဲ့ အပေးအယူကို ကြာရှည် ဆက်လုပ်နေမယ် ဆိုတာလည်း ဖြစ်နိုင်သေး တယ်။ လယ်သမားနဲ့ ဘူဇွှာလူတန်းစားကြား အပေးအယူဟာ “အလုပ်သမား၊ စစ်သား ကိုယ်စားလှယ်များ ဆိုဗီ ယက်” ကနေ ပုံသဏ္ဍန်အနေနဲ့ သာမက လက်တွေ့အရပါ အပီအပြင် ထွက်ပေါ်ထားပြီး ဖြစ်တယ်။

ဖြစ်နိုင်တာတွေကတော့ အများကြီးပဲ။ မြေယာလှုပ်ရှားမှုနဲ့ မြေယာလုပ်ငန်းစဉ်ကို မေ့ထားရင် အမှားကြီး မှား မယ်။ ဒါပေမယ့် တကယ့် အရှိတရားကို မေ့ထားတာလည်း မဟာအမှားပဲ။ တကယ့်အရှိတရားက ဘူဇွှာလူတန်း စားနဲ့ လယ်သမားထုကြား သဘောတူညီမှု ရယူထားတယ်၊ (ဥပဒေဆန်တဲ့ စကားမဟုတ်ဘဲ ပိုပြီးတိကျတဲ့ ဘောဂဗေဒ အသုံးနဲ့ ပြောရရင်) ဘူဇွှာလူတန်းစားနဲ့ လယ်သမားထုကြား လူတန်းစား ပူးပေါင်းရေး class collaboration လုပ်ထားတယ်။ ဒီ အခိုင်အမာ အချက်အလက်ဟာ တကယ် မရှိတော့ရင်၊ လယ်သမားလူတန်း စားက ဘူဇွှာလူတန်းစားနဲ့ လမ်းခွဲထွက်လာပြီး ဘူဇွှာလူတန်းစားရှိနေပေမယ့် မြေယာနဲ့ အာဏာကို သိမ်းပိုက် လာတဲ့အခါ ဘူဇွှာဒီမိုကရေစီ တော်လှန်ရေးရဲ့ အဆင့်သစ်တခုကို ရောက်လာလိမ့်မယ်။ ဒါက သီးခြား ကိုင် တွယ်ရမယ့် ကိစ္စ ဖြစ်လိမ့်မယ်။

အဲဒီလို အနာဂတ်မှာ ဖြစ်နိုင်ချေရှိတာကိုပဲ စဉ်းစားနေတဲ့ မာ့(ခ်စ်)၀ါဒီတယောက်ဟာ လယ်သမားထုက ဘူဇွှာ လူတန်းစားနဲ့ သဘောတူ ပူးပေါင်းနေတဲ့ လက်ရှိအချိန်မှာ လုပ်ရမယ့် တာဝန်တွေကို မေ့နေတယ်၊ ဓနရှင်ပေါက် စတွေဘက် မျက်နှာမူလာတယ်။ သူဟာ လက်တွေ့မှာတော့ ပစ္စည်းမဲ့လူတန်းစားကို ဓနရှင်ပေါက်စ လူတန်းစား ကို ယုံကြည်မှုထားဖို့ စည်းရုံး ပြောဆိုနေတာပဲ။ လယ်သမားထုက ဘူဇွှာလူတန်းစားရဲ့ နောက်မြီးဆွဲ မဖြစ်တဲ့၊ SR တွေ၊ Chkheidzes, Tseretelis, and Steklovs က ဘူဇွှာအစိုးရရဲ့ အစွယ်အပွားလေးတွေ မဖြစ်တဲ့ အင်မ တန် သာယာဖွယ် အနာဂတ်တခု “ဖြစ်နိုင်ချေ” ရှိနေတာကြောင့် အခုလက်ရှိ မနှစ်မြို့ဖွယ် ပကတိအခြေအနေ ကို မေ့ထားကြတယ်။ လက်ရှိ ပကတိအခြေအနေမှာ လယ်သမားထုဟာ ဘူဇွှာလူတန်းစားရဲ့ နောက်မြီးဆွဲဖြစ် နေတယ်၊ SR တွေ ဆိုရှယ်ဒီမိုကရက်တွေက ဘူဇွှာ လူတန်းစားရဲ့ အစွယ်အပွားဘဝကို အခုထိ မစွန့်လွှတ်သေး ဘူး။

ဒီလို ဖြစ်နိုင်ချေကိုပဲ မှန်းဆနေတဲ့ လူဟာ ချိုမြိန်တဲ့ Louis Blanc (ဒါမှမဟုတ်) သကာလိုချိုတဲ့ Kautskyite ပဲ ဖြစ်လိမ့်မယ်၊ တော်လှန်ရေးသမား မာ့(ခ်စ်)၀ါဒီတော့ လုံးဝမဟုတ်ဘူး။

ဒါပေမယ့် ဘူဇွှာဒီမိုကရေစီ တော်လှန်ရေးကို ‘ခုန်ကျော်’ လိုက်ပြီး ဆိုရှယ်လစ်တော်လှန်ရေးကို တန်းရောက်ချင် ရင် ငါတို့ဟာ စိတ်ဆန္ဒစွဲဝါဒ အမှားကို ကျူးလွန်မိရက်သား ဖြစ်မနေဘူးလား။ (ဘူဇွှာဒီမိုကရေစီ တော်လှန်ရေး ဟာ မပြီးဆုံးသေးဘူး၊ မြေယာလယ်သမား တော်လှန်ရေးကို ဆုံးခန်းတိုင် မဆင်နွှဲရသေးဘူး၊ ဒါ့ကြောင့် ဆိုရှယ် လစ်တော်လှန်ရေးကို ပြောခြင်းဟာ အဆင့်ကျော်ပြီး ကိုယ့်စိတ်ဆန္ဒအလိုကို လိုက်လုပ်ခြင်းပဲလို့ ဆိုကြတယ်)။ “ဇာဘုရင်စနစ် အလိုမရှိ၊ အလုပ်သမား အစိုးရသာ တည်ဆောက်ကြ” လို့ ကျနော်ပြောခဲ့ရင် စိတ်ဆန္ဒစွဲအမှား ကို ကျူးလွန်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီလိုမျိုး မပြောခဲ့ဘူး၊ တခြားအရာသာ ကျနော်ပြောခဲ့ခြင်း ဖြစ်တယ်။ ရပ်ရှားမှာ အလုပ်သမားဆိုဗီယက်၊ မြေယာအလုပ်သမား ဆိုဗီယက်၊ စစ်သားနဲ့ လယ်သမားဆိုဗီယက် အစိုးရကလွဲလို့ ဘူဇွှာအစိုးရအပါအဝင် တခြားအစိုးရ မရှိနိုင်ဘူးလို့ပဲ ကျနော် ပြောခဲ့တယ်။ အခုချိန်မှာ ရပ်ရှား နိုင်ငံတော် အာဏာကို Guchkov နဲ့ Lvov ဘူဇွှာအစိုးရ လက်ထဲကနေ ဒီဆိုဗီယက်တွေ လက်ထဲ ကူးပြောင်း သွားဖို့သာ ကျနော် ပြောခဲ့တယ်။ ဒီဆိုဗီယက်တွေထဲမှာ လယ်သမားတွေ၊ စစ်သားတွေ ရှိတယ်၊ သာမန်အရပ် သားအသုံးနဲ့ မဟုတ်ဘဲ သိပ္ပံနည်းကျ မာ့(ခ်စ်)၀ါဒ ဝေါဟာရနဲ့ ပြောရရင် လူတန်းစား သတ်မှတ်ချက်အရ ဓနရှင် ပေါက်စတွေ ရှိနေတယ်။ ကျနော့် စစ်တမ်းတွေထဲမှာ မပြီးဆုံးသေးတဲ့ လယ်သမားတိုက်ပွဲကို ခုန်ကျော်ပစ်တာ (၀ါ) ဓနရှင်ပေါက်စ လှုပ်ရှားမှု တစုံလုံးကို ခုန်ကျော်ပစ်တာကို ဆန့်ကျင်ကြောင်း၊ အလုပ်သမားအစိုးရက အာ ဏာသိမ်းဖို့ ပြောခြင်းကို ဆန့်ကျင်ကြောင်း၊ Blanquist အရဲစွန့်မှုပုံစံ အားလုံးကို ဆန့်ကျင်ကြောင်း အတိအ လင်း ဆိုထားတယ်၊ အကြောင်းကတော့ ကျနော်ဟာ ပါရီကွန်မြူး အတွေ့အကြုံကိုသာ သေချာ ကိုးကားထားလို့ ပဲ။

ပါရီကွန်မြူး အတွေ့အကြုံဟာ Blanquism ကို လုံးဝဖယ်ရှားပစ်ခဲ့တယ်၊ လူထုက တိုက်ရိုက်၊ ခြွင်းချက်မရှိ အုပ် စိုးခြင်းကိုသာ အခိုင်အမာ ဖြစ်စေခဲ့တယ်၊ သိစိတ်ရှိရှိ လုပ်ဆောင်နေတဲ့ လူထုရဲ့ လှုပ်ရှားမှုကိုသာ အဓိကထားခဲ့ တယ်။ ဒါကို မာ့(ခ်စ်)က ၁၈၇၁ခုနှစ်မှာ အကျယ်တဝင့် သက်သေပြထားခဲ့သလို အန်းဂယ်(စ်) ကလည်း ၁၈၉၁ ခုနှစ်မှာ သက်သေပြခဲ့တယ်။ ဒါကို ကျနော်တို့အားလုံး သိထားကြပြီး ဖြစ်တယ်။ (ဧပြီစစ်တမ်းတွေထဲမှာ) လက် ရှိပြသနာကို အလုပ်သမား ဆိုဗီယက်၊ မြေယာအလုပ်သမား ဆိုဗီယက်၊ လယ်သမားနဲ့ စစ်သားဆိုဗီယက်တွေ အတွင်း (ဘော်ရှီဗစ်လမ်းစဉ်) လွှမ်းမိုးရေး တိုက်ပွဲအဖြစ် အတိအကျ ဖော်ထုတ်ခဲ့တယ်။ ဒီအချက်ကို နည်းနည်း လေးမှ ဝေတေဝါးတား မဖြစ်ရလေအောင် ဒီစစ်တမ်းတွေထဲမှာ “လူထုရဲ့ လက်တွေ့ လိုအပ်ချက်နဲ့ ကိုက်ညီ သော” “ရှင်းလင်းဆွေးနွေးခြင်း” အလုပ်ကို စိတ်ရှည်ရှည်နဲ့ တောက်လျှောက် လုပ်ဖို့ လိုအပ်ကြောင်း နှစ်ကြိမ် တိတိ အလေးပေး ပြောခဲ့တယ်။ မစ္စတာ ပလက်(ခ်)နော့ လို မာ့(ခ်စ်)၀ါဒ သစ္စာဖောက်တွေ (၀ါ) နလပိန်းတုန်း တွေကတော့ အနာခစ်ဇင်၊ ဘလန်းကွင်းဇင်၊ စသဖြင့် မျိုးစုံ စွပ်စွဲ အော်ဟစ်နေလိမ့်မယ်။ ဒါပေမယ့် စဉ်းစား တတ်တဲ့၊ လေ့လာချင်တဲ့ သူတွေကတော့ ဘလန်းကွင်းဇင်ဆိုတာ လူလက်တဆုပ်စာလေးက အာဏာသိမ်းခြင်း ကို ဆိုလိုကြောင်း နားလည်ကြတယ်၊ ဒါပေမယ့် ဆိုဗီယက်တွေဆိုတာ အများစုသော လူထုကြီးရဲ့ စုဖွဲ့မှု၊ တိုက် ရိုက်အုပ်စိုးမှု ဖြစ်တယ်။

ဒီဆိုဗီယက်တွေထဲမှာ (ဘော်ရှီဗစ်လုပ်ငန်းစဉ်) သြဇာလွှမ်းရေး တိုက်ပွဲအဖြစ် အလုပ်ကို သတ်မှတ်ထားခြင်း ဟာ ဘလန်းကွင်းဇင် ဗွက်တောထဲ ရောက်မသွားပါဘူး။ အနာခစ်ဇင် ဗွက်တောထဲလည်း ချော်တောငေါ့မသွား ပါဘူး၊ ဘာလို့လဲဆိုတော့ ဘူဇွှာလူတန်းစား အုပ်စိုးမှုကနေ ပစ္စည်းမဲ့လူတန်းစား အုပ်စိုးမှုကို ကူးပြောင်းနေတဲ့ ကြားကာလမှာ အစိုးရနဲ့ အစိုးရအာဏာ လိုအပ်နေသေးတာကို အနားခစ်ဇင်က လက်မခံလို့ပဲ။ ဒါပေမယ့် ဒီအ ကူးအပြောင်းကာလမှာ အစိုးရအာဏာ လိုအပ်ပုံကို (အဓိပ္ပါယ်ကောက် လွဲစရာမရှိအောင်ကို) အတိအလင်း ကျ နော်တင်ပြခဲ့တယ်။ ဒါပေမယ့် မာ့(ခ်စ်)ရဲ့ လမ်းညွှန်သဘောတရား၊ ပါရီကွန်မြူး သင်ခန်းစာတွေနဲ့ အညီ ခါတိုင်း တွေ့နေကျ ဘူဇွှာ ပါလီမန် အစိုးရမျိုးကိုတော့ လက်မခံပေ၊ အမြဲတမ်းစစ်တပ် မရှိတဲ့ အစိုးရ၊ လူထုနဲ့ ဆန့်ကျင် သော ရဲတပ် မရှိတဲ့၊ လူထုနဲ့ ကင်းကွာနေသော ဗျူရိုကရေစီ မရှိတဲ့ အစိုးရကိုသာ တင်ပြခဲ့ခြင်း ဖြစ်တယ်။

မစ္စတာ ပလက်ခနော့က သူ့သတင်းစာ Yedinstvo ကနေ ဒါဟာ အနာခစ်ဇင် ပဲလို့ အစွမ်းကုန် အော်ဟစ်နေ ပြန်တယ်။ ဒီလို လုပ်လိုက်ခြင်းဟာ ပလက်ခနော့တယောက် မာ့(ခ်စ်)၀ါဒနဲ့ ဘယ်လောက်တောင် ပြဒါးတလမ်း သံတလမ်းဖြစ်နေသလဲ လက်တွေ့ပြနေတာပဲ။ ၁၈၇၁၊ ၁၈၇၂ နဲ့ ၁၈၇၅ခုနှစ်တွေမှာ မာ့(ခ်စ်)နဲ့ အန်းဂယ်(စ်) တို့ ဒီအကြောင်းအရာ (နိုင်ငံတော်အစိုးရ) နဲ့ ပတ်သက်လို့ ဘာတွေ သင်ကြားခဲ့သလဲ ကျနော်တို့ကို ပြောစမ်းပါလို့ ပရား(ဗ်)ဒါ အမှတ်စဉ် (၂၆) မှာ ပလက်ခနော့ကို ကျနော်က စိန်ခေါ်ခဲ့တယ်။ အဲဒီလို စိန်ခေါ်လိုက်တော့ မစ္စတာ ပလက်ခနော့ က နိုင်ငံတော်အစိုးရ သဘောတရားကို ဘာတခွန်းမှ မဟတော့ဘဲ ရေငုံနှုတ်ပိတ်လုပ်နေတယ်၊ ပြီးမှ ဒေါသပုန်ထနေတဲ့ ဘူဇွှာလူတန်းစားလို ထင်ရာမြင်ရာ စွပ်စွဲပုတ်ခတ်နေတယ်။ တခါက မာ့(ခ်စ်)၀ါဒီဖြစ်ခဲ့ ဖူးသူ မစ္စတာ ပလက်ခနော့ဟာ နိုင်ငံတော်အစိုးရအပေါ် မာ့(ခ်စ်)၀ါဒ အမြင်သဘောထားကို နည်းနည်းလေးမှ နားမလည်ဘူး။ တိုက်တိုက်ဆိုင်ဆိုင်၊ ပလက်ခနော့ရဲ့ မသိနားမလည်မှုကို ဂျာမန်ဘာသာနဲ့ ထုတ်ဝေထားသော သူ့ရဲ့ အနာခစ်ဇင်စာအုပ်မှာလည်း တွေ့ရတယ်။

ကျနော့်ရဲ့ စစ်တမ်းတွေနဲ့ အပေါ်မှာ တင်ပြခဲ့တဲ့ အမြင်တွေကို ရဲဘော် Y. Kamenev က သဘောမတူကြောင်း ပရား(ဗ်)ဒါ အမှတ်စဉ်(၂၇)မှာ ဘယ်လိုတင်ပြထားသလဲ ကြည့်ရအောင်။ ဒါတွေ ဖတ်ကြည့်ရင် သူတို့အမြင်ကို အလွယ်တကူ ဖမ်းဆုပ်ကြည့်နိုင်လိမ့်မယ်။

‘ရဲဘော်လီနင်ရဲ့ စစ်တမ်းတွေဟာ ဘူဇွှာဒီမိုကရေစီ တော်လှန်ရေး ပြီးဆုံးသွားပြီဆိုတဲ့ ယူဆချက်ကနေ အစပြု ထားတယ်၊ ဒီတော်လှန်ရေးကို ဆိုရှယ်လစ် တော်လှန်ရေးအဖြစ် ချက်ချင်း ပြောင်းလဲပစ်ရမယ်လို့ ဆိုထားတယ်၊ ဒီတင်ပြချက်ဟာ ကျနော်တို့ (ဘော်ရှီဗစ်တွေ) အဖို့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး’ လို့ ရဲဘော် Kamenev က ရေးထားတယ်။

ဒီနေရာမှာ အဓိက အမှား ၂ခု ရှိတယ်။ ပထမတခုက ဘူဇွှာဒီမိုကရေစီ တော်လှန်ရေး ပြီးဆုံးသွားပြီဆိုတဲ့ ပြသ နာကို မှားမှားယွင်းယွင်း တည်ဆောက်ထားတယ်။ ပြသနာကို (ပကတိအခြေအနေနဲ့ ကင်းလွတ်နေတဲ့) စိတ္တဇ ဆန်ဆန် ဖော်ထုတ်ထားတယ်၊ အရောင်တခုတည်း ရှိသယောင် ပုံဖော်ထားတယ်။ တကယ့် အရှိတရားနဲ့ ကိုက် ညီမှု မရှိဘူး။ “ဘူဇွှာဒီမိုကရေစီ တော်လှန်ရေး ပြီးဆုံးသွားပြီလား” လို့ပဲ မေးထားပြီး နောက်ထပ် တခွန်းမှ မဟ ခြင်းဟာ အင်မတန် ရှုပ်ထွေးတဲ့ ပကတိ အရှိတရားကို မမြင်နိုင်အောင် ဟန့်တား ပိတ်ပင်ထားတယ်၊ တကယ့် အရှိတရားဟာ အနည်းဆုံးတော့ အရောင် အသွေး ၂မျိုး ရှိနေတယ်။ ဒါက သီအိုရီ အရ လွဲမှားနေတာ၊ လက် တွေ့မှာ ဒါဟာ ဓနရှင်ပေါက်စ တော်လှန်ရေးဝါဒကို လက်လျှော့ အရှုံးပေးလိုက်ရခြင်း ဖြစ်တယ်။ တကယ့် အရှိ တရားမှာ အာဏာဟာ ဘူဇွှာလူတန်းစား လက်ထဲ ရောက်သွားပြီ (ခါတိုင်း တွေ့နေကျ ဘူဇွှာဒီမိုကရေစီ တော် လှန်ရေး ပြီးဆုံးသွားခြင်းကို ပြနေတယ်)၊ ဒီဘူဇွှာအစိုးရနဲ့ အပြိုင် “ပစ္စည်းမဲ့လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်” ကို ကိုယ်စားပြုထားတဲ့ စင်ပြိုင်အစိုးရလည်း ရှိနေသေးတယ်။ ဒီ ”ဒု တိယအစိုးရ” ဟာ သူ့လက်ထဲရှိနေတဲ့ အာဏာကို သူကိုယ်တိုင် ဘူဇွှာလူတန်းစားလက်ထဲ လွှဲအပ်ပေးခဲ့တယ်၊ သူ့ကိုယ်သူ ဘူဇွှာအစိုးရနဲ့ တွဲချည်ထားလိုက်တယ်။ “ဘူဇွှာဒီမိုကရေစီ တော်လှန်ရေး မပြီးဆုံးသေးဘူး” ဆိုတဲ့ ရဲဘော် Kamenev ရဲ့ ဘော်ရှီဗစ် ဖော်မြူလာ အဟောင်းက ဒီအရှိတရားကို ဖုံးကွယ်ထားနိုင်သလား။

ဖုံးကွယ်မထားနိုင်ဘူး။ (လီနင်ဦးဆောင်တဲ့ ရပ်ရှား ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ စတင်ထူထောင်ချိန်က နေ ၁၉၁၇ ဖေဖော်ဝါရီတော်လှန်ရေးအထိ ရပ်ရှားတော်လှန်ရေးဟာ ဘူဇွှာဒီမိုကရေစီ တော်လှန်ရေးသာ ဖြစ် တယ်။ ဒါ့ကြောင့် ဒီမိုကရေစီ တော်လှန်ရေးအပြီး ပေါ်ပေါက်လာမယ့် အစိုးရဟာ ပစ္စည်းမဲ့လူတန်းစားနဲ့ လယ် သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ် ဖြစ်ရမယ်။ ဒီဖော်မြူလာကို လီနင်ရေးတဲ့ two tactics of social democracy ကျမ်းမှာ စတင်ဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်။ ဘော်ရှီဗစ်တွေဟာ ဆယ်စုနှစ်တခုကျော် ဒီ ဖော်မြူလာကို လုပ်ငန်းစဉ်အဖြစ် ကိုင်စွဲပြီး တိုက်ပွဲဝင်လာခဲ့ကြတယ်။ ၁၉၁၇ ဖေဖော်ဝါရီ တော်လှန်ရေးအပြီး ပေါ်ပေါက်လာတဲ့ အခြေအနေတွေ ပြောင်းလဲသွားပေမယ့် ဒီဖော်မြူလာ အဟောင်းကိုပဲ ဆက်ကိုင်စွဲနေကြဆဲ ဖြစ်တယ်။ ဒီဖော်မြူလာကို စတင်ဖော်ထုတ်ခဲ့တဲ့ လီနင်ကတော့ ပစ္စည်းမဲ့လူတန်းစား အာဏာရှင်စနစ်ထူထောင် ရေး၊ ဘူဇွှာဒီမိုကရေစီ တော်လှန်ရေးအဆင့်တင် ရပ်မနေဘဲ ဆိုရှယ်လစ်တော်လှန်ရေး အဆင့်ကို ဆက်တိုက် ချီတက်ရေးကို ဖော်ထုတ်လာတယ်။ ဒီအခါ ဘော်ရှီဗစ်ပါတီအတွင်း လီနင်ရဲ့ လုပ်ငန်းစဉ်ကို အများစုက လက် မခံကြဘူး။ အရင် ဖော်မြူလာအဟောင်းကိုသာ ဆက်လက်ကိုင်စွဲထားကြတယ်။ ရပ်ရှားမှာ မြေယာတော်လှန် ရေးတောင် မပြီးသေးဘဲ လီနင်က ဘူဇွှာဒီမိုကရေစီတော်လှန်ရေး ပြီးဆုံးပြီ ပြောခြင်းကို သူတို့ ဘယ်လိုမှ လက် မခံနိုင်ကြ။ သူကိုယ်တိုင် ဖော်ထုတ်ခဲ့တဲ့ ပစ္စည်းမဲ့လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာ ဏာရှင်စနစ်ကို လီနင် ဘာပြောခဲ့သလဲ ဆက်ဖတ်ကြည့်ပါ။) ဒီဖော်မြူလာဟာ အတိတ်မှာ ကျန်ခဲ့ပြီ၊ လုံးဝခေတ် မမီတော့ဘူး။ လုံးဝ မကောင်းတော့ဘူး။ သေဆုံးသွားပြီ။ ဒီဖော်မြူလာကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေ တာ ဘာမှ အသုံးမဝင်ဘူး။

ဒုတိယအချက်က လက်တွေ့ပြသနာ။ အခုချိန်မှာ ဘူဇွှာအစိုးရနဲ့ လုံးဝလမ်းခွဲထွက်ပြီး ထူးခြားတဲ့ “ပစ္စည်းမဲ့လူ တန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ်” ရပ်ရှားမှာ ပေါ်ထွက်လာမယ်လို့ ဘယ်သူ သိနိုင်မလဲ။ မသိနိုင်တဲ့အချက်ပေါ် အခြေခံပြီး မာ့(ခ်စ်)၀ါဒ နည်းဗျူဟာကို ချမှတ်ဖို့ မဖြစ်နိုင်ဘူး။ တ ကယ်လို့ ဖြစ်နိုင်တယ်ဆိုရင်တောင် ဒါကို အကောင်အထည်ဖော်ဖို့ တလမ်းသာ ရှိတော့တယ်။ အဲဒါကတော့ ဓန ရှင်ပေါက်စ အစိတ်အပိုင်းတွေနဲ့ ပစ္စည်းမဲ့လူတန်းစား ကွန်မြူနစ်အစိတ်အပိုင်းတွေကို ချက်ချင်း ပြတ်ပြတ်သား သား ခွဲခြားပစ်ရေးပဲ။

ဘာ့ကြောင့်လဲ။ ဓနရှင်ပေါက်စ လူတန်းစားတရပ်လုံး ရှိူဗင်နဇင် (ဖေဖော်ဝါရီ တော်လှန်ရေး အပြီး ပေါ်ပေါက် လာတဲ့ ဒီမိုကရေစီ သမ္မတနိုင်ငံတော်ကြီးကို ကာကွယ်ဖို့ ပထမကမ္ဘာစစ်မှာ ဝင်တိုက်နေတဲ့ ဘူဇွှာအစိုးရကို ခုခံ ကာကွယ်ပေးရမယ် ဆိုတဲ့ defencism) ဘက် ရောက်ကုန်တာ တိုက်ဆိုင်မှု မဟုတ်၊ လိုအပ်ချက် နိယာမအရ ရောက်ကုန်ခြင်းဖြစ်တယ်၊ တိုက်ဆိုင်မှု အရမဟုတ်ဘဲ လိုအပ်ချက် နိယာမအရ ဘူဇွှာလူတန်းစားကို ထောက်ခံ လာကြတယ်၊ ဘူဇွှာလူတန်းစားကို မှီခိုလာကြတယ်၊ ဘူဇွှာလူတန်းစားနဲ့ ပြတ်ပြတ်သားသား လမ်းခွဲထွက်ရမှာ ကို စိုးရွံ့လာကြတယ်၊ စသဖြင့် စသဖြင့်။ အခုချိန်မှာ အာဏာရယူထားနိုင်တာတောင် အာဏာကို ဆက်ယူမ ထားချင်တဲ့ ဓနရှင်ပေါက်စတွေကို အာဏာ ဘယ်လို ထိုးအပ်မလဲ။ ပစ္စည်းမဲ့လူတန်းစား ကွန်မြူနစ်ပါတီက ဒီဓန ရှင်ပေါက်စ ငကြောက်တွေနဲ့ ပြတ်ပြတ်သားသား လမ်းခွဲထွက်ပြီး ပစ္စည်းမဲ့လူတန်းစား တိုက်ပွဲကို ဆင်နွှဲတော့မှ သာ အာဏာပြသနာကို ဖြေရှင်းနိုင်မယ်။ ပစ္စည်းမဲ့လူတန်းစားကို ဓနရှင်ပေါက်စ လူတန်းစား သြဇာအောက်က နေ လေနဲ့သာမဟုတ်ဘဲ လက်တွေ့အရပါ ကင်းလွတ်လာအောင် လုပ်ရမယ်။ ဒီတော့မှသာ (အခြေအနေပေး လာတာနဲ့ တပြိုင်နက်) ပစ္စည်းမဲ့လူတန်းစားရဲ့ အင်အား ကျစ်လစ်စုစည်းမှုနဲ့ အာဏာသိမ်းနိုင်လိမ့်မယ်။ (တချို့ အခြေအနေမှာ) (Chkheidze, Tsereteli, the S.R.s, and Steklov,) တို့ကို ဘူဇွှာ အစိုးရက အာဏာအပြည့် လွှဲပေးတာတောင် ဖြစ်နိုင်သေးတယ်။ အကြောင်းကတော့ သူတို့အားလုံးဟာ “defencist” တွေဖြစ်နေလို့ပဲ။

ဆိုဗီယက်တွေထဲမှာ ရှိနေတဲ့ ပစ္စည်းမဲ့လူတန်းစား အစိတ်အပိုင်းတွေ (ဆိုလိုတာက ပစ္စည်းမဲ့လူတန်းစား ကွန် မြူနစ်ပါတီ) ကို ဓနရှင်ပေါက်စ အစိတ်အပိုင်းတွေနဲ့ ချက်ချင်း ပြတ်ပြတ်သားသား ခွဲခြားပစ်ဖို့ဆိုတာ လှုပ်ရှားမှု တခုလုံးရဲ့ အကျိုးစီးပွားကို ဖြစ်နိုင်ချေ၂မျိုးထဲက တနည်းနည်းနဲ့ မှန်မှန်ကန်ကန် ဖော်ထုတ်ပေးရေးဖြစ်တယ်။ ပ ထမ တလမ်းက ဘူဇွှာလူတန်းစား အပေါ် မှီခိုခြင်းမရှိတဲ့ “ပစ္စည်းမဲ့လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန် ရေး ဒီမိုကရေစီ အာဏာရှင်စနစ်” နောက်ပုံစံတခု ရပ်ရှားမှာ ထွက်ပေါ်လာတာ ဖြစ်နိုင်တယ်။ ဒုတိယတခုက ဓနရှင်ပေါက်စ လူတန်းစားဟာ ဘူဇွှာလူတန်းစားနဲ့ လမ်းခွဲမထွက်နိုင်ဘဲ ကျနော်တို့ (ပစ္စည်းမဲ့လူတန်းစား ကွန် မြူနစ်ပါတီ) နဲ့ ဘူဇွှာလူတန်းစားကြား အမြဲ ယိမ်းယိုင်နေတာမျိုး ဖြစ်နိုင်တယ်။

(တော်လှန်ရေးပါတီ) တခုရဲ့ လုပ်ငန်းတွေကို “ဘူဇွှာဒီမိုကရေစီ တော်လှန်ရေး မပြီးဆုံးသေးဘူး” ဆိုတဲ့ ဖော်မြူ လာ သက်သက်နဲ့ လမ်းညွှန်ဖို့ ဆိုရင် ဓနရှင်ပေါက်စ လူတန်းစားဟာ ဘူဇွှာလူတန်းစားနဲ့ သီးခြားကင်းလွတ် ရပ် တည်နိုင်စွမ်း ရှိကြောင်း အာမခံဖို့ ဆုံးဖြတ်လိုက်တာပဲ။ ဒါဆိုရင်တော့ မင်းဟာ ဓနရှင်ပေါက်စလူတန်းစားအပေါ် မင်းကိုယ်မင်း ပုံအပ်လိုက်တာပဲ။

တိုက်ဆိုင်လာလို့ “ပစ္စည်းမဲ့လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန် ရေး ဒီမိုကရေစီ အာဏာရှင်စနစ်” ဖော် မြူလာနဲ့ ပတ်သက်လို့ ထည့်သွင်းဆွေးနွေးရဦးမယ်။ Two Tactics (၁၉၀၅ခုနှစ်၊ ဇူလိုင်လ) ကျမ်းထဲမှာ အခုလို အလေးထား ဖော်ပြခဲ့တယ် “ကမ္ဘာထဲမှာရှိတဲ့ တခြားအရာအားလုံးလိုပဲ ပစ္စည်းမဲ့လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမိုကရေစီ အာဏာရှင်စနစ် မှာလည်း အတိတ်နဲ့ အနာဂတ် ရှိတယ်။ သူ့ရဲ့ အတိတ်က ဘုရင်စ နစ်၊ မြေကျွန်စနစ်၊ သက်ဦးဆံပိုင်စနစ်နဲ့ အခွင့်ထူးတွေ … သူ့အနာဂတ်ကတော့ ပုဂ္ဂလိက ပိုင်ဆိုင်မှုကို တိုက် ဖျက်ခြင်း၊ အခစား အလုပ်သမားတွေက အရင်းရှင်ကို တိုက်ပွဲဝင်ခြင်း၊ ဆိုရှယ်လစ်စနစ်ဆီ တိုက်ပွဲဝင်ခြင်း…”

ရဲဘော် Kamenev ရဲ့ အမှားက ၁၉၁၇ မှာတောင် ပစ္စည်းမဲ့လူတန်းစားနဲ့ လယ်သမားထုရဲ့ တော်လှန်ရေး ဒီမို ကရေစီ အာဏာရှင်စနစ်ရဲ့ အတိတ်ကိုပဲ မြင်နေသေးတာပဲ။ တကယ့် မြေပြင်မှာ သူ့ရဲ့ အနာဂတ်ကို အစပြု ထားပြီ၊ လုပ်ခစား အလုပ်သမားနဲ့ ဓနရှင်ပေါက်စ လူတန်းစားတို့ရဲ့ အကျိုးစီးပွားဟာ ကွဲပြားခြားနားကြောင်း ထင်ရှားနေပြီ၊ နယ်ချဲ့စစ်ကို ဘယ်လိုသဘောထားမလဲ ဒီမိုကရေစီ သမ္မတနိုင်ငံတော်ကို ကာကွယ်ကြလို့ သ ဘောထားမလား စတဲ့ အရေးကြီး ပြသနာတွေမှာကို လုပ်ခစား အလုပ်သမားနဲ့ ဓနရှင်ပေါက်စ လူတန်းစားတို့ မ တူကြတော့ဘူး။

(မှတ်ချက်။ ။ လီနင်ပြောနေတဲ့ ဓနရှင်ပေါက်စ လူတန်းစားထဲမှာ လယ်သမားလူတန်းစားနဲ့ လယ်သမား လူ တန်းစားကိုယ်စားပြု SR ပါတီတွေ ပါဝင်တယ်။ လယ်သမားထုအတွင်းမှာ မြေယာ အလုပ်သမားနဲ့ ဆင်းရဲလယ် သမား တို့ကတဖက်၊ မြေပိုင်လယ်ပိုင် လူတန်းစား တနည်း ပုဂ္ဂလိက ပိုင်ဆိုင်မှု အတိုင်းအတာ တခုထိရှိတဲ့ လယ်သမားလူတန်းစားရဲ့ အကျိုးစီးပွား မတူညီပုံ အပေါ်မှာ လီနင်တင်ပြခဲ့တာ မှတ်မိမယ် ထင်ပါတယ်။ လယ် သမားထုတခုလုံး အနေနဲ့ ဘုံလူတန်းစားတခုတည်း တသားတည်း ဖြစ်မနေဘူးဆိုတာ သတိချပ်ဖို့ လိုတယ်။ ဒီ ထဲက သက်သာချောင်ချိတဲ့ ဓနရှင်ပေါက်စ လယ်သမားနဲ့ ကိုယ်စားလှယ်တွေက ဘူဇွွှာအစိုးရ နောက်မြီးဆွဲလုပ် ကုန်တာကို လီနင် တိုက်နေရခြင်း ဖြစ်တယ်)။

အပေါ်မှာ ကိုးကားဖော်ပြခဲ့တဲ့ ရဲဘော် Kamenev စာထဲက ဒုတိယ အမှားကို ကြည့်ရအောင်။ ကျနော့် လုပ်ငန်း စဉ်ဟာ “ဒီ (ဘူဇွှာဒီမိုကရေစီ) တော်လှန်ရေးကို ဆိုရှယ်လစ် တော်လှန်ရေးအဖြစ် ချက်ချင်း ကူးပြောင်းခြင်း” အ ပေါ် အခြေတည်ထားတယ်လို့ Kamenev က ဝေဖန်တယ်။

ဒါဟာ မမှန်ပါဘူး။ ကျနော်ဟာ ဒီတော်လှန်ရေးကို ဆိုရှယ်လစ်တော်လှန်ရေး အဖြစ် “ချက်ချင်း ကူးပြောင်းခြင်း” ကို အခြေမခံထားရုံမကဘူး၊ ဒီလို လုပ်ခြင်းကို လက်မခံကြောင်း သတိတောင် ပေးထားသေးတယ်။ ဒါနဲ့ပတ် သက်လို့ စစ်တမ်း နံပါတ်(၈)မှာ အခုလို ဖော်ပြထားတယ် “ဆိုရှယ်လစ်စနစ်ကို ချက်ချင်း စတင်ရေး (to ‘introduce’ socialism) ဟာ ငါတို့ အခုလုပ်ရမယ့် အလုပ်မဟုတ်ဘူး”။ ငါတို့ တော်လှန်ရေးကို ဆိုရှယ်လစ် တော်လှန်ရေးအဖြစ် ချက်ချင်း ကူးပြောင်းခြင်း မလုပ်တဲ့သူဟာ ဆိုရှယ်လစ်စနစ် စတင်ဖို့ရာ ပြင်ဆင်ထားတဲ့ လက်ငင်းတာဝန် (the immediate task of introducing socialism) ကို ဆန့်ကျင်စရာ အကြောင်းမရှိဘူး၊ (ဒီ နေရာမှာ လီနင် ပြောနေတာကို သတိထားဖတ်ဖို့ အကြံပြုပါရစေ။ ဆိုရှယ်လစ်စနစ်ကို ချက်ချင်း စတင်ရေးကို သူလုပ်ဖို့ ပြောတာမဟုတ်ဘူး၊ ဒါပေမယ့် ဘူဇွှာဒီမိုကရေစီ တော်လှန်ရေးမှာတင် တန့်နေရမှာမဟုတ်ဘဲ ဆိုရှယ် လစ်စနစ်ကို စတင်နိုင်အောင် ပြင်ဆင်ထားရမယ့်၊ လက်ငင်းလုပ်ရမယ့် အလုပ်ကို ပြောနေခြင်း ဖြစ်တယ်။ ဆို ရှယ်လစ်စနစ်ကို ချက်ချင်းစတင်ရေး (to ‘introduce’ socialism) နဲ့ ဆိုရှယ်လစ်စနစ်ကို ချက်ချင်း စတင်နိုင် အောင် လက်ငင်းလုပ်ရမယ့် အလုပ် (the immediate task of introducing socialism) ကို လီနင်က ခွဲရှင်း နေခြင်း ဖြစ်တယ်။ ဆိုရှယ်လစ်စနစ်ကို ချက်ချင်း စတင်ဖို့ သူပြောနေတာ မဟုတ်ဘူး၊ ဆိုရှယ်လစ်စနစ်ကို စ တင်နိုင်အောင် လက်ငင်းလုပ်ရမယ့် တာဝန်ကိုပဲ သူပြောနေတာဆိုတော့ အဲဒီ လက်ငင်းအလုပ်က ဘာပါလဲ)။ လီနင် ပြောတာ ဆက်နားထောင်ရအောင်။

ဒါ့အပြင် “ကွန်မြူးပုံစံ အစိုးရ” ကိုတောင် ရပ်ရှားမှာ ချက်ချင်းအကောင်အထည်ဖော်လို့ မရသေးဘူး။ (ပါရီကွန် မြူး နမူနာကို ယူပြီး ဖွဲ့စည်းထားတဲ့ အစိုးရကို ရည်ညွှန်းပြောခြင်း ဖြစ်တယ်)။ ဒီလို ကွန်မြူးပုံစံ အစိုးရကို ထူ ထောင်နိုင်ဖို့ဆိုရင် ဆိုဗီယက် အားလုံး (နီးပါး)မှာ ရှိတဲ့ ကိုယ်စားလှယ် အများစုက (SR တွေ၊ Chkheidze, Tsereteli, Steklov, etc) အကောင်အထည်ဖော်နေတဲ့ ပေါ်လစီအမှားတွေ၊ နည်းဗျူဟာ အမှားတွေနဲ့ ဒါတွေရဲ့ ထိခိုက်ပျက်စီးမှုကို ရှင်းရှင်းလင်းလင်း သဘောပေါက် လက်ခံကြဖို့ လိုတယ်။ ဒီတော့ ကျနော်ဟာ “စိတ်ရှည် လက်ရှည်” ရှင်းပြခြင်းကိုသာ အခြေပြု တည်ဆောက်ကြဖို့ မမှားနိုင်အောင် ကြေညာထားတယ် (ပြောင်းလဲမှု တခုကို “ချက်ချင်း” အကောင်အထည်ဖော်နိုင်ဖို့ စိတ်ရှည်ရှည်ထား ပြင်ဆင်ကြရမယ် မဟုတ်ပါလား)။

[ဒီစာကို လီနင်ရေးနေတာ ၁၉၁၇ ဧပြီလထဲမှာပါ။ Kamenev တို့လို ပရားဗ်ဒါ အယ်ဒီတာအဖွဲ့က လီနင်ဟာ ဖေ ဖော်ဝါရီတော်လှန်ရေးကို ဆိုရှယ်လစ် တော်လှန်ရေးအဖြစ် ချက်ချင်းကူးပြောင်းသွားရေး ပြောနေတယ်လို့ ဝေ ဖန်တယ်။ ဒါကို လီနင် ပြန်ချေဖျက်တာ အင်မတန် သိမ်မွေ့လွန်းလို့ ဘာသာပြန်လိုအပ်ချက်ကြောင့် အဓိပ္ပါယ် အကောက်မလွဲရအောင် ဖြည့်စွက်ရေးသားနေရခြင်း ဖြစ်ပါတယ်။ လီနင်က ဖေဖော်ဝါရီ တော်လှန်ရေးအပြီး ဧ ပြီလထဲမှာပဲ ဆိုရှယ်လစ်တော်လှန်ရေးကို ချက်ချင်းကူးပြောင်းဖို့ သူတင်ပြနေတာ မဟုတ်ဘူး၊ ဆိုရှယ်လစ်စနစ် ကို စတင်နိုင်ဖို့ရာ ပြင်ဆင်ထားရမယ့် လက်ငင်းတာဝန်ကိုသာ သူတင်ပြနေကြောင်း ရှင်းပြတယ်။ အဲဒီ လက် ငင်းတာဝန်က ဆိုဗီယက်ကိုယ်စားလှယ် အများစုကို SR နဲ့ မင်ရှီဗစ်တွေရဲ့ နည်းဗျူဟာအမှား၊ ပေါ်လစီအမှားကို သိလာအောင် စိတ်ရှည်ရှည်ထား ရှင်းပြရေးပဲ။ လီနင်တင်ပြတဲ့ လမ်းစဉ်ကို ဆိုဗီယက်အားလုံးနီး ပါးက တကယ်နားလည် လက်ခံလာရေးဟာ ဆိုရှယ်လစ်စနစ် စတင်နိုင်အောင် လက်ငင်းလုပ်ရမယ့် အလုပ်ပဲ။ လီနင်ဟာ တော်လှန်ရေးဆိုတာ လူထုကိုယ်တိုင်ရဲ့ conscious act ဖြစ်ကြောင်း လက်တွေ့ပြသလိုက်တာ ဖြစ် တယ်။ လူထုကိုယ်တိုင်က သိစိတ်ရှိရှိ နားလည်လက်ခံပြီးမှသာ ဆိုရှယ်လစ်စနစ်ကို စတင်နိုင်မှာဖြစ်ကြောင်း ကောင်းကောင်း သဘောပေါက်သလို လက်တွေ့လို ကျင့်သုံးပြခဲ့တယ်။ ဒါ့ကြောင့် ဘော်ရှီဗစ်တွေရဲ့ လက်ငင်း အလုပ်က ဆိုရှယ်လစ်စနစ် ချီတက်ရေးကို ဆိုဗီယက်အားလုံးနီးပါး သဘောပေါက်လာအောင် Patiently explain လုပ်ရေးလို့ သူတင်ပြခဲ့ခြင်း ဖြစ်တယ်။ Kamenev တို့ စွပ်စွဲဝေဖန်သလို ဧပြီလထဲမှာတင် ဆိုရှယ်လစ် တော်လှန်ရေး ကောက်လုပ်ရေး မဟုတ်။ စိတ်ရှည်ရှည်ထား ရှင်းလင်း စည်းရုံးပြီး ဆိုဗီယက်အားလုံးနီးပါးက ဘော်ရှီဗစ်လမ်းစဉ်ကို နားလည်လက်ခံလာတဲ့ ၁၉၁၇ အောက်တိုဘာကျမှ ဆိုရှယ်လစ်တော်လှန်ရေးကို ဆင်နွှဲ ခဲ့ခြင်း ဖြစ်တယ်။]

ရဲဘော် Kamenev ဟာ သူ့ဖြစ်ချင်တဲ့ စိတ်ဆန္ဒပြင်းပြမှုကို ထိန်းမနိုင် သိမ်းမရဖြစ်လာပြီး ပါရီကွန်မြူးနစ်အပေါ် ဘူဇွှာလူတန်းစားရဲ့ ဘက်လိုက်မြင်စိတ်ကို ထပ်တလဲလဲ လှစ်ဟပြခဲ့တယ်၊ ပါရီကွန်မြူးဟာ ဆိုရှယ်လစ်စနစ်ကို “ချက်ချင်း” စတင်ဖို့ လောကြီးခဲ့တယ်လို့ ထပ်တလဲလဲ ထုတ်ပြောခဲ့တယ်။ တကယ်တော့ ဒီလို မဟုတ်ဘူး။ ပါရီ ကွန်မြူးဟာ ဆိုရှယ်လစ်စနစ်ကို စတင်ရာမှာ နှေးကွေးလွန်းခဲ့တယ်။ ကွန်မြူးရဲ့ တကယ့်အနှစ်က ဘူဇွှာတွေ မြင်နေကျ အရာမဟုတ်ဘူး၊ ထူးခြားတဲ့ အစိုးရပုံစံ ဖန်တီးခဲ့ခြင်းဟာ ကွန်မြူးရဲ့ တကယ့်အနှစ်သာရပဲ။ ကွန်မြူး အစိုးရပုံစံဟာ ရပ်ရှားမှာ စတင်ပေါ်ထွန်းလာပြီ။ အဲဒါကတော့ အလုပ်သမား ဆိုဗီယက်နဲ့ စစ်သားဆိုဗီယက်တွေ ပဲ။

ရဲဘော် Kamenev ဟာ ပေါ်ပေါက်လာတဲ့ ဆိုဗီယက်တွေရဲ့ အရေးပါမှု၊ ဒီဆိုဗီယက်တွေနဲ့ ကွန်မြူးအစိုးရ အမျိုး အစားတူတာ၊ လူမှု-နိုင်ငံရေး လက္ခဏာ တူနေတာတွေကို အလေးအနက်ထား မစဉ်းစားဘူး။ ဒီအချက်ကို လေ့ လာရမယ့်အစား ကျနော်ဟာ အနာဂတ်ကို ချက်ချင်းလက်ငင်း တည်ဆောက်နေတယ်လို့ စွပ်စွဲပြောဆိုနေ တယ်။ ရလဒ်ကတော့ ဘူဇွှာတွေ သုံးနေကျ နည်းကိုပဲ ထပ်ဖန်တလဲလဲ အသုံးပြုမိတာပဲ။ ဆိုဗီယက်ဆိုတာ ဘာ တွေလဲ၊ ဆိုဗီယက်တွေဟာ ပါလီမန်သမ္မတနိုင်ငံတော်ထက် ပိုအဆင့်မြင့်သလား၊ ဆိုဗီယက်တွေဟာ လူထုအ တွက် ပိုအသုံးဝင်သလား၊ ပိုပြီး ဒီမိုကရေစီကျသလား၊ လူတန်းစားတိုက်ပွဲအတွက် ပိုအဆင်ပြေသလား ဥပမာ- သီးနှံတွေပြတ်တောက်ကုန်တာကို ဖြေရှင်းရာမှာ ပိုအသုံးတည့်သလား စသဖြင့်။ ဒီလို လက်တွေ့မှာ သေရေး ရှင်ရေး အရေးကြီးတဲ့ ပြသနာတွေကနေ ဘာမှအနှစ်မပါတဲ့ (သိပ္ပံနည်းကျ ဖြစ်ကောင်းဖြစ်လိမ့်မယ်) ပညာတတ် ဆန်လွန်းတဲ့ “ချက်ချင်းကူးပြောင်းခြင်းအပေါ် အခြေခံထားခြင်း” လိုမျိုး မေးခွန်းအသေတွေဆီ အာရုံလွှဲပစ် လိုက်တယ်။

(ရဲဘော် Kamenev ဟာ) ပျင်းရိငြင်းငွေ့ဖွယ် ပြသနာကို မှားမှားယွင်းယွင်း ပုံဖော်ခဲ့ခြင်း ဖြစ်တယ်။ အလုပ်သ မားတွေ၊ စစ်သားတွေနဲ့ လယ်သမားတွေက ခက်ခဲတဲ့ လက်တွေပြသနာတွေ၊ သီးနှံတွေ ပိုထွက်အောင် ထုတ် လုပ်ခြင်း ပြသနာတွေကို ဗျူရိုကရက် အရာရှိတွေထက် ကောင်းကောင်း ဖြေရှင်းနိုင်တယ်၊ စားနပ်ရိက္ခာတွေ ဖြန့်ဖြူးခြင်းနဲ့ စစ်သားတွေကို ထောက်ပံ့ခြင်း စတဲ့ စတဲ့ ပြသနာတွေကိုလည်း အရာရှိတွေထက် ကောင်း ကောင်း လုပ်နိုင်တယ်။ ကျနော်ဟာ ဒီအချက်ပေါ်မှာပဲ အခြေခံထားခြင်း ဖြစ်တယ်။

ဆိုဗီယက်တွေဟာ လူထုရဲ့ အမှီအခိုကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် လုပ်ဆောင်ခြင်းကို ပါလီမန်သမ္မတနိုင်ငံ တော်ထက် ပိုပြီးမြန်မြန်ဆန်ဆန် ထိထိရောက်ရောက်နဲ့ လက်တွေ့ဖော်ဆောင်နိုင်လိမ့်မယ်လို့ ကျနော် အလေး အနက်ထား ပြောပါတယ်။ (ဆိုဗီယက်စနစ်နဲ့ ပါလီမန်သမ္မတနိုင်ငံတော်ကို နောက်စာတပုဒ်မှာ အကျယ်တဝင့် နှို်င်းယှဉ်တင်ပြပါဦးမယ်)။ ဆိုရှယ်လစ်စနစ်ဆီ ချီတက်ရာမှာ လုမ်းရမယ့် ခြေလှမ်းတိုင်းကို ဆိုဗီယက်တွေက ထိထိရောက်ရောက်နဲ့ ပိုပြီးလက်တွေ့ကျစွာ၊ ပိုပြီးမှန်ကန်စွာ ဆုံးဖြတ်နိုင်လိမ့်မယ်၊ ဒီအလုပ်တွေကို ဘယ်လို အ ကောင်အထည်ဖော်ရမလဲ ဆိုတာလဲ ပိုပြီးလက်တွေ့ကျစွာ၊ ပိုပြီးမှန်ကန်စွာ ဆုံးဖြတ်နိုင်လိမ့်မယ်။ ဘဏ်တွေ အားလုံးကို ဗဟိုဘဏ်တခုတည်းအဖြစ် ပေါင်းစည်ပြီး ဆိုဗီယက်တွေက ထိန်းချုပ်ခြင်းဟာ ဆိုရှယ်လစ်စနစ် မ ဟုတ်သေးဘူး၊ ဆိုရှယ်လစ်စနစ်ဆီ ချီတက်ရာ ခြေတလှမ်းသာ ဖြစ်တယ်။ ဂျာမနီမှာ ဒီခြေလှမ်းတွေကို ဘူဇွှာ လူတန်းစားက လူထုကို သွေးစုပ်ရာမှာ စလှမ်းထားပြီ။ အစိုးရအာဏာ တစုံလုံးသာ ဆိုဗီယက်တွေ လက် ထဲ ရောက်သွားရင် ဆိုဗီယက်တွေက လူထုအကျိုးအတွက် ဒီခြေလှမ်းတွေကို ပိုပြီးထိထိရောက်ရောက် အ ကောင်အထည် ဖော်နိုင်လိမ့်မယ်။

ဆိုရှယ်လစ်စနစ် ချီတက်ဖို့ ဘာတွေက တွန်းအားပေးနေတာလဲ။ သရောကြီးခိုင်းခြင်း၊ စီးပွားရေး ပြိုကွဲလာခြင်း၊ ပြိုကျလုဆဲဆဲ ဖြစ်လာခြင်း၊ စစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူသားမျိုးနွယ်ပေါ် စစ်ကြောင့် ဖြစ်ပေါ် လာတဲ့ ထိခိုက်နာကျင်မှုတွေ။ ဒါတွေက ဆိုရှယ်လစ်စနစ်ဆီ ချီတက်ရေးကို တွန်းအားပေးနေတယ်။

ရဲဘော် Kamenev က ဒီမှတ်ချက်နဲ့ သူ့ဆောင်းပါးကို အဆုံးသတ်ထားတယ် “နောက်ဆုံးချိန်ထိ တော်လှန် သော လူထုရဲ့ ပါတီကို ပစ္စည်းမဲ့လူတန်းစား ပါတီ ဆက်ဖြစ်နေစေဖို့ နဲ့ ကွန်မြူနစ် ၀ါဒဖြန့်ချိရေး အုပ်စုအဆင့် လျှောကျမသွားဖို့ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတဲ့အခါ တော်လှန်သော ဆိုရှယ်ဒီမိုကရေစီရဲ့ တခုတည်း သော သူ့ရဲ့ ရှုမြင်သုံးသပ်ချက်ကို ဆက်လက်ကိုင်စွဲသွားမယ်လို့ မျှော်လင့်ထားတယ်” ။

ကျနော့်အဖို့ ဒီစကားလုံးတွေဟာ ပကတိ အခြေအနေကို လုံးဝ မှားယွင်းစွာ အကဲဖြတ်သုံးသပ်မှုကို ဖော်ပြနေ တယ်။ ရဲဘော် Kamenev က “လူထုပါတီ” နဲ့ “၀ါဒဖြန့်ချိရေး အုပ်စု” ကို ဆန့်ကျင်ဖက်ပြု နှိုင်းယှဉ်ပြတယ်။ ဒါ ပေမယ့် “လူထု” ဟာ “တော်လှန်သော” defencism ရဲ့ သွေးထိုးလှုံ့ဆော်မှုကို မငြင်းဆန်နိုင်ကြဘူး။ အခုကာ လမှာ အင်တာနေရှင်နယ်ဝါဒီတွေအနေနဲ့ လူထုနဲ့အတူစီးမြောရေးထက် “လူထု” အဆိပ်တက်နေခြင်းကို ခုခံနိုင် ကြောင်း ပြဖို့ ပိုမလိုအပ်ဘူးလား ဆိုလိုတာက အထွေထွေ ကပ်ဘေးကို မရှောင်ရှားနိုင်ဘူးလား။ နယ်ချဲ့စစ်ကို တိုက် နေကြတဲ့ ဥရောပ တိုင်းပြည်အားလုံးမှာ ရှိူဗင်နစ်တွေက သူတို့ဟာ “လူထုနဲ့အတူရှိနေ” ချင်ပါတယ်ဆိုပြီး တ ရား ထူထောင်ပြတာ ကျနော်တို့ တွေ့မနေရဘူးလား။ “လူထု” အဆိပ်သင့်နေတာကို ဆန့်ကျင်တားဆီးဖို့ အချိန် တခုကြာအောင် ငါတို့ဟာ အနည်းစုအဖြစ် ရပ်ခံနိုင်စွမ်း မရှိကြဘူးလား။ အခုလိုအချိန် defencist မှိုင်းတွေနဲ့ ဓန ရှင်ပေါက်စ “လူထု” အဆိပ်သင့်မှုတွေကနေ ပစ္စည်းမဲ့လူတန်းစား လိုင်းကို ခွဲထုတ်ရေးမှာ ၀ါဒဖြန့်ချိရေးအလုပ် က အဓိက မကျပေဘူးလား။ လူထု ဆိုတဲ့ အရာထဲမှာ လူတန်းစား ကွာခြားချက်တွေ ဘေးဖယ်ပြီး ပစ္စည်းမဲ့လူ တန်းစားနဲ့ ပစ္စည်းမဲ့လူတန်းစား မဟုတ်သူတွေ ရောထွေးနေခြင်းဟာ defencist ကပ်ဘေးပေါ်ပေါက်လာစေတဲ့ ရေခံမြေခံ တခုဖြစ်နေတယ်။ ပစ္စည်းမဲ့လူတန်းစား လိုင်း ကို ဖော်ထုတ်နေတဲ့ “၀ါဒဖြန့်ချိရေး အုပ်စု” ကို အထင် သေးသလို နှိမ့်ချသလို ပြောခြင်းဟာ ဘယ်လိုမှ အဓိပ္ပါယ်ရှိတဲ့ လုပ်ရပ်မဟုတ်ပေ။

Letters on Tactics Written by V.I. Lenin between April 8 and 13 (21 and 26), 1917

လီနင် နှစ်(၁၅၀) ပြည့် အထိမ်းအမှတ် အဖြစ် ဘာသာပြန် ဖော်ပြခဲ့ခြင်းဖြစ်သည်။

စာတည်းအဖွဲ့

ကွန်မြူနစ်စာစောင်