◼️အမေရိကန် နယ်ချဲ့ရဲ့ ရန်စတိုက်ခိုက်မှုကို ဆန့်ကျင်တိုက်ဖျက်ကြ

(၃.၁.၂၀၂၀) သောကြာနေ့မနက်စောစောမှာ ထရမ့်အစိုးရက ဘဝင်ရူးရူးပြီး အီရန်စစ်ဗိုလ်ချုပ် Qassem Soleimani ကို သတ်ဖြတ်ခဲ့တယ်။ ဘတ်ဒက်ဒ်လေဆိပ်မှာ အီရတ် အရံတပ်ခေါင်းဆော င် Abu Mahdi al-Mohandes ကိုလည်း သတ်ခဲ့တယ်။ အရှေ့အလယ်ပိုင်း ဒေသတွင်း ပိုပြီး မငြိမ်မသက်ဖြစ်သွားအောင် အမေရိ ကန် နယ်ချဲ့သမားက ထပ်ဂြိုဟ်မွှေလို က်ပြန်ပြီ။

[Source]

ထရမ့်က နောက်ထပ် အီရန် နဲ့ အီရတ် ပေါင်း ရှစ်ယောက်တောင် သတ်ဖြတ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုကို ခုခံကာ ကွယ်မှုအနေနဲ့ ပုံဖော်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့်လည်း ဒီလုပ်ရပ်ဟာ အချုပ်အခြာအာဏာပိုင် တိုင်းပြည် ၂ခုရဲ့ ခေါင်းဆောင်တွေကို ချက်ချင်းလက်ငင်း ကောက်ကာငင်ကာ သတ်ဖြတ်လိုက်ခြင်းသာ ဖြစ်တယ်။ ကွန်းဂ ရက်ရဲ့ အတည်ပြုချက်ကို တောင်းခံမနေတော့ ဘဲ သတ်ဖြတ်လိုက်တာေ တာင် ပါတယ်။ ဒေါနယ်ထရမ့် အပြော အရတော့ Soleimani က မကြာခင်မှာ အမေရိကန်နိုင်ငံ သား ရာနဲ့ချီ သတ်ဖြတ်ဖို့ စီစဉ်နေတယ်။ ထရမ့်ရဲ့ ဒီ စွပ်စွဲချက်ကို ထောက်ခံပေးနိုင် တဲ့ အထောက်အထားတွေ ကြည့်လိုက်တော့ Soleimani က လက်ဘနန်၊ ဆီးရီး ယားနဲ့ အီရတ် က အီရန် ကျောထောက်နောက်ခံပြု လက်နက်ကိုင်တပ်ဖွဲ့တွေဆီ သွားရောက်တွေ့ဆုံခဲ့တာရယ်၊ အဲဒီနောက် အီရန်က Ayatollah Khamenei ဆီ သွားတွေ့ခဲ့တာရယ်ပဲ ရှိတယ်။ ဒါကိုကြည့်ပြီး အမေရိကန်ကို မကြာခင်တိုက်ခို က်တော့မယ် ပြောခြင်းဟာ လိုရာဆွဲ စွပ်စွဲ အပုပ်ချခြင်းသာ ဖြစ်တယ်။

ဒါ့အပြင် Soleimani ဟာ ပြည်ပက အီရန်ရဲ့ တော်လှန်သော ကာကွယ်ရေး အထူးတပ်ဖွဲ့ ထိပ်ပိုင်း ဗိုလ်ချုပ် တယောက်ဖြစ်တယ်။ မြေပြင်က စစ်ဆင်ရေးသမား မဟုတ်ဘူး။ ဒါ့ကြောင့် သူ့ကိုသတ်လိုက်တာဟာ (ထရမ့် ပြောသလို) မကြာခင် တိုက်ခိုက်မယ့် အစီအစဉ်ကို ဘယ်နည်းနဲ့မှ ဟန့်တားနိုင်မှာ မဟုတ်ဘူး။ အမေရိကန်ရဲ့ ရန်စတိုက်ခိုက်မှုကို ကျူးလွန်ပြီးကာမှ တရားထူထောင်ပြဖို့ လုပ်နေသူတွေဟာ အီရတ်ကို ရက်ရက်စက်စက် ဖျက်စီးသိမ်းပို က်ခြင်းကို ဆင်ခြေပေးကာကွယ် ဖို့ ဆဒမ်လက်ထဲ "လူတွေအစုလိုက်အ ပြုံလိုက် သေကြေ ပျက်စီး စေနိုင်သော လက်နက်များ" ရှိတယ်လို့ အရှက်မဲ့စွာ လိမ်ခဲ့ပြီး "လောလောဆယ် အန္တရာယ်ကြုံရတော့ မယ်" ဆိုတဲ့ လမ်ကြုတ် ဇာတ်ခင်းခဲ့သူတွေနဲ့ အတူတူပဲ။

ထရမ့်တင်မကသေးဘူး။ ကွန်းဂရက်အတွင်း က ရီပတ်ဘလစ်ကန် အားလုံးနီးပါးနဲ့  ဒီမိုကရက်တွေကပါ ဒီလုပ် ကြံသတ်ဖြတ်မှုကို ဆင်ခြေပေး ကာကွယ်နေကြတယ်။ Soleimani က အမေရိကန် နိုင်ငံသား ၆၀၀ ကျော်ကို သတ်ဖြတ်ခြင်းရဲ့ နောက်ကွယ်က ကြိုးကိုင်သူဖြစ်ကြောင်း သူတို့ဘက်က ဆင်ခြေကန်တယ်။ အမေရိကန် ကျူး ကျော်ရေး တပ်တွေကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ ရှီးအ လက်နက်ကိုင် တပ်တွေကို Soleimani က ထောက် ခံအားပေးနေကြောင်းတော့ တလုံးမှ မဟကြဘူး။ အမေရိကန် နယ်ချဲ့ကျူးကျော်ရေး စစ်တပ်တွေကြောင့်  အီ ရတ်မှာ လူပေါင်း တသန်းခွဲကျော် သေကြေပျက်စီးခဲ့ ရတာကိုလည်း ထုတ်မပြောကြဘူး။ ဒါ့အပြင် ရှီးအ လက် နက်ကိုင် တပ်ဖွဲ့တွေဟာ IS ကို တိုက်ခိုက်ရာမှာ အမေရိကန်တပ်ဖွဲ့ တွေနဲ့ တဖက်တည်း ရှိနေခဲ့တယ်။ တချို့ တပ်ဖွဲ့တွေဆို အခုထိ အမေရိကန်စစ်တပ်နဲ့ အတူ ရှေ့တန်းစစ်မြေ ပင်ကို ပို့ခံနေရဆဲဖြစ် တယ်။

အရှက်ကုန်အောင်မိုက်တဲ့ နယ်ချဲ့တိုက်ခို က်မှု

Soleimani က အီရတ်၊ အီရန် နဲ့ လက်ဘနန်က ဆန္ဒပြလှုပ်ရှားမှု တွေကို နှိပ်ကွပ်ရာမှာလ ည်း အဓိက လက် သည်တယောက်ဖြစ်ြေ ကာင်း ထရမ့်က ဆိုထားတယ်။ Soleimani က လူထုလှုပ်ရှားမှုေ တွကို နှိပ်ကွပ်ခဲ့တယ် ဆိုတာ မှန်နိုင်ပါတယ်။ ဒါပေမယ့် ဆောင်းဒီ သက်ဦးဆံပိုင်ဘု ရင်၊ အစ်(ဇ်)ရေး အစိုးရတို့နဲ့ ဖက်လှဲတကင်းရှိ လှတဲ့ ထရမ့်အဖို့ ဆန္ဒပြလူထုရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို အလေးထားခြင်း လုံးဝမရှိတာတော့ သေချာ တယ်။ တကယ့်မြေပြင်မှာ တော့ အီရတ်လူထုက Tahrir ရင်ပြင်မှာ အမေရိကန်ရဲ့ လုပ်ကြံတိုက်ခို က်မှုကို ဆန့် ကျင် ရှုတ်ချနေကြပြီ။

အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ အချုပ်အခြာအာဏာပိုင် တိုင်းပြည်၂ခုကို သူ့သြဇာခံအဖြစ် ခေါင်းလျှိုဝင်လာ စေဖို့ အရှက်ကုန်အောင် မိုက်မဲတဲ့ နယ်ချဲ့တိုက်ခို က်မှုသာ ဖြစ်တယ်။ ဒီလုပ်ကြံတိုက်ခိုက်မှုနဲ့ အရှေ့အလယ် ပိုင်းဒေသအတွင်း နောက်ထပ် နယ်ချဲ့ရန်စတိုက်ခိုက်မှု မှန်သမျှကို အင်တိုက်အားတိုက် ဆန့်ကျင်တိုက်ဖျ က် ရေး လူတန်းစားအခြေခံ တိုက်ပွဲဝင်နေသူ တွေ၊ အလုပ်သမားသမဂ္ဂတွေ၊ တော်လှန်ရေးသမား တွေ အားလုံးရဲ့ တာဝန်ပဲ။ အမေရိကန် တိုက်ခိုက်မှုနော က်ကွယ်က အကျိုးစီးပွားတွေကို ကျနော်တို့ မာ့ခ်စ်ဝါဒီတွေက ဖွင့်ချရ မယ်။ နယ်ချဲ့ရဲ့ ရန်စတိုက်ခိုက်ြ ခင်းဟာ အရှေ့အလယ်ပိုင်း ဒေသတွင်း ဆင်းရဲသား အဖိနှိပ်ခံ လူတန်းစားတွေ အတိဒုက္ခရောက်နေတဲ့ အခြေအနေကို ပိုကောင်းလာစေဖို့ မဟုတ်ဘူး၊ အနောက်တိုင်းက အလုပ်သမား လူ တန်းစား ဆင်းရဲသားတွေကို ကာကွယ်ဖို့လည်း မဟုတ်ဘူး။ အရင်းရှင်လူတန်း စား ကွက်ကွက်ကလေးရဲ့ အ ကျိုးစီးပွားကို ကာကွယ်ဖို့သက်သက်သာ ဖြစ်တယ်။

ထရမ့် ဒီလိုမိုက်မိုက် ကန်းကန်း လုပ်ရတဲ့ အဓိက အကြောင်းအချက်က (သူလုပ်နေကျ) ကိုယ်ကျိုးစီးပွား ကာ ကွယ်ဖို့ သက်သက်ပဲ ဖြစ်တယ်။ အထူးသဖြင့် အပြစ်ပေး အရေးယူဖို့ စွဲချက်တင်ခံထား ရတဲ့ ထရမ့်ဟာ တခြား အကြောင်းအရာတခုဆီ အာရုံလွှဲပစ်ဖို့ နဲ့ သူ့လူတွေ သူ့ရန်သူတွေအမြင်မှာ လက်တွေ့ ဇ ရှိတဲ့ကောင် အဖြစ် လုပ်ပြဖို့ အခုလို မိုက်မိုက်ကန်းက န်း ရန်စတိုက်ခိုက်လိုက်ခြင်းဖြစ်တယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းက အီရန်ဟာ အမေရိကန် မောင်းသူမဲ့လေယာ ဉ်ကို ပစ်ချခဲ့သလို စက်တင်ဘာလထဲမှာလ ည်း ဆောင်းဒီ လောင်စာဆီစက်ရုံ တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်။ ဒီတုန်းက ကုပ်နေခဲ့တဲ့ ထရမ့်ဟာ လက်တွေ့ ဇ ရှိကြောင်း နမူနာပြဖို့ရာ အခုလို ရန်စတိုက်ခိုက်လိုက်တာ ဖြစ်တယ်။

နှစ်ပေါင်းများစွာ အရှက်ကွဲ အထိနာထားတဲ့ အမေရိကန် စစ်တပ်ရဲ့ ဂုဏ်သိက္ခာ ပြန်သိဒ္ဓိတင်ဖို့  စစ်ဘက်အာ ဏာပိုင်တွေ၊ ရီပတ်ဘလစ်ကန်တွေ က အီရန်နဲ့ ပြဿနာမဖြစ်ဖြစ်ေ အာင် ရန်စတိုက်ခိုက်တာမျိုး လုပ်ဖို့ ထရမ့် ကို အတင်းအကြပ် ဖိအားပေးခဲ့တယ်။ ဒါပေမယ့် ဒီကနေ့ အုပ်စိုးသူလူတန်းစားရဲ့ အဓိက စရိုက်လက္ခဏာလို ဖြစ်နေတဲ့ အမြော်အမြင် နည်းပါးမှုကြောင့်  နဂိုကတည်းက မငြိမ်မသက် ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်း ဒေသ တွင်း မီးလျှံထဲ လောင်စာထပ်လောင်းလိုက်သလို ဖြစ်သွားပြီ။ ဒီတော့ နောက်ဆုံးရလဒ်က ထရမ့် အကျိုး ဒါမှ မဟုတ် အမေရိကန် နယ်ချဲ့အကျိုးကို မဆောင်ကျဉ်းမှာေ တာ့ သေချာတယ်။

အီရတ်ကနေ တပ်ပြန်ခေါက်ဖို့  အမေရိကန် ဖိအားပေးခံနေပြီ ။ အမေရိကန် ခြေကုပ်စခန်းတွေ ကို ကာကွယ်ဖို့ ရှေ့တန်းက အမေရိကန် အထူးတပ်ဖွဲ့တွေ နောက်ကိုပြန်ဆုတ်နေရတယ်။ အီရတ်ပါလီမန်ကလည်း အမေရိ ကန်တွေ အီရတ်မြေကနေ ထွက်ခွာဖို့ ၂နိုင်ကြား စစ်ရေးသဘောတူညီချက်တွေ ဖျက်သိမ်းပစ်ဖို့ ရာ ရှေ့တိုး လုပ် ဆောင်နေပြီ။ ဒီလိုဆက်လုပ်လာရ င် အမေရိကန် နယ်ချဲ့ ပြင်းပြင်းထန်ထန် အထိနာတော့မယ်။

တောက်လျှောက်အရှုံးချည်း ကြုံနေရတဲ့ လောင်းကစားသမားတ ယောက်လို ထရမ့်ဟာလည်း လောင်းကြေးကို ၂ဆတိုး ပုံအောချနေတယ်။ အီရန်က ယဉ်ကျေးမှုအမွေအနှစ် နေရာတွေအပါအဝင် ၅၂ နေရာကို ဗုံးကြဲ တိုက် ခိုက်မယ်လို့ ထရမ့်က ခြိမ်းခြောက်ထား တယ်။ အမေရိကန်တွေကို အီရတ်မြေက မောင်းထုတ်ဖို့ အီရတ်ပါလီမန် က ပြင်ဆင်လာတဲ့အခါ အီရတ်ကို အရေးယူပိတ်ဆိြု့ ပီး ပိုဒုက္ခရောက်အော င်လုပ်မယ်လို့ ထရမ့်က ကြိမ်းဝါး ထား တယ်။ အီရတ်ကို ကျူးကျော်ဝင်ရော က်ခြင်းဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို အသက်သွင်းဖို့ ဖြစ်ကြောင်း အ မေရိကန် အုပ်စိုးသူလူတန်းစားက ဆိုတယ်။ ဒီလို ကြွေးကြော်ထားပေ မယ့် အီရတ်ပါလီမန်ရဲ့ ဆုံးဖြတ်ချက် တွေကို ဗြောင်ကျကျ ဆန့်ကျင်ခြိမ်းေ ခြာက်နေပါပကောလား။ ကျနော်တို့တွေ့ရ တာကတော့ ၀တ်လစ်စလစ် အ မေရိကန် နယ်ချဲ့စနစ်ပဲ။

Nancy Pelosi ခေါင်းဆောင်တဲ့ ဒီမိုကရက်တချို့ က ထရမ့်လုပ်ရပ်ကို ဆန့်ကျင်တယ်ဆိုတာ အမှန်ပဲ။ ဒါပေမယ့် အီရတ်မှာ ကျင့်သုံးတဲ့ နယ်ချဲ့အမေရိကန် ပေါ်လစီကို ဆန့်ကျင်ကြတာ မဟုတ်ဘူး၊ နယ်ချဲ့ပေါ်လစီကို “ဘယ် လို အကောင်အထည်ဖော်သ လဲ” ဆိုတဲ့အချက်ကို သူတို့ဆန့်ကျင် ဝေဖန်နေခြင်းဖြစ်တယ်။ အမေရိကန် အရင်း ရှင်စနစ်ရဲ့ “နူးညံ့သော လက်” အဖြစ် အကြာခဏ ပုံဖော်ခံရတဲ့ ဒီမိုကရက်တစ်ပါတီဟာ အိုဘားမား သမ္မတ သက်တမ်းအတွင်း ဗုံးကြဲတိုက်ခို က်တာတွေ၊ ပြည်ပစစ်ဆင်ရေးေ တွ အမြောက်အမြားကို စောင့်ကြည့် ကြပ်မပ် ပေးခဲ့ကြတယ်။ ဒီမိုကရက်တွေဟာလ ည်း နယ်ချဲ့ပေါ်လစီ ကျင့်သုံးရာမှာ ထရမ့်ထက် မလျော့ကျပေဘူး။ ဒီမိုက ရက်တွေ စောဒကတက်နေကြတာက ထရမ့်လုပ်ရပ်တွေ ဟာ အမေရိကန် နယ်ချဲ့စနစ်ကို အကျိုးမဖြစ်ထွန်းလို့ သာဖြစ်တယ်။

ထဲရန်က အုပ်စိုးသူလူတန်းစား ထွက်ပေါက်ရစေဖို့  ဖြစ်လာ

အမေရိကန်က အခုလို ရန်စတိုက်ခိုက်လိုက်တဲ့ဖြစ်စဉ်မှာ အီရန် အုပ်စိုးသူလူတန်းစားအဖို့ ကောင်းကျိုးဖြစ် သွား တာ ရှိနိုင်တယ်။ Soleimani ဟာ အီရန်အစိုးရအဖွဲ့ ရဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တဦးဖြစ်ပေမယ့်လည်း သူအသတ်ခံရတာ အီရန် အုပ်စိုးသူလူတန်းစားအဖို့ ကောင်းကျိုးဖြစ် ထွန်းသွားတာ ရှိတယ်။ ပြီးခဲ့တဲ့ လတွေကတင် အီရန်နဲ့ သူ့ မဟာမိတ်တွေဖြစ်တဲ့ အီရတ်၊ လက်ဘနန်တို့မှာ တော်လှန်ရေးသက်ေ ရာက်မှုအားကြီးတဲ့  လူထုလှုပ်ရှားမှုေ တွ လမ်းမတွေထက် လျှံတက်လာခဲ့တယ် ။ အထူးသဖြင့် အီရတ်မှာ ‘အောက်တိုဘာတော် လှန်ရေး’ လို့ လူသိများ တဲ့ လူထုလှုပ်ရှားမြှု ကီးဟာ ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့တွေ ထူပြောမှု၊ ဗျူရိုကရက်တွေ ခြစားမှုတို့ကို ဦး တည်တိုက်ခဲ့သလို နိုင်ငံတော်ယန္တယားအတွင်း အီရန်က နေရာတကာ ၀င်ခြယ်လှယ်နေတာ ကိုပါ ပစ်မှတ်ထား တိုက်ခဲ့တယ်။

လက်ဘနန်မှာလည်း စက်တင်ဘာက အစပြုခဲ့တဲ့ တော်လှန်ရေးလှုပ် ရှားမှုကြောင့် ဟစ်(ဇ်)ဘဲလာ ခေါင်းဆောင် တဲ့ အစိုးရဟာ အပြင်းအထန် ဖိအားပေးခံနေရတယ်။ လက်ဘနန်မှာကော အီရတ်မှာပါ အစိုးရတွေအနေနဲ့ အခြေအနေကို တည်ငြိမ်အောင် ထိန်းထားနိုင်ခြ င်း မရှိဘူး။ တကယ်လည်း Soleimani တယောက် အီရန်မဟာ မိတ်တွေ၊ ကိုယ်စားလှယ်တော်တွေနဲ့ တန်ပြန်တော်လှန် ရေး အတူဆင်နွှဲနိုင်ဖို့ ဘေရက်(ထ်)၊ ဘန်ဒက်(ဒ်) နဲ့ ထဲ ရန်တို့ကြား ပျာပျာလောင်လောင်နဲ့ လူးလာခေါက်တုံ့ သွားလာလျက်ရှိခဲ့ တယ်။

အီရန်ပြည်တွင်းမှာ အစိုးရက လောင်စာဆီ အမတော်ကြေးတွေ ဖြတ်တောက်လိုက်ြ ပီးတဲ့နောက် ပြင်းထန်တဲ့ လူထုလှုပ်ရှားမှုေ တွ ၂ရက်ဆက်ပေါ်ခဲ့တာ ဘာကြာသေးလို့လဲ။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲကပဲ မဟုတ်လား။ ဒီလှုပ် ရှားမှုတွေက စီးပွားရေးတောင်းဆိုချက်တွေကနေ အစိုးရဖြုတ်ချရေး တောင်းဆိုချက်တွေအထိ မြန်မြန်ဆန်ဆန် ခုန်ကူးသွားခဲ့တ ယ်။ သတင်းအမှောင်ချထားပြီး ပြည်သူပေါင်း ၁၅၀၀ ထက်မနည်း သတ်ပစ်၊ ထောင်ပေါင်းများ စွာ ထိခိုက်ဒဏ်ရာရ၊ ပြည်သူတသောင်းကို ဖမ်းစီးဖြိုခွဲခဲ့လို့သာ အီရန်အစိုးရ ပြုတ်မကျခဲ့ခြင်းဖြစ်တယ်။ အနှစ် လေးဆယ် သမိုင်းမှာ အစ်(စ်)လမ်းမစ်( ခ်)သမ္မတနိုင်ငံေ တ်ာကို အပြင်းထန်ဆုံး ထိုးနှက်မှုတွေထဲ က တခုဖြစ်ခဲ့ တယ်။ အီရန်အစိုးရလည်း အတော်လေး ယိုင်နဲ့ကျန်ခဲ့ တယ်။

အဲဒီကတည်းက အီရန်အစိုးရဘက်က တန်ပြန်လှုပ်ရှား မှုတခု ပြုလုပ်ဖို့ရာ ကြိုးပမ်းခဲ့ပေမ ယ့် အရာမထင်ခဲ့ဘူး။ လူအနည်းအကျဉ်းလောက်ပဲ စုနိုင်ခဲ့တယ်။ ဒါပေမယ့် Soleimani ဈာပနမှာတော့ လူပေါင်း သန်းနဲ့ချီ စုရုံးလာခဲ့ ကြတယ်။ အီရတ်မှာလည်း အမေရိကန်လက်ချက် ကြောင့် သေဆုံးသွားရသူတွေ ဈာပနမှာ လူပေါင်း ငါးသိန်း လောက် စုရုံးခဲ့ကြတယ်။ ထရမ့်ရဲ့ လုပ်ကြံတိုက်ခို က်မှုတွေ၊ နောက်ထပ် အကြမ်းဖက်မယ့် ခြိမ်းခြောက်မှုေ တွ ကြောင့် အီရန်အုပ်စိုးသူ လူတန်းစား ပိုအားကောင်းလာေ စခဲ့တယ်၊ တော်လှန်ရေးလှုပ် ရှားမှုတွေကို အားလျော့ သွားစေနိုင်တယ်။

အီရန်တွေက ထိုးစစ်ဆင်တော့မ ယ်။ အီရတ်နိုင်ငံတော်ယန္တယားကို ခြယ်လှယ်နိုင်ရေး အမေရိကန်နဲ့ အီရန် နှစ် ပေါင်းများစွာ အကြိတ်အနယ် တိုက်ပွဲဝင်လာကြ တယ်။ အခု အီရတ်မြေကနေ အမေရိကန်တွေ လုံးဝထွက်ခွာ သွားရေး၊ အမေရိကန်စစ်တပ်ေ တွ ဖယ်ရှားပစ်ရေး၊ အစိုးရအဖွဲ့အတွင်းပါနေတဲ့ အမေရိကန် အကြံပေးအရာရှိ တွေ မဟာမိတ်တွေအားလုံးကို ဖယ်ရှားပစ်ရေး အီရန်က တရစပ် တွန်းလုပ်နေတယ်။ အာဖဂနစ်(စ်)တန်မှာ ကျူးကျော်တပ်စွဲ ထားတဲ့ အမေရိကန်တွေ ထွက်ခွာရေးကိုလည်း အီရန်က ဖိအားပေးနေတယ်။ တချိန်တည်း မှာပဲ အီရန်နဲ့ အမေရိကန်ကြားက နျူးကလီးယား သဘောတူညီချက်ကို လည်း ဖယ်ရှားပစ်လိုက် ပြီး နျူကလီ ယား လက်နက်တွေ ထုတ်လုပ်ရေးကို အစပြုလာနိုင်တယ် ။

အမေရိကန်ဘက်က လုပ်နိုင်တာ သိပ်မရှိဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ် အကြောင်း ပြောကြတာ အတော် များတယ်။ ဒါပေမယ့် လတ်တလော အခြေအနေအရ အမေရိကန်အနေနဲ့ အီရန်ကို ကျူးကျော်စစ် ဆင်နိုင်ချေ မရှိဘူး။ အမေရိကန်လူထုက စစ် ပန်းလှပြီ (အုပ်စိုးသူလူတန်းစား ကျူးကျော်စစ်တွေ ဆင်နွှဲခဲ့တဲ့ ဒဏ်တွေ ခံ လာရလွန်းလို့ လူထုမှာ ခြေကုန်လက်ပန်းကျလှပြီ)။ ဒါ့ကြောင့်ပဲ ၂၀၁၆ တုန်းက ထရမ့်ရွေးကောက်ပွဲ မဲဆွယ် ကတိ တခုဟာ အရှေ့အလယ်ပိုင်း က အမေရိကန်စစ်တပ်ေ တွ ပြန်ရုတ်သိမ်းရေး ဖြစ်ခဲ့တယ်။ ဒါ့အပြင် အမေရိ ကန်ရဲ့ တတိုင်းပြည်လုံး ဆိုင်ရာ အကြွေးက ၂၃ထရီလျံဒေါ်လာ အထက် ရှိနေပြီ။ ၅-၁၀ ထရီလျံဒေါ်လာ လောက် ကုန်ကျမယ့် စစ်ပွဲအသစ်ထပ်ဆင်နွှဲဖို့ ထရမ့်အစိုးရ စိတ်မကူးရဲပါဘူး ။ အမေရိကန်က နောက်ထပ် စစ် ပွဲကြီးတပွဲ ဆင်နွှဲလိုက်ရင် တခါမှ မကြုံဖူးခဲ့တဲ့ လူမှုဆိုင်ရာ၊ နိုင်ငံရေးဆိုင် ရာ တန်ပြန်သက်ရောက် မှုတွေ ပေါ် ပေါက်လာလိမ့်မယ် ။

အီရတ်ကို ကျူးကျော်ဝင်ရော က်ခဲ့တာ ၁၇နှစ်ကြာလာပြီ ဖစ်တဲ့ အမေရိကန် အီရတ်တင်မက၊ အာဖဂန်နစ်(စ်) တန်မှာပါ စစ်ရှုံးထားတယ်။ အီရန်ဟာ ပိုပြီးတော့တောင် နိုင်ဖို့ခက်တဲ့ တိုင်းပြည်ဖြစ်တ ယ်။ အီရန်မှာ တောင် တန်းတွေ ထူထပ်တယ်၊ အင်အားတောင့်တင်းပြီး စစ်ပွဲမှာ ထုသားပေသားကျထား တဲ့ စစ်တပ်နဲ့ နယ်ချဲ့ဆန့် ကျင်ရေး ပြင်းထန်တဲ့ လူထုရှိတယ်။ တာဝေးပစ် ဒုံးပျံတွေလည်း ပိုင်ဆိုင်ထားရုံမက၊ ဒေသတွင်းမှာ အီရန် သြ ဇာခံတွေလည်းရှိေ သးတယ်၊ အမေရိကန် စစ်စခန်းတွေကို ဘယ်ဘက်ကမဆို ၀င်စီးနိုင်တယ်။ ကမ္ဘာ့ဈေးကွက် ဆီ လောင်စာဆီတင်ပို့ ရာ လမ်းကြောင်းဖြစ် တဲ့ Hormuz ရေလက်ကြားကို အီရန်ဘက်က အချိန်မရွေး ပိတ်ပစ် လို့ရတယ်။ ဒီလိုသာ ဖြစ်ခဲ့ရင် ပြိုကွဲလွယ်တဲ့ ကမ္ဘာ့စီးပွားရေး အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်လိမ့်မယ်။

ဒီလိုအခြေအနေမှာ အီရန်ကို အမေရိကန်က ကျူးကျော်စစ်ဆင် နွှဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်ဆုံး အမေရိ ကန်ဘက်က လေကြောင်းစစ်ဆင် ရေးလုပ်ဖို့တောင် မဖြစ်နိုင်ဘူး၊ လုပ်ခဲ့ရင် အရှေ့အလယ်ပိုင်း အတွင်း ရှိနေတဲ့ အမေရိကန် အခြေစိုက်စစ်စခန်းတွေ ပစ်မှတ်ထား တိုက်ခိုက်ချေမှု န်းခံရမယ်။ အမေရိကန်ရဲ့ လုပ်ဆောင်ချက် တွေက ဒီအချက်ကို သက်သေထူပေးနေတယ် ။ အမေရိကန်ရဲ့ လက်ရှိအကျိုးစီး ပွားတွေကို ကျားကန် ကာ ကွယ်ပေးထားဖို့ နောက်ထပ်စစ်တပ်ေ တွ ထပ်ပို့နေပေမယ့် ပြင်းထန်တဲ့ စစ်ဆင်ရေး ဆင်နွှဲနိုင်လောက်အောင် တော့ အားမကောင်းလှဘူး ။ ထရမ့်ရဲ့ မှန်းရခက်တဲ့ ရူးကြောင်ကြောင် လုပ်ဆောင်ချက်တွေကြောင့် စစ်ရေး ပွတ်တိုက်မှုလေးေ တွ ဖြစ်လာနိုင်တယ်၊ ဒီလို ဖြစ်ခဲ့ရင်လည်း အမေရိကန် နယ်ချဲ့စနစ်အဖို့  အင်မတန် အန္တ ရာယ်များလှတယ်၊ ဒီလိုအခြေအနေကို တော်ရုံနဲ့ အရောက်ခံမှာ မဟုတ်ဘူး။

နယ်ချဲ့စနစ်ကို ဆန့်ကျင်တိုက်ဖျ က်ကြ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်သွားတာတွေဟာ အမေရိကန်နယ်ချဲ့ စနစ် အားချိနဲ့နေခြင်းကို ထင်ဟပ်ပြလိုက်တာ ပဲ။ အားကောင်းနေလို့ အခုလို လုပ်နိုင်တာ မဟုတ်ဘူး။ အမေရိကန် နယ်ချဲ့လောက် အင်အားကြီးမားတာ မရှိ သေးဘူး။ ဒါပေမယ့်လည်း နှိုင်းရသဘောအရဆိုရင် အမေရိကန် နယ်ချဲ့လည်း တကယ် အင်အားမကောင်း တော့ဘူး။ ဒီအချက်ကို ဖြစ်ရပ်တွေက ရှင်းလင်း အတည်ပြုသွားပါလိ မ့်မယ်။ မြေမျက်နှာပြင်ေ အာက် ပဋိပက္ခ တွေ တဖြည်းဖြည်း စုပုံလာပြီး ငလျင်အနေနဲ့ ဖော်ထုတ်လာသလို ထရမ့်ရဲ့ မှန်းရခက်တဲ့ ရူးကြောင်ကြောင် လုပ်ရပ်တွေက အရှေ့အလယ်ပိုင်း မှာ ဖြစ်ပေါ်လာနေတဲ့ အင်အားမျှခြေအသစ်ကို ဆွဲထုတ်ပြလိမ့်မ ယ်။ ဒီအင် အားမျှခြေအသစ်မှာ အမေရိကန် နယ်ချဲ့က မမှုလောက်တဲ့ နေရာကသာ ပါဝင်နိုင်လိမ့် မယ်။ ဒီလိုပြောလို့ ဒေသ တွင်းက လူထုအဖို့ ပိုတိုးတက်ကောင်းမွန်တဲ့ အခြေအနေတွေ ရလာမယ် မဆိုလိုဘူး၊ ဒေသတွင်း တည်ငြိမ်မှု ရှိ လာမယ် မပြောဘူး။

ကျနော်တို့အလုပ် က နယ်ချဲ့စနစ်ကို ဆန့်ကျင်တိုက်ဖျ က်ဖို့ပဲ။ လူထုကို သွေးစုပ် ခြယ်လှယ်ပြီး ဒုက္ခမျိုးစုံပေး ကာ စစ်တွေဆင်နွှဲနေတဲ့ ပုပ်သိုးနေသော နိုင်ငံတော်အစိုးရယန္တယားကို ဖြုတ်ချပစ်ပြီး၊ အရင်းရှင်စနစ်ကို ဖြိုချပစ်မှ သာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အာမခံနိုင်မယ်။

စူးရှလင်း (မြန်မာပြန်သည်)