မဟတ္တမ ၏ ​နောက်​ကွယ်​ (ပထမပိုင်း)

Part two of a Burmese translation of "Gandhi: the Myths Behind the Mahatma", by Ravi Mistry.

[Source]

အင်​ဒိယ အမျိုးသား​ရေးလှုပ်​ရှားမှုနဲ့ ပက်​သက်​ပြီး ဂန်​ဒီ ကို လူအများက အထင်​ကြီး​လေးစားကြ​တယ်​။ ကိုလိုနီဆန့်​ကျင်​​ရေးသ မား၊ ငြိမ်းချမ်း​ရေးရဲ့သ​င်္ကေတ၊ အမျိုးသား​ခေါင်း​ဆောင်​ကြီး၊ စသဖြင့်​ အမွှမ်းတင်​ကြတယ်။ ​သူရဲ့ အကြမ်းမဖက်​ လှုပ်​ရှားမှု ဟာ နယ်​ချဲ့ကို​တော်​လှန်​နိုင်​ခဲ့တာပဲ လို့မှတ်​ယူထားကြပါတယ်​။ ​ဒါ​တွေဟာ မှန်​ရဲ့လား၊ ဂန်​ဒီဟာတကယ်​ပဲ နယ်​ချဲ့တော်​လှန်​​ရေးသမား လား၊ ငြိမ်းချမ်း​ရေးသမားလား?
ဂန်​ဒီအ​ကြောင်း ​ဆွေး​နွေးကြည့်​ပါမယ်​။

မဟတ္တမ ကရစ်​ချက်​ ဂန်​ဒီ ကို ​၁၈၆၉ ​အောက်​တိုဘာ ၂ မှာ ဂူဂျာရက်​ပြည်​နယ် ထဲက ချမ်းသာကြွယ်​ဝတဲ့ မိသားစုတစုက​နေ ​မွေးဖွားခဲ့တယ်​။ ၁၃ နှစ်​အရွယ်​မှာ လက်​ထပ်​တယ်​။ ​ကျောင်းဆက်​တက်​တယ်​။ ​နောက်​​တော့ လန်​ဒန်​မှာ ဥပ​ဒေပညာသွားသင်​လာခဲ့တယ်​။

တောင်​အာဖရိက နှင့်​ ဂန်​ဒီ

ဘုံ​ဘေမှာ ​ရှေ့​နေအလုပ်​နဲ့ သိပ်​အဆင်​မ​ပြေတဲ့ ဂန်​ဒီဟာ ​တောင်​အာဖရိက မှာအလုပ်​သွားလုပ်​ဖို့ထွက်​လာခဲ့တယ်​။ ​နေတယ်​ ကိုစ​ရောက်​​ရောက်​ခြင်းမှာပဲ တရားရုံးကိုသွားရာမှာ ပြသနာစတက်​တယ်။ ​တရားသူကြီးက သူ့​ခေါင်း​ပေါင်းကိုချွတ်​ခိုင်းလို့။ ရထားစီး​တော့လည်း ပထမတန်းတွဲမှာသွားထိုင်​မိလို့ ရထား​ပေါ်က နှင်​ချခံရပြန်​​တယ်​။ ဒီလို လူမျိုး​ရေးခွဲခြားမှု​တွေကို ဂန်​ဒီ​တ​ယောက်​​တော်​​တော်​​လေး ခံလိုက်​ရတယ်​။

၁၈၉၃ မှာ '​နေတယ်​' ရဲ့ လူဦး​ရေဟာ ၅၈၄၃၂၆ ရှိပြီး ၊ လူဖြူ ​တွေ နဲ့ အင်​ဒီးယန်း ​တွေက ၁၄ ရာခိုင်​နှုန်း​လောက်​ပဲ။ ကျန်​တဲ့ ၈၀ ရာခိုင်​နှုန်း​ကျော်​​ကျော်​ဟာ ဇူးလူး ​ဒေသခံ​တွေဖြစ်​ကြတယ်​။ အရင်းရှင်​လူဖြူ​ ​တွေက အခြားလူမျိုးစု​တွေအ​ပေါ် နှိမ်​ချဆက်​ဆံတယ်​၊ လူမျိုး​ရေးခွဲခြားထားတယ်​။ အင်​ဒီယန်း​တွေ ပလက်​​ဖောင်း​ပေါ်လမ်းမ​လျှောက်​ရ၊ လူဖြူ ​တွေနဲ့ ဝင်​​ပေါက်​ ထွက်​​ပေါက်​​တွေ အတူမသုံးရ စသဖြင့်​ ဖိနှိပ်​ထားတယ်။ရထားစီးရင် ​ပထမတန်းတွဲကို လူဖြူ များသာစီးခွင့်​ရှိတယ်​။ အရင်းရှင်​ လူဖြူ​တွေက မြင့်​မြတ်​ပြီး အခြားလူမျိုးစုများက နိမ့်​ကျ သ​ယောင်​​ယောင်​ပုံ​ဖော်​ထားခြင်းဖြစ်​တယ်​။

ဖိနှိပ်​ချုပ်​ခြယ်​မှုများကတဖြည်းဖြည်း ဆိုးသထက်​ ဆိုး​နေခဲ့တယ်။ ​အင်​ဒီးယန်း များက လူဖြူ စီးပွား​ရေး ​ဝေစုကို ခြိမ်း​ခြောက်​လာမည်​ကို အရင်းရှင်​လူဖြူ များကစိုးရိမ်​​နေကြတယ်။ဂန်​ဒီဟာ ထိုခွဲခြားမှု ဖိနှိမ်​မှုတို့ကို လက်​​တွေ့ကြုံလာခဲ့ရသူပါပဲ။ သို့ရာတွင်​ ဂန်​ဒီ က နယ်​ချဲ့အရင်းရှင်​များကို ဆန့်​ကျင်​ပြီး တန်းတူအခွင့်​အ​ရေး​တောင်းရန်​ အစီအစဉ်​ မရှိ​ပေ။ အရင်းရှင်​ လူဖြူများနှင့်​ ပလဲနံ ပသင့်​​အောင်​​ပေါင်းပြီး အင်​ဒီယန်​ ဘူဇွာ တို့၏ အကျိုးစီးပွားအတွက်​ လုပ်​ရန်​သာ ​ရှေးရှု ​တယ်။ ​သူကိုယ်​တိုင်​ကလည်း ​ကြေးရတက်​ ဘူဇွာ ပင်​မဟုတ်​​ပေ​လော။

'လူယဉ်​​ကျေးများအတွက်​ တန်း​တူအခွင့်​အ​ရေး' ဆိုတဲ့အမြင်​ကို လက်​ကိုင်​ထားတဲ့ ဂန်​ဒီဟာ အင်​ဒိယ ဘူဇွာ ​တွေနဲ့ အလုပ်​သမား​တွေကို ခွဲခြားပစ်​ဖို့ လုံးပမ်းခဲ့တယ်​။ တနည်းအားဖြင့်​ သူနဲ့ အ​ပေါင်းအပါ ဘူဇွာ​တွေကသာ လူဖြူ များနဲ့ တန်းတူ.အခွင့်​အ​ရေးရရှိပြီး အဖိနှိပ်​ခံ​တွေကို​တော့ ဆက်​လက်​ဖိနှိပ်​ထားဖို့ပါပဲ။ ဂန်​ဒီဟာ အင်​ဒီယန်​ အလုပ်​သမား လူတန်းစားကို 'ကျွန်ုပ်​ရဲ့တုံးအ အသုံးမ ကျတဲ့ ​တောသား​တွေ' လို့ပင်​ ​ခေါ်ဆိုခဲ့တယ်​။ ဒီဇင်​ဘာ ၁၈၉၅ မှာဆိုရင်​ ဂန်​ဒီက 'အင်​ဒီယ လူထုသည်​ မဲပြား၏ တန်​ဖိုးကို မသိ​သော ငတုံးငအ များကို မဲစာရင်းတွင်​ မမြင်​ချင်​ပါ' ဟုပင်​ ​ရေးသား​ဖော်​ပြခဲ့​ပါတယ်​။

ဂန်​ဒီဟာ အင်​ဒိယအလုပ်​သမားများသာမကပဲ အာဖရီကန်​​တွေကိုပါ ခွဲခြားဆက်​ဆံခဲ့သူဖြစ်​​တယ်။အင်​ဒိယ တို့က အာယန်​ လူမျိုးမှ ဆင်းသက်​လာတာဖြစ်​ပြီး အာဖရီကန်​ ​တွေထက်​မြင့်​မြတ်​တယ်​လို့ သူက မှတ်​ယူထားတယ်​။ ဂန်​ဒီက ဥ​ရောပသား​တွေ အင်​ဒီယန်​ ​တွေအ​ပေါ် ခွဲခြားဆက်​ဆံတာဟာ အင်​ဒီယန်​ နဲ့ အာဖရီကန်​ ​တွေကို တတန်းတည်း တစားတည်းအဖြစ်​မှတ်​ယူတာ​ကြောင့်​လို့ ယူဆတယ်​။ ဒါ​ကြောင့်​ပဲ သူ့ရဲ့ လူမျိုး​ရေးခွဲခြားမှုအမြင်​​တွေကိုသုံးပြီး အာဖရီကန်​​တွေကို ခွဲခြားထားချင်​ခဲ့တာပါပဲ။

အကြမ်းမဖက်​လှုပ်​ရှားမှုများ

ဂန်​ဒီ​ဟာတောင်​အာဖရိကတွင်ေ​နထိုင်​​နေစဉ်​ ' အကြမ်းမဖက်​လှုပ်​ရှားမှုများ ' ကို စတင်​ခဲ့​ခြင်းဖြစ်​တယ်​။ အရင်းရှင်​အစိုးရ၏ အင်​ဒီယန်​များအ​ပေါ်ဖိနှိပ်​မှုတို့ကိုဆန့်​ကျင်​ရန်​ဖြစ်​တယ်​။ အရင်းရှင်​အစိုးရက အင်​ဒီယန်​ ​ရွှေ့​ပြောင်း​နေထိုင်​မှု​​တွေ လုံးဝရပ်​တန့်​သွားဖို့နဲ့ အသက်​ ၈ နှစ်​အထက်​ အင်​ဒိယ အမျိုးသား​တွေရဲ့ လက်​​ဗွေ​တွေ ယူထားဖို့ အမိန့်​ထုတ်​တယ်​။ ဒါကိုဆန့်​ကျင်​တဲ့အ​နေနဲ့ ဂန်​ဒီက ' အကြမ်းမဖက်​ လှုပ်​ရှားမှု' ကို ပထမဆုံးအ​နေနဲ့ စတင်​ခဲ့တယ်​။

အင်​ဒီယန်​ အလုပ်​သမား ၂၀၀၀ ခန့်​ဟာ ​ထောင်​သွင်းအကျဉ်းချခြင်းခံခဲ့ရ​တယ်​။ ဒါ​ပေမဲ့ ဂန်​ဒီဟာ သူတို့အ​ပေါ် သစ္စာမရှိခဲ့ဘူး။ အရင်းရှင်​အစိုးရနဲ့ သ​ဘောတူညီမှု ခပ်​မြန်​မြန်​ပဲ ယူပစ်​လိုက်​တယ်​။ အင်​ဒိယ ဘူဇွာ ​တွေကို လက်​​ဗွေမယူခိုင်းဖို့ သ​ဘောတူညီ ခဲ့ကြတယ်​။ ​ထောင်​ကျခံစ​တေးခဲ့ရတဲ့ အလုပ်​သမား​တွေအတွက်​ ဘာမှမရခဲ့ဘူး။

အရင်းရှင်​အစိုးရရဲ့ဖိနှိပ်​မှု​တွေ ဆက်​လက်​တည်​တံ့​နေခဲ့တယ်​။ ကုန်​သွယ်​​ရေး၊ လိုင်​စင်​၊ ​ရွှေ့​ပြောင်းလုပ်​ကိုင်​ခွင့်​ စတာ​တွေမှာ အင်​ဒီယန်​​တွေအ​ပေါ် ကန့်​သတ်​ချုပ်​ခြယ်​မှု​တွေ များသထက်​များလာခဲ့တယ်​။ ဒါ့အပြင်​ ခရစ်​ယာန်​ ဘာသာ​ရေးနဲ့ မညီတဲ့ လက်​ထပ်​ပွဲ​တွေကိုပါပိတ်​ပင်​ခဲ့တယ်​။ ဆင်းရဲသားအလုပ်​သမား​တွေမှာအိုးအိမ်​​နေစရာ တရားဝင်​ မရရှိခဲ့။

ဂန်​ဒီဟာ​ အရင်းရှင်​နယ်​ချဲ့တို့အ​ပေါ်သစ္စာ​စောင့်​သိမှုကို ပြသရင်း ဥပ​ဒေ​ဘောင်​အတွင်းမှ ဘူဇွာများအတွက်​ အခွင့်​အ​ရေး များကိုသာ ​တောင်းဆိုရင်းအချိန်​ကုန်​​နေခဲ့​လေတယ်​။

၁၉၁၃ မှာ​​တော့အင်​ဒိယအလုပ်​သမားတို့ ဆူပူထကြွလာခဲ့​တယ်။ဆန္ဒပြသူများနှင့်​ ရဲများအကြား ရုန်းရင်းဆန်​ခတ်​မှုများ ဖြစ်​ပွားခဲ့ပြီး ​နောက်​ဆုံးတွင်​ ' ​ဆော်​လမွန်​ ​ကော်​မရှင်​' ​ပေါ်​ပေါက်​လာခဲ့တယ်​။ ခရစ်​ယာန်​ဘာသာ​ရေးပြင်​ပလက်​ထပ်​မှုများကို ခွင့်​ပြု ခြင်း၊ အိုးအိမ်​ ​နေထိုင်​မှုအတွက်​ အခွင့်​အ​ရေးများ ရရှိခြင်း တို့ ဟာအလုပ်​သမား​တော်​လှန်​​ရေး၏ ရလဒ်​များဖြစ်​လာခဲ့တယ်။ ​သို့​သော်​ အခြားတင်းကျပ်​​သော ဥပ​ဒေများပြင်​ဆင်​​ပေးမှူ​တော့ မရှိခဲ့​။ မိုင်းတွင်းအလုပ်​သမားများက သူတို့၏ ​ခေါင်း​ဆောင်​သည်​ ဂန်​ဒီမဟုတ်​​ကြောင်း၊ ဂန်​ဒီအတွက်​ လှုပ်​ရှားခဲ့ခြင်းမဟုတ်​​ကြောင်း ​ကြေညာခဲ့တယ်။ ​စင်​စစ်​ ဂန်​ဒီရဲ့ အကြမ်းမဖက်​ လှုပ်​ရှားမှု ဟာအလုပ်​သမားတို့၏ အင်​အားမပါလျှင်​ အချည်းအနှီး သာမဟုတ်​​ပေ​လော။
သို့သော် ဂ​န်​ဒီဟာ အင်​ဒိယ သို့ ' ဟီးရိုး' အဖြစ်​ ပြန်​လာခဲ့​တယ်​။

ဂန်​ဒီ နှင့်​ အကြမ်းမဖက်​မှု

ဂန်​ဒီအ​ကြောင်း​ပြောဆိုကြရာမှာ လွဲ​နေတဲ့အချက်​က သူဟာ ငြိမ်းချမ်း​ရေးလိုလားတယ်​၊ အကြမ်းမဖက်​ဘူးဆိုတဲ့ အချက်​ပဲဖြစ်​တယ်​။ ဒီ ယုံကြည်​မှုဟာ အင်​ဒိယ နဲ့ အခြားနိုင်​ငံ​တွေမှာ ပြန့်​နှံ့ခဲ့တယ်​။ ဒါ​ပေမဲ့ တကယ်​တမ်း​တော့ သူဟာ ကိုလိုနီနယ်​ချဲ့တွေရဲ့ လူသတ်​မှု​တွေနဲ့ စစ်​မက်​​တွေကို ​ထောက်​ခံခဲ့သူတ​ယောက်​ပဲဖြစ်​တယ်​။

ဂန်​ဒီ ​တောင်​အာဖရိကမှာ ​ရောက်​​နေချိန်​မှာပဲ ရက်​စက်​တဲ့ စစ်​ပွဲကြီးနှစ်​ခုဖြစ်​ပွားခဲ့ပါတယ်​။ ဒီစစ်​မက်​​တွေဟာ ဗြိတိန်​နယ်​ချဲ့တွေ ရဲ့ အကျိုးစီးပွားသက်​သက်​ အတွက်​ပဲ ဖြစ်​ခဲ့တယ်​။ ဒီ စစ်​ နှစ်​ခုစလုံးကို ဂန်​ဒီက လှိုက်​လှိုက်​လှဲလှဲ အား​ပေးကူညီခဲ့တယ်​။ ဒါ့အပြင်​ ဒီစစ်​ပွဲ​တွေကို အသုံးချပြီး ​တောင်​အာဖရိက မှာ အင်​ဒီယန်​ ​တွေရဲ့ အ​ရေးပါပုံ (အရင်းရှင်အကျိုးစီးပွားအတွက်) ​​​ကို သက်​​သေပြဖို့ ကြိုးစားခဲ့တယ်​။

ထရန့်​စ​ဘော မှာရှိတဲ့ ဘိုအာ ( ဒတ်​ခ်ျ​ အာဖရီကန်​ လယ်​သမား) ​တွေရဲ့ေ​မြဟာ ​ရွှေ​ကြော ကြီးကြီးမားမားတခု ရှိ​နေတယ်​လို့ နာမည်​ကြီးလာတယ်​။ ဒါ့အပြင်​ ဒီတာဂို​ဘေး ရထားလမ်းသစ်​ ​ပေါ်​ပေါက်​လာတဲ့အတွက်​ ဘိုအာ​တွေက ဗြိတိန်​ဆိပ်​ကမ်းကို မသုံး ကြ​တော့ဘူး။ ဂျာမန်​ နဲ့ အခြားဥ​ရောပ နိုင်​ငံ​တွေရဲ့ ကုန်​ထုတ်​လုပ်​မှုကလည်း ၁၉ ရာစုအကုန်​ပိုင်းမှာ အ​တော်​​လေး တိုးတက်​လာ​နေတယ်​။ ဒီ အ​ခြေအ​နေ​တွေဟာ ဗြိတိန်​အရင်းရှင်​​တွေ နဲ့ ​တောင်​အာဖရိက ​မြေရှင်​​တွေရဲ့ အကျိုးစီးပွားကို ခြိမ်း​ခြောက်​လာပြီး ဘိုအာစစ်​ပွဲ(ဒုတိယ) ကို စတင်​​စေခဲ့တယ်​။

စစ်​က ၁၈၉၉ ခုနစ်​ ​အောက်​တိုဘာ ၁၁ မှာ စတင်​ဖြစ်​ပွားတယ်​။ ဒီစစ်​မှာ ဂန်​ဒီဟာ ဗြိတိန်​အင်​ပါယာ ကို ကူညီဖို့လုပ်​ခဲ့တယ်​။ သူက 'အင်​ဒီယန်​​တွေဟာ အချုပ်​အခြာအာဏာ ကိုကာကွယ်​ဖို့ အလွန်​စိတ်​အားထက်​သန်​ပါတယ်​' လို့ ကိုလိုနီနယ်​ချဲ့ခေါင်း​ဆောင်​ ချိန်​ဘာလိန်​ ဆီ စာ​ရေးခဲ့တဲ့အထိပဲ။ ဒါ့အပြင်​ စစ်​ရန်​ပုံ​ငွေ​တွေ ​ကောက်​​ပေးခြင်းအားဖြင့်​လည်း အင်​ပါယာဖက်​ကရပ်​တည်​ခဲ့တယ်​။ ဂန်​ဒီဟာ စစ်​ပွဲရဲ့ ရက်​စက်​ကြမ်းကြုတ်​မှု​တွေကို လျစ်​လျူရှု ပြီး အင်​ပါယာအ​ပေါ်​ သစ္စာ ​စောင့်​သိခဲ့ပါတယ်​။

ဘိုအာ​ပြောက်​ကျားစစ်​ (guerrilla warfare ) ​တွေ ​ပေါ်လာ​တော့ ဗြိတိန်​အစိုးရက ထိန်းသိမ်း​ရေးစခန်းကြီး​တွေ တည်​​ဆောက်​ခဲ့တယ်​။ ဒီစခန်း​တွေထဲမှာ ဘိုအာ ၂၈၀၀၀ ​လောက်​​သေဆုံးခဲ့ရတယ်​။ က​လေးသူငယ်​ ၂၂၀၀၀ အပါအဝင်​​ပေါ့။ ဒါ့အပြင်​ အာဖရီကန်​ ၂၀၀၀၀ ခန့်​ ​သေဆုံးခဲ့ပါ​သေးတယ်​။ ဒီ အပြစ်​မဲ့တဲ့ ​လူ​တွေ​သေဆုံးရတာကို ဂန်​ဒီက လုံးဝ ဂရုမစိုက်​ခဲ့ပါဘူး။ စစ်​နိုင်​လို့ ဝမ်း​မြောက်​​ကြောင်း​တောင်​ ဗြိတိန်​ဘုရင်​မကို ​ပြောခဲ့ပါ​သေးတယ်​။ စစ်​ပွဲမှာ အင်​ဒီယန်​ ​တွေ ပါဝင်​ကူညီခဲ့​ကြောင်း အသိအမှတ်​ပြုစာထုတ်​ခိုင်းခဲ့တဲ့အထိပါပဲ။ ဒါ​ပေမဲ့ အင်​ပါယာက အင်​ဒီယန်​​တွေကို ဘာမှမ​ပေးခဲ့ပါဘူး။

ဒါ​ပေမဲ့ ဂန်​ဒီဟာ အင်​ပါယာကို ဆက်​လက်​ သစ္စာ​စောင့်​​နေခဲ့တယ်​။ ၁၉၀၆ မှာ ဘန်​ဘသာ ​တော်​လှန်​​ရေး (ဒုတိယ ဇူးလူး စစ်​ပွဲ) ကို ဗြိတိန်​​တွေက ရက်​ရက်​စက်​စက်​ နှိမ်​နှင်းခဲ့ကြတယ်​။

ဘိုအာ​တွေ ဗြိတိန်​​တွေက ဇူးလူး​တွေရဲ့ ​မြေ​ယာ​တွေကို လုယူခဲ့တယ်​။ သူတို့ကို ​မြေယာပိုင်​ဆိုင်​မှု နည်းပါး​အောင်​လုပ်​​ဆောင်​တယ်​။ ဇူးလူး​တွေကို အရင်းရှင်​လက်​​အောက်​က အလုပ်​သမား​တွေ ဖြစ်​လာ​စေဖို့ ဖိအား​ပေးတဲ့အ​နေနဲ့ အခွန်​​ကောက်​တယ်​။ ဒီဖိနှိပ်​မှု​တွေ​ကြောင့်​ ဇန်​ဒီ ကလန်​ ရဲ့​ခေါင်း​ဆောင်​ ဘန်​ဘသာ က ဗြိတိန်​ရဲကင်းတခုကို ဝင်​တိုက်​ပြီး ​ဆော်​လှန်​​ရေးစခဲ့တယ်​။ ရဲကင်းစစ်​သား သုံး​ယောက်​​သေဆုံးတယ်​။ ဗြိတိန်​​တွေရဲ့ ပြန်​လည်​တုံ့ပြန်​တိုက်​ခိုက်​မှုဟာ ဇူးလူး ​လေး​ထောင်​ကို ​သေဆုံး​စေခဲ့ တယ်​။ ခုနစ်​​ထောင်​​လောက်​ကို အကျဉ်းချခဲ့တယ်​။ အခြား​ထောင်​​ပေါင်းများစွာ​သောလူ​တွေဟာ အိုးမဲ့အိမ်​မဲ့​တွေဖြစ်​လာပြီး မလွှဲသာမ​​ရှောင်​သာပဲ အင်​ပါယာမိုင်းတွင်း​​တွေ နဲ့ အခြားစက်​မှုလုပ်​ငန်း​တွေမှာ အလုပ်​သမားအဖြစ်​ခိုင်း​စေခံခဲ့ရ​တော့တယ်​။ ဒါဟာ အရင်းရှင်​​တွေရဲ့ လိုအင်​ကိုဖြည့်​ဖို့ စစ်​တိုက်​တယ်​ဆိုတာကို ပိုမို​ပေါ်လွင်​​စေခဲ့ပါတယ်​။

ဒီလိုရက်​စက်​ကြမ်းကြုတ်​မှု​တွေကို မြင်​​နေရတာကိုပဲ ဂန်​ဒီက အင်​ပါယာကို ဆက်​လက်​အား​ပေးကူညီတုန်းပါပဲ။ ဇူးလူး​တွေသူပုန်​ထတာကို သူက အပြစ်​တင်​ခဲ့ပါ​သေးတယ်​။ ဂန်​ဒီရဲ့ရည်​ရွယ်​ချက်​က​တော့ သူတို့အင်​ဒီယန်​ ​တွေဟာ လူဖြူ ​တွေနဲ့ တသားတည်း လူယဉ်​​ကျေး​တွေပဲ ဖြစ်​​ကြောင်း သက်​​သေပြချင်​တာပါပဲ။

၁၉၀၅ မှာဆိုရင်​ ဂန်​ဒီထူ​ထောင်​တဲ့သတင်းစာတ​စောင်​ဖြစ်​တဲ့ 'အင်​ဒီယန်း အမြင်​' ဆိုတဲ့သတင်းစာမှာ
' ဇူးလူး​တွေကို ဗြိတိန်​​တွေက သက်​ညှာခဲ့ပါတယ်​၊ မဖြစ်စ​လောက်​အခွန်​အခ​လေးဟာ သူတို့အတွက်​ အန္တရာယ်​မဖြစ်​​စေပါဘူး၊ တစ်​နှစ်​မှာ ရက်​နည်းနည်း အလုပ်​ပိုလုပ်​ရရုံပါပဲ' လို့ ​ရေးသား​ဖော်​ပြခဲ့တယ်​။ ဒါ့အပြင်​ ဗြိတိန်​​တွေကို အင်​ဒီယန်​​တွေကအ​ထောက်​အပံ့​ပေးတာနဲ့ပက်​သက်​လို့ ဂန်​ဒီက '​နေတယ်​ မှာရှိတဲ့ အင်​ဒီယန်​ တသိန်း​လောက်​ဟာ စစ်​အတွင်းမှာ ထိထိ​ရောက်​​ရောက်​အလုပ်​လုပ်​နိုင်​​ကြောင်းသက်​​သေပြခဲ့ပြီးပါပြီ၊ ဒါ​ပေမဲ့ အင်​ဒီယန်​ ​တွေဟာ ​တောင်​အာဖရိက ကိုလိုနီမှာ ဘာနိုင်​ငံ​ရေး အင်​အားမှမရှိဘူးဖြစ်​​နေပါတယ်​၊ အစိုးရ​အ​နေနဲ့ ဒီ လျစ်​လျူရှု ခံထားရတဲ့ လူအုပ်​စု(အင်​ဒီယန်​) ​တွေကို နိုင်​ငံရဲ့ အ​ရေးပါတဲ့ အစိတ်​အပိုင်းအဖြစ်​ ​ပြောင်းလဲ​ပေးသင့်​ပါတယ်​ ' လို့ ​ရေးသားခဲ့ပါတယ်​။

ဂန်​ဒီ၏ ​ကြောင်​သူ​တော်​ ဆန်​မှု

ပထမကမ္ဘာစစ်​ ဖြစ်​​နေတဲ့အချိန်​မှာ ဂန်​ဒီဟာ လယ်​သမား​တွေရဲ့ ဆန္ဒပြမှု​တွေကို ဦး​ဆောင်​ခဲ့တယ်​။ ခီဒါပြည်​နယ်​ကအလုပ်​သမား လယ်​သမား​တွေကို ၁၉၁၈ မှာ သူ​ပြောခဲ့တာက-
'ငါတို့ ကြိုးစား​နေတာဟာ ​မြေယာအခွန်​အခ​တွေ ဆိုင်းငံ့ထား​စေဖို့ သက်​သက်​အတွက်​မဟုတ်​ဘူး၊ ပိုပြီးအ​ရေးကြီးတဲ့ကိစ္စရှိ​သေးတယ်​။ ဒါက​တော့ ဒီမိုက​ရေစီ အစိုးရပါပဲ၊ လူ​တွေဟာနိုးထလာကြပြီး သူတို့ရဲ့အခွင့်​အ​ရေး​တွေကို နားလည်​လာကြပြီ၊ ဒီလိုနားလည်​လာရခြင်းဟာ ဆွာရ်​ဂ်ျ​ ရဲ့ အဓိပ္ပါယ်​ပဲ'။

၁၉၁၈ အလယ်​ပိုင်း​လောက်​မှာ ခီဒါက ဆန္ဒပြမှူ​တွေပြီးဆုံးသွားခဲ့တယ်​။ ​အောင်​မြင်​တယ်​လို့လည်းသတ်​မှတ်​ခဲ့ကြတယ်​။ ဆန္ဒပြပွဲ​တွေ ဖြစ်​​နေချိန်​မှာ ဂန်​ဒီကို အစိုးရက ​ဒေလီ လာဖို့ဖိတ်​တယ်​။ စစ်​ပွဲကိုအကူအညီ​ပေးခိုင်းတယ်​။ ဂန်​ဒီဟာ လှိုက်​လှိုက်​လှဲလှဲ လက်​ခံခဲ့ပြန်​တယ်​။ သူက လယ်​သမား​တွေဆန္ဒပြတာကိုဦး​ဆောင်​တယ်​၊ ဟင်းဆွာရဂ်ျ​ ကို​ရေးတယ်​၊ အကြမ်းမဖက်​မှုကို တွင်​တွင်​​ပြော​ဟောတယ်​။ ပထမကမ္ဘာစစ်​ ကိုကျ ​ထောက်​ခံအား​ပေးတယ်​။

ခီဒါက ဆန္ဒပြ​နေတဲ့လယ်​သမား​ဆွေဆီ ဂန်​ဒီပြန်​လာတယ်​။ အင်​ပါယာအတွက်​စစ်​တိုက်​ ​ပေးဖို့ ​ပြောခဲ့တယ်​။ ဥ​ရောပစစ်​​မြေပြင်​မှာ သူကိုယ်​တိုင်​ဦး​ဆောင်​ပြီးတိုက်​မယ်​လို့​တောင်​ ​ကြွေး​ကြော်​တဲ့အထိပါပဲ။ လယ်​သမား ​တွေအလွန်​ စိတ်​ရှုပ်​​ထွေးကုန်​ကြတယ်​။ သူတို့က ဂန်​ဒီ့ကို အကြမ်းမဖက်​ ဝါဒနဲ့ စစ်​တိုက်​တာ ဆန့်​ကျင်​​နေ​ကြောင်း​ပြောတယ်​။ ဂန်​ဒီက သူလက်​နက်​မကိုင်​ဘူးလို့ ပြန်​​ချေပခဲ့ပါတယ်​။ ဂန်​ဒီနဲ့ သူ့​နောက်​လိုက်​​တွေဟာ အင်​ပါယာအတွက်​ စစ်​သား​တွေရဖို့ စစ်​သင်​တန်း​ပေးခဲ့ကြတယ်​။ သူတို့ ​လေ့ကျင့်​​နေတုန်းမှာပဲ ပထမ ကမ္ဘာစစ်​ကြီး ပြီးဆုံးခဲ့တယ်​။

ဂန်​ဒီရဲ့ အကြမ်းမဖက်​​တော်​လှန်​​ရေး ဟာ လယ်​သမား​တွေ အလုပ်​သမား​တွေဆီက လက်​နက်​ကိုဖြုတ်​ချဖို့သက်​သက်​ပါပဲ။ ၁၉၂၀ - ၂၂ မှာဖြစ်​ခဲ့တဲ့ မပူး​ပေါင်း​ရေးလှုပ်​ရှားမှု မှာဆိုရင်​ ဂန်​ဒီ ရဲ့ သရုပ်​မှန်​ကို ​တွေ့နိုင်​တယ်​။ ​ဒေါသထွက်​​နေတဲ့ လူအုပ်​ကြီးက ရဲစခန်း တခုကို မီးရှို့ခဲ့တယ်​။ ရဲသား ၂၂ ​ယောက်​ ​သေဆုံးတယ်​။ ဒီအချိန်​မှာ ဂန်​ဒီက လှုပ်​ရှားမှုကို ရပ်​တန့်​ခိုင်းခဲ့တယ်​။ အကြမ်းမဖက်​ ဝါဒကို အသုံးချပြီး လူထုကို လက်​နက်​ကင်းမဲ့​စေခဲ့တာပါပဲ။ ဒီ ​ကြောင်​သူ​တော်​ဆန်​မှု​ကြောင့်​ လွတ်​လပ်​​ရေး​တိုက်​ပွဲ အရှိန်​အဟုန်​ တန့်​ခဲ့ရတယ်​။

ဂန်​ဒီဟာ ကိုလိုနီနယ်​ချဲ့ ဆန့်​ကျင်​​ရေးမှာ အကြမ်းမဖက်​ဝါဒကို တွင်​တွင်​​ပြော​ဟောတယ်​။ ဒါ​ပေမဲ့ ၁၉၄၂ အင်​ဒိယ မှ​မောင်းထုတ်​​ရေးလှုပ်​ရှားမှု မှာကျပြန်​​တော့ အကြမ်းဖက်​​ရေး လှုံ့ဆော်​ပြန်​တယ်​။ သူအပါအဝင်​ ကွန်​ဂရက်​ပါတီ​ခေါင်း​ဆောင်​​တွေ ဖမ်းဆီးခံထား ရတဲ့အချိန်​မှာပါ။ သူက လူထုကို အကြမ်းဖက်​ရမယ်​ဆိုရင်​​တောင်​ ဒီလှုပ်​ရှားမှုကို မရပ်​တန့်​​ကြဖို့ တိုက်​တွန်းခဲ့တယ်​။

မဟတ္တမ ဟာ ငြိမ်းချမ်း​ရေး လိုလားသူ ဆိုတဲ့ အ​တွေးအ​ခေါ်ဟာ ရယ်​ဖွယ်​အတိပါပဲ။ သူဟာ အင်​ပါယာက ဆင်​နွှဲခဲ့တဲ့ စစ်​ပွဲကြီး သုံးပွဲကို အား​ပေးအား​မြှောက်​လုပ်​ခဲ့တယ်​။ အကြမ်းမဖက်​မှုကို အ​ကြောင်းပြပြီး အင်​ဒိယလူထုဆီက လက်​နက်​ဖြုတ်​သိမ်းခဲ့တယ်​။ ​နောက်​ဆုံး ၁၉၄၂ မှာကျပြန်​​တော့ အကြမ်းဖက်​ကြဖို့ ​ပြောပြန်​တယ်​။

သူကိုယ်​တိုင်၁၉၂၀ မှာ ​ပြောခဲ့တာက
'ကျ​နော့​လောက်​ ဘယ်​ အင်​ဒီယန်​ကမှ ဗြိတိန်​အစိုးရနဲ့ မပူး​ပေါင်းခဲ့ပါဘူး၊ ၂၉နှစ်​တာကာလတ​လျှောက်​ မှာ​ပေါ့၊ အခြား သူဆိုရင်အစိုးရကို ဆန့်​ကျင်​တဲ့ သူပုန်​ ဖြစ်​သွား​စေနိုင်​​လောက်​တဲ့ အ​ခြေအ​နေမျိုးမှာ​ပေါ့'

ဟင်းဆွာရဂ်ျ​ ၊ ဂန်​ဒီဝါဒ နှင့်​ စကြဂရာဟ

၁၉၀၉ မှာ ဂန်​ဒီဟာ လန်​ဒန်​က​နေ ​တောင်​အာဖရိကကို ခရီးသွား​နေခဲ့တယ်​။ အဲ့ဒီအချိန်​ သ​ဘောင်္​ပေါ်မှာ သူ​​ရေးသားခဲ့တဲ့ ဟင်းဆွာရဂ်ျ​ မှာ သူ့အမြင်​​တွေကို​ဖော်​ပြထားတယ်​။ ဒီစာအုပ်​မှာ ဂန်​ဒီဟာ ဗြိတိသျှ ​တွေရဲ့ ​ခေတ်​သစ်​ ယဉ်​​ကျေးမှု ကို ဆန့်ကျင်​ခဲ့တယ်​။ ဆရာဝန်​ ၊ ​ရှေ့​နေ​တွေ၊ စက်​ရုံ​တွေ၊ ရထားလမ်း​တွေနဲ့ တည်​​ဆောက်​ထားတဲ့ စက်​မှုယဉ်​​ကျေးမှု ဟာ သူ့အမြင်​အရ ​စေတန်​ရဲ့ နိုင်​ငံ ဖြစ်​တယ်​။ ​ရှေး​ဟောင်း ယဉ်​​ကျေးမှုကို​တော့ ဘုရားသခင်​ရဲ့နိုင်​ငံ​တော်​လို့​ခေါ်ဆိုခဲ့တယ်​။

အင်​ဒိယ ကိုယ်​ပိုင်​အုပ်​ချုပ်​​ရေး ရလာဖို့ရာ အစိုးရအဖွဲ့မှာ အင်​ဒီယန်​ ​တွေပဲပါဝင်​ရမှာဖြစ်​ပြီး လူ့အဖွဲ့အစည်း ကိုလည်း ပုံစံ​ပြောင်း
(​ခေတ်​​နောက်​ပြန်​ဆွဲ) ပစ်​ရမယ်​လို့ သူကယူဆထားတယ်​။ သိပ္ပံပညာရပ်​​တွေ ​လေ့လာတာကို ရှုံ့ချထားပြီး ဘာသာ​ရေးစာ​ပေ​တွေပို့ချမှုကိုသာ အား​ပေးထားတယ်​။

စကြဂရဟ (အကြမ်းမဖက်​ လှုပ်​ရှား​ရေး) လမ်းစဉ်​ ကိုလိုက်​ရမှာဖြစ်​ပြီး လူထုကိုလက်​နက်​တပ်​ဆင်​ခြင်းဟာ ဥ​ရောပ နည်းလမ်းဖြစ်​တယ်​လို့လည်း ဆိုပြန်​တယ်။ ဒီလမ်းစဉ်​ကို လိုက်​ဖို့ရာ ဆင်းရဲမွဲ​တေမှု နဲ့ လိင်​ကင်းရှင်း​နေမှု​တွေလိုအပ်​​ကြောင်း ​ရေးသားထား ခဲ့တယ်​။ ဒါမှသာ အနစ်​နာခံစ​တေးဖို့ရာ အ​ကြောက်​အလန့်​မရှိတဲ့ ခန္ဓာကိုယ်​ ကိုရရှိလိမ့်​မယ်​။

သူ့စာအုပ်​ထဲက အ​ကြောင်းအရာ ​တွေဟာ တကယ်​​တမ်းကျ ​ရှေ့​နောက်​မညီဖြစ်​​နေ​လေတယ်​။ ဘာ​ကြောင့်​ဆို ဂန်​ဒီဟာ ဗြိတိန်​ ပညာ​ရေး က​နေ အကျိုးအမြတ်​ရရှိထားပြီးသား ​ရှေ့​နေတ​ယောက်​ဖြစ်​​နေလို့ပါပဲ။ ဒါ့အပြင်​ သ​ဘောင်္​တွေ ရထား​တွေ ဆိုတာဟာ လည်း သူပဲ တွင်​တွင်​သုံးစွဲ​နေတဲ့ ​ခေတ်​သစ်​ ပစ္စည်း​တွေဖြစ်​​နေတယ်​။

ဂန်​ဒီဟာ သူ့ရဲ့ အ​တွေး​အ​ခေါ်အယူအဆ​တွေကို အက်​ရှ်​ရမ်း လို့​ခေါ်တဲ့ ဘာသာ​ရေးစခန်းငယ်​​တွေထူ​ထောင်​ပြီး ဖြန့်​​ဝေသင်​ကြားခဲ့တယ်​။ သူ့ရဲ့ စခန်းငယ်​​တွေမှာ သားသတ်​လွတ်​ အသီးအရွက်​သက်​သက်​ပဲစားဖို့၊ ဆား ​ထောပတ်​ စတဲ့ အရာ​တွေ မသုံးစွဲရ၊ လိင်​ဆက်​ဆံမှုမရှိရ ၊ ​ယောက်ျားမိန်းမ အ​ဆောင်​ခွဲထားခြင်း၊ စတဲ့ စည်းကမ်း​တွေထုတ်​ထားတယ်​။ ဒါ​ပေမဲ့ လက်​​တွေ့မှာ​တော့ အစားအ​သောက်​​တွေ ခိုးသွင်းစားသုံးတာ​တွေရှိ​နေခဲ့တယ်​။ အ​ရေးကြီးတဲ့အချက်​က​တော့ ဒီစခန်းငယ်​​တွေဟာ ဥ​ရောပလူချမ်းသာ​တွေနဲ့ အင်​ဒိယ အရင်းရှင်​​တွေရဲ့ အ​ထောက်​အပံ့နဲ့ရပ်​တည်​​နေတာပါပဲ။

ဂန်​ဒီနှင့်​ အင်​ဒိယ အမျိုးသား​ရေး လှုပ်​ရှားမှု

ဂန်​ဒီဟာ ၁၉၁၀ ဇန်​နဝါရီမှာ အင်​ဒိယကို ပြန်​လည်​​ရောက်​ရှိခဲ့တယ်​။ ​တောင်​အာဖရိက မှာ လုပ်​ခဲ့တဲ့ လှုပ်​ရှားမှုတွေနဲ့ အင်​ဒိယ လူ့အဖွဲ့အစည်း အ​ပေါ် သူရဲ့ ဦး​ဆောင်​နိုင်​ခဲ့မှု​တွေက သူ့ကို အင်​ဒိယအမျိုးသား ​ခေါင်း​ဆောင်​အဖြစ်​ ရှုမြင်​​စေခဲ့ပါတယ်​။ အင်​ဒိယ ဟာ ပထမကမ္ဘာစစ်​ ပြီးတဲ့​နောက်​မှာ သယံဇာတ​တွေ ကုန်​ခန်းလာတယ်​။ အစိုးရရဲ့ ဖိနှိပ်​မှုကလည်း ပိုဆိုးဝါးလာတယ်​။ ဒီအ​ခြေအ​နေ​တွေက ဂန်​ဒီကို စင်​​ပေါ်တင်​​ပေးခဲ့တယ်​။ သူရဲ့ ဆွာရ်​ဂ်ျ​ ဟာ လူထုရဲ့ ထွက်​​ပေါက်​ဖြစ်​လာခဲ့တယ်​။

ဗြိတိသျှ အင်ပါယာ​ရဲ့'ဒိုမီနီယွန်​' အ​နေအထားကို အင်​ဒိယန် ​ဘူဇွာ​တွေကလိုလားကြတယ်​။ ဒိုမီနီယွန်​ဆိုတာက အင်​ပါယာထဲ က လက်​​အောက်​ခံနိုင်​ငံ​တွေထဲမှာ စီးပွား​ရေး လူမှု​ရေးအရ အ​ရေး​ပေးခြင်းခံရတာကိုဆိုလိုတယ်​။ ဒီလိုအ​ရေး​ပေးခံရမှသာ ဘူဇွာ အကျိုးစီးပွားတိုးတက်​မှာ ဖြစ်​လို့ပဲ။

ဒီအခြင်းအရာ​တွေဟာ ဂန်​ဒီ့ကို ​နောက်​လိုက်​ ​နောက်​ပါ​တွေ တိုးပွားလာ​စေတယ်​။ သူရဲ့ အာဏာဖီဆန်​​ရေး လှုပ်​ရှားမှု​တွေ​ဟာ ​အောက်​​ခြေလူတန်းစားကို ဆွဲ​ဆောင်နိုင်​ခဲ့တယ်​။ အ​ခြေခံလူတန်းစားရဲ့ ​မ​ကျေနပ်​ချက်​​တွေဟာ သူ့ရဲ့လှုပ်​ရှားမှု​တွေမှာ ဟစ်​​ကြွေးခွင့်​ရခဲ့လို့ပါပဲ။ သူ့ရဲ့ ရိုးရှင်းတဲ့ အဖြူ​ရောင်​ ဝတ်​စုံဟာ လူထုကို ဆွဲ​ဆောင်​ခဲ့တယ်​။ လူထုဘက်​​တော်​သားအဖြစ်​ မြင်စေခဲ့ တယ်​။

ဒီလိုနဲ့ ​ထောက်​ခံသူများလာတဲ့ ဂန်​ဒီဟာ လူထုကို အစိုးရအမိန့်​အာဏာ​တွေဖီဆန်​​ရေးအတွက်​ လှုံ့ဆော်​ခဲ့တယ်​။ သန်း​ပေါင်းများ စွာ​သော လူထုရဲ့ ပန်းတိုင်​က​တော့ ဂန်​ဒီ​ပြောထားတဲ့ ဆွာရဂ်ျ​ ( ကိုယ်​ပိုင်​အုပ်​ချုပ်​​ရေး) ပါပဲ။

၁၉၁၇ ​အောက်​တိုဘာ​တော်​လှန်​​ရေး ​ပေါ်​ပေါက်​လာပြီး​နောက်​မှာ နယ်ချဲ့တွေက '​တော်​လှန်​​ရေး' ကိုအလွန်​​ကြောက်​ရွံလာတယ်​။ ဒါ​ကြောင့်​ပဲ ၁၉၁၉ ရိုးလက်​အက်​ဥပ​ဒေ ​ပေါ်ထွက်​လာခဲ့ပါတယ်​။ ဒီဥပ​ဒေအရ အင်​ပါယာအစိုးရဟာ လူတ​ယောက်​ကို ရုံးတင်​စစ်​​ဆေးခြင်းမရှိဘဲ နှစ်​နှစ်အတိုင်းအတာအထိ ဖမ်းဆီးထိန်းသိမ်းခွင့်​ရှိ​နေခဲ့တယ်​။ ဂန်​ဒီက ရိုးလက်​ဥပ​ဒေကိုဆန့်​ကျင်​တဲ့ 'ရိုးလက်​ စကြဂရာဟ' လှုပ်​ရှားမှုကိုစတင်​ခဲ့ပါတယ်​။ ဆန္ဒပြပွဲ​တွေနဲ့အတူ ရုန်းရင်းဆန်​ခတ်​မှု​တွေဖြစ်​​ပေါ်လာခဲ့တယ်​။ အလုပ်​သမား လယ်​သမား​တွေက ကိုလိုနီအုပ်​ချုပ်​​ရေး ရဲ့ အမှတ်​သ​င်္ကေတ ​တွေဖြစ်​တဲ့ ရထားလမ်း​တွေ ​ကြေးနန်းတာဝါ ​တွေကို ဖျက်​စီးခဲ့ကြတယ်​။ ဒီအချိန်​မှာပဲ ဂန်​ဒီဟာ ဗြိတိသျှ ​တွေနဲ့ ပူး​ပေါင်းလိုက်​ပြီး ဒီလှုပ်​ရှားမှု​တွေကို ရပ်​တန့်​​စေခဲ့ပါတယ်​။ ဆန္ဒပြခဲ့သူလူထုဟာ ဖမ်းဆီးခံရ ဒဏ်​ရိုက်​ခံရနဲ့ ဒုက္ခခံခဲ့ရတယ်​။ ဂန်​ဒီက​တော့ ဒီအပြစ်​​ပေးမှု​တွေနဲ့ပက်​သက်​ပြီးေုံရငုံနှုတ်​ပိတ်​​နေခဲ့ပါတယ်​။ ဒီလိုနဲ့ပဲ အမျိုးသား​ရေးလှုပ်​ရှားမှုဟာ ပြန်​လည်​​အေးခဲသွားခဲ့တယ်​။ ဂန်​ဒီက 'အင်​ဒိယ အမျိုးသား ကွန်​ဂရက်​' ကို ထူ​ထောင်​ပြီး ပြည်​သူကို ​ချွေးသိပ်​ခဲ့လို့ပါပဲ။ ဒီပါတီဟာ ​တောင်​အာရှရဲ့ အဓိက ဘူဇွာအမျိုးသား​ရေးပါတီပဲ ဖြစ်​တယ်​။

၁၉၂၀ စက်​တင်​ဘာမှာ ဂန်​ဒီက မပူး​ပေါင်း​ရေးလှုပ်​ရှားမှု လုပ်​ဖို့​ပြောလာတယ်​။ ဒီအချိန်​မှာ ဂန်​ဒီဟာ ကွန်​ဂရက်​ရဲ့ ဥက္ကဌ ဖြစ်​လာပါပြီ။ ဒီလှုပ်​ရှားမှုမှာ အစိုးရ​ကျောင်း​တွေ၊ ရုံး​တွေ ကိုသပိတ်​​မှောက်​ခဲ့ကြတယ်​။ နိုင်​ငံခြားဖြစ်​အဝတ်​အထည်​​တွေမသုံးစွဲ​ရေးကိုလည်း လုပ်​​ဆောင်​ခဲ့ကြတယ်​။ ဂန်​ဒီက သူ့ရဲ့ ဘာသာ​ရေး သန့်​စင်​မှု အယူအဆအရ အရက်​ဆိုင်​​​တွေကိုပါ သပိတ်​​မှောက်​ဖို့​ပြောခဲ့ပါတယ်​။ လူထုဟာ ဒီညွန်​ကြားချက်​​တွေကို တိတိကျကျ လိုက်​နာနိုင်​စွမ်းမရှိခဲ့ပါဘူး။ ဒါ​ပေမဲ့လည်း ​အ​ခြေခံလူတန်းစား​တွေဟာ ဖမ်းဆီးနှိပ်​ကွပ်​ခံခဲ့ရတာပါပဲ။ တကယ်​တမ်း​တော့ ဂန်​ဒီရဲ့ အစီအစဉ်​​တွေ လွဲမှား​နေလို့ ခုလို အကျိုးတစုံတရာမရဘဲ နှိပ်​ကွပ်​ခံရတာသာအဖတ်​တင်​ခဲ့ခြင်းဖြစ်​တယ်​။

၁၉၂၂ ​ဖေ​ဖော်​ဝါရီ ၄ ရက်​​နေ့မှာ အလုပ်​သမား လယ်​သမားထုက ရဲကင်းတခုကို ဝင်​စီးခဲ့ကြတယ်​။ ဂန်​ဒီဟာ အကြမ်းမဖက်​ ဝါဒကို ပွဲထုတ်​လာပြီး ဒီလုပ်​ရပ်​ကိုရှုတ်ချခဲ့ကာ လှုပ်​ရှားမှုကို ရပ်​တန့် ​စေခဲ့ပါတယ်​။ လွတ်​လပ်​​ရေးဟာ ဆယ်​စုနှစ်​များစွာ ​နောက်​ကျခဲ့ရတယ်​။

ဂန်​ဒီဟာ နှစ်​နှစ်​ကြာဖမ်းဆီးခံခဲ့ရပြီး အမျိုးသား​ရေးလှုပ်​ရှားမှုက​နေ ခဏတာ ကင်းလွတ်​​နေခဲ့ပါတယ်​။ ၁၉၂၇ မှာ ဂန်​ဒီဟာ နိုင်​ငံေ​ရး​လောကကို ပြန်​လည်​​ခြေ ချခဲ့ပြီး ပါနာဆွာရဂ်ျ​ ( လွတ်​လပ်​​ရေး အပြည့်​အဝ ရယူမှု) ကိုကန့်​ကွက်​ခဲ့တယ်​။ လွတ်​လပ်​​ရေး​တောင်း ဆိုမှုကို ၁၉၂၉ ဇန်​န၀ါရီ အထိဆိုင်းငံထားခဲ့တယ်​။ အစိုးရက ဒိုမီနီယွန်​အ​နေအထားကို ​ပေးလိမ့်​မယ်​ဆိုတဲ့ ​မျှေ၊ာ်​လင့်​ချက်​နဲ့ပါပဲ။ ဒိုမီနီယွန်​မရမှသာ လွတ်​လပ်​​ရေးကို ဆက်​လက်​​တောင်းဆိုကြဖို့ စီစဉ်​ခဲ့ကြပါတယ်​။

အစိုးရက ဒိုမီနီယွန်​အ​နေအထားကို မ​ပေးအပ်​တဲ့အတွက်​ လွတ်​လပ်​​ရေးလှုပ်​ရှားမှု​တွေ ပြန်​လည်​စတင်​ခဲ့တယ်​။ ဒီလှုပ်​ရှားမှု​တွေဟာ ဘာသာ​ရေးကင်းလွတ်​မှု၊ အ​ပြောင်းအလဲကိုအမှန်​တကယ်​လိုလားမှု​တွေနဲ့ မပြည့်​စုံခဲ့ဘူး။ ဒီလို​ခေါင်း​ဆောင်​​ကောင်း​တွေမရှိခဲ့ဘူး။ ဒါ​ကြောင့်​ပဲ လွတ်​လပ်​​ရေးလှုပ်​ရှားမှု​တွေ ဟာ ဖရိုဖရဲဖြစ်​လာတယ်​။ ဘာသာ​ရေးနဲ့ လူမျိုး​ရေး အစွန်း​ရောက်​တွေရဲ့ မီး​မွှေးမှု​တွေ​ကြောင့်​ ဂိုဏ်းဂဏ ကွဲပြားမှု​တွေဖြစ်​​ပေါ်လာတယ်​။ ဒီအခြင်းအရာ​တွေဟာ ပါကစ္စတန်​နဲ့ အင်​ဒိယကို ကွဲထွက်​သွား​စေမယ့်​ ​ရှေ့​ပြေးနိမိတ်​​တွေပါပဲ။ ဒီ မီး​တွေကို ဂန်​ဒီကိုယ်​တိုင်​လည်း ပါဝင်​ ​​လေပင့်​ခဲ့တယ်​။ ဇာတ်​မြင့်​ ဟိန္ဒူ ​တွေရဲ့ ကိုးကွယ်​ယုံကြည်​မှု​တွေကို ပစား​ပေးတာမျိုး​တွေလုပ်​တယ်​။ လူ​တွေကို ဘာသာ​ရေးအရ ခွဲခြားဆက်​ဆံခဲ့တယ်​။ ဒါ​ကြောင့်​ပဲ ကွန်​ဂရက်​ပါတီဟာ ဇာတ်​မြင့်​ ဟိန္ဒူ ​တွေ ကြီးစိုးတဲ့ ပါတီဖြစ်​​ကြောင်းလူ​တွေသတိထားမိလာပါတယ်​။

၁၉၃၅ မှာ​တော့ အင်​ဒိယဟာ ​ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ကိုရရှိခဲ့ပါတယ်​။ အင်​ပါယာအစိုးရရဲ့ချုပ်​ကိုင်​မှုက​တော့ရှိ​နေတုန်းပါပဲ။ ဒီရလဒ်​ဟာ ဂန်​ဒီရဲ့ ​ခေါင်း​ဆောင်​မှု​ကြောင့်​မဟုတ်​ဘဲ ဆင်းရဲသားလူထုရဲ့ အဆက်​မပြတ်​ ​တောင်းဆိုမှု သူပုန်​ထမှု ​ကြောင့်​သာဖြစ်​တယ်​။

အိန္ဒိယမှ ထွက်​ခွာ​ရေး (quit india ) လှုပ်​ရှားမှုမှာ​တော့ ဂန်​ဒီက လူထုကို ပြတ်​ပြတ်​သားသား လုပ်​​ဆောင်​ကြဖို့တိုက်​တွန်းခဲ့တယ်​။ လူထုကို အကြမ်းဖက်​ကြဖို့ ဆူပူကြဖို့လှုံ့ဆော်​လိုက်​တာဖြစ်​ပြီး လက်​နက်​မဲ့လူထုဟာ ဗြိတိသျှ အစိုးရ ရဲ့ ရက်​စက်​စွာနင်းချေ ခြင်းကိုခံခဲ့ရပါတယ်​။ ဂန်​ဒီဟာ လက်​နက်​ကိုင်​​တော်​လှန်​​ရေးကို ဦး​ဆောင်​ရမယ့်​အစား လူထုကို အ​သေခံခိုင်းခဲ့တာပါ။ ဂန်​ဒီက အင်​ဒိယဘူဇွာ​တွေရဲ့လက်​ထဲ နိုင်​ငံ​ရေးအာဏာ ထည့်​​ပေးချင်​ခဲ့တာပါ။ ဒါ​ပေမဲ့ အလုပ်​သမား လယ်​သမားတွေအ​ပေါ် ထားတဲ့ သူ့ရဲ့​ကြောက်​စိတ်​က သူ့ကို ကိုလိုနီအစိုးရနဲ့ ပူး​ပေါင်းသွား​စေခဲ့တယ်​။ တနည်းအားဖြင့်​​ပြောရရင်​ ဂန်​ဒီက လူထုကို စ​တေးခိုင်းပြီး ဘူဇွာ​တွေလက်​ထဲအာဏာထည့်​​ပေးချင်​တယ်​၊ လူထုအုံကြွလာရင်​​တော့ လူထုလက်​ထဲအာဏာရသွားမှာ စိုးတဲ့အတွက်​ ကိုလိုနီအစိုးရနဲ့ ပြန်​ပူး​ပေါင်းပြန်​တယ်​။ ဒီ လုပ်​ရပ်​​တွေဟာ ​လွတ်​လပ်​​ရေးကို နှစ်​​ပေါင်းများစွာ ​နှောင့်​​နှေး​စေခဲ့ပါတယ်​။

ထ​ရော့စကီးက အင်​ဒိယအလုပ်​သမား​တွေကို ​ပြောခဲ့တာက​တော့
'အင်​ဒိယန်​ ဘူဇွာ​တွေဟာ ​တော်​လှန်​​ရေးကို ဆင်​နွှဲမယ့်​သူ​တွေမဟုတ်​၊ သူတို့ဟာ ဗြိတိန်​အရင်းရှင်​စနစ်​အ​ပေါ် မှီခို​နေကြသူ​တွေဖြစ်​တယ်​၊ သူတို့ရဲ့ ကြွယ်​ဝမှုအတွက်​သူတို့တိုက်​ခိုက်​​​နေကြတာပဲဖြစ်​တယ်​။ ဘူဇွာ​တွေက ဗြိတိန်​အစိုးရနဲ့ အဆင်​​ပြေ​အောင်​ ညှိနှိုင်းမှာပါပဲ၊ ဘာ​တွေပဲ ​ပေးရ​ပေးရ​ပေါ့။ အ​ပေါ်ပိုင်းက​​နေ ပြု ပြင်​​ပေးလာမှာပဲဆိုတဲ့ ယုံကြည်​ချက်​ကို လူ​တွေထဲ ရိုက်​သွင်း​ပေးလိမ့်​မယ်​။ ဒီဘူဇွာ​တွေရဲ့ ​ခေါင်း​ဆောင်​ဟာဂန်​ဒီပဲဖြစ်​တယ်​။ ဂန်​ဒီဟာ အလုပ်​သမားထုရဲ့ ​ခေါင်း​ဆောင်​အတုအ​ယောင်​ပဲ' (ဆက်လက်ဖော်ပြပါမည်)

လင်းကို

(Adapted from 'gandhi: the myths behind the mahatama' by Ravi Mistry)

ကွန်မြူနစ်စာစောင် အတွဲ၁ အမှတ်၁ ပါဆောင်းပါးဖြစ်ပါတယ်။ စာစောင်အပြည့်အစုံကို အောက်ပါလင့်ခ်ကနေ ဆွဲယူဖတ်နိုင်ပါတယ်။ https://my.pcloud.com/publink/show…